The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 12

1ရှမွေလ ကလည်း ၊ သင်တို့ပြော သမျှ သော စကား ကို ငါနားထောင် ၍ ၊ သင် တို့အပေါ် မှာ ရှင် ဘုရင်ကို ငါချီးမြှောက် လေပြီ။

2ယခု မှာ ရှင် ဘုရင်သည် သင် တို့ရှေ့ ၌ ကြွ နေတော်မူ၏။ ငါ သည် အသက် ကြီး၍ ဆံပင် ဖြူပြီ။ ငါ့ သား တို့ သည် သင် တို့၌ ရှိကြ၏။ ငါ သည် ငယ် သော အရွယ်မှစ၍ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ သွား ပြီ။

3ဤအရပ်၌ ယခု ငါ ရှိ ၏။ အဘယ်သူ ၏ နွား ကို ငါယူ ဘူးပြီနည်း။ အဘယ်သူ ၏ မြည်း ကို ယူ ဘူးပြီနည်း။ အဘယ်သူ ကို လှည့်စား ဘူးပြီနည်း။ အဘယ်သူ ကို ညှဉ်းဆဲ ဘူးပြီနည်း။ ကိုယ် မျက်စိ ကိုကွယ် စေခြင်းငှါ အဘယ်သူ လက် မှ တံစိုး ကိုခံ ဘူးပြီနည်း။ ထာဝရဘုရား ရှေ့ ၊ ဘိသိက် တော်ကိုခံသောသူ ရှေ့ မှာ ငါ့ တဘက် ၌ သက်သေခံ ကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန် ပေးပါမည်ဟု ဣသရေလ လူအပေါင်း တို့အား ပြော ဆိုသော်၊

4သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မ လှည့်စား ပါ။ မ ညှဉ်းဆဲ ပါ။ အဘယ်သူ ၏ ဥစ္စာကိုမျှ မ ယူ ပါဟု ပြောဆို ကြ၏။

5ရှမွေလကလည်း၊ သင်တို့သည် ငါ့ လက် ၌ သူတပါး၏ဥစ္စာ ကို ရှာ ၍ မ တွေ့ကြောင်း ကို ထာဝရဘုရား သည် သင် တို့တဘက် ၌ သက်သေ ဖြစ်တော်မူ၏။ ဘိသိက် တော်ကိုခံသောသူလည်း သက်သေ ဖြစ်၏ဟု ဆို လျှင် ၊ သူတို့က၊ သက်သေ ဖြစ်ပါသည်ဟု ဝန်ခံ ကြ၏။

6တဖန် ရှမွေလ က၊ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် ကို ချီးမြှောက်၍ ၊ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ဆောင် ခဲ့တော်မူ၏။

7ယခု တွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရား သည် သင် တို့နှင့် သင် တို့ဘိုးဘေး များ၌ တရား သဖြင့် ပြု တော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့ တော်မှာ သင် တို့အား ငါဆွေးနွေး ဟောပြောမည်။

8ယာကုပ် သည် အဲဂုတ္တု ပြည်သို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး တို့သည် ထာဝရဘုရား အား အော်ဟစ် သောအခါ ၊ မောရှေ နှင့် အာရုန် ကို စေလွှတ် သဖြင့် ဘိုးဘေး တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ၍ ဤ ပြည် ၌ နေရာ ချတော်မူ၏။

9သူ တို့၏ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သောအခါ ၊ ဟာဇော် ဗိုလ်ချုပ် မင်း သိသရ လက် သို့ ၎င်း ၊ ဖိလိတ္တိ လူတို့ လက် သို့ ၎င်း ၊ မောဘ ရှင်ဘုရင် လက် သို့ ၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏တိုက်ဖျက် ခြင်းကိုခံရကြ၏။

10တဖန် သူတို့သည် ထာဝရဘုရား အား အော်ဟစ် လျက် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို စွန့် ၍၊ ဗာလ ဘုရားနှင့် အာရှတရက် ဘုရားတို့ကို ဝတ်ပြု သဖြင့် ပြစ်မှား ပါပြီ။ သို့ရာတွင် ရန်သူ လက် မှ ကယ်ချွတ် တော်မူပါ။ ကိုယ်တော် ကို ဝတ်ပြု ပါမည်ဟု လျှောက် ကြသောအခါ၊

11ထာဝရဘုရား သည် ယေရုဗ္ဗာလ ၊ ဗာရက် ၊ ယေဖသ ၊ ရှမွေလ တို့ကို စေလွှတ် ၍ ၊ ပတ်ဝန်းကျင် ရန်သူ တို့ လက် မှ ကယ်နှုတ် တော်မူသဖြင့် သင်တို့သည် ဘေး လွတ်ရကြ၏။

12နောက် တဖန် အမ္မုန် အမျိုးသား ရှင်ဘုရင် နာဟတ် သည် စစ်ချီမည်အကြောင်းကို သိ သောအခါ ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မ ဟုတ်၊ ရှင် ဘုရင်သည် အကျွန်ုပ် တို့ကို အုပ်စိုး ရမည်ဟု သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ရှင်ဘုရင် လုပ်လျက်ပင်ငါ့ အား လျှောက် ထားကြ၏။

13ယခု မှာ သင်တို့လိုချင် ၍ ရွေးချယ် သော ရှင် ဘုရင်ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် သင် တို့အပေါ် မှာ ရှင်ဘုရင် ဖြစ်စေခြင်းငှါချီးမြှောက် တော်မူပြီ။

14သင်တို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဝတ်ပြု ခြင်းနှင့်တကွအာဏာ တော်ကို မ ဆန် ၊ စကား တော်ကို နားထောင် လျှင် သင် တို့နှင့် သင် တို့ကို အုပ်စိုး သော ရှင် ဘုရင်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ အမြဲလိုက်ကြလိမ့်မည်။

15သို့မဟုတ် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ အာဏာ တော်ကို ဆန် လျှင် ၊ ထာဝရဘုရား ၏ လက် တော်သည် ဘိုးဘေး တို့ကို ဆီးတားသကဲ့သို့ သင် တို့ကို ဆီးတားတော်မူလိမ့်မည်။

16ယခု မှာ သင် တို့မျက်မှောက် ၌ ထာဝရဘုရား ပြု တော်မူလတံ့သော အမှု ကြီး ကို ငြိမ်ဝပ်စွာ နေ ၍ ကြည့်ရှု လော့။

17ယနေ့ ဂျုံ စပါးရိတ် ရာ ကာလဖြစ်သည် မ ဟုတ်လော။ သို့သော်လည်းထာဝရဘုရား ကို ငါဆုတောင်း ၍ မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေတော်မူမည်။ သို့ဖြစ်၍ သင် တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် ထာဝရဘုရား ရှေ့ တော်၌ ပြစ်မှား မိသော အပြစ် သည် ကြီး ကြောင်း ကို ရိပ်မိ သိမြင် ရကြမည် ဟု လူများတို့အား ပြောဆိုပြီးလျှင်၊

18ထာဝရဘုရား ကို ဆုတောင်း ၍ ၊ ထို နေ့၌ ထာဝရဘုရား သည် မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေ တော်မူ၍ ၊ လူ အပေါင်း တို့သည် ထာဝရဘုရား နှင့် ရှမွေလ ကို အလွန် ကြောက်ရွံ့ ကြ၏။

19လူ အပေါင်း တို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မ သေ ရမည်ကြောင်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ကိုယ်တော် ကျွန် တို့အဘို့ ဆုတောင်း တော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် အထက်အပြစ် များတို့အပေါ်မှာ ထပ် ၍ဒုစရိုက် ကို ပြုမိပါပြီဟု ရှမွေလ အား တောင်းပန် ကြ၏။

20ရှမွေလ ကလည်း မ စိုးရိမ် ကြနှင့်။ ဤ ဒုစရိုက် အပေါင်း ကို ပြု မိသော်လည်း ၊ ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှ မ လွှဲ ကြနှင့်။ ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။

21ကျေးဇူး မ ပြု မ ကယ်တင် နိုင်၊ အချည်းနှီး ဖြစ်သော အရာတို့နောက် သို့ လမ်း လွှဲ၍ မ လိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။

22ထာဝရဘုရား သည် မဟာ နာမ တော်ကိုထောက် ၍ မိမိ လူ တို့ကို စွန့် တော်မ မူ။ ထာဝရဘုရား သည် သင် တို့ကို မိမိ လူ အရာ၌ ခန့် ထားခြင်းငှါ အလို ရှိတော်မူပြီ။

23ငါ မူကား သင် တို့အဘို့ ဆု မတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရား ကို ပြစ်မှား ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကောင်းမွန် ဖြောင့်မတ် သော လမ်း ကိုလည်း သင် တို့အား ငါပြသ ဦးမည်။

24သို့ရာတွင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ သစ္စာ နှင့်တကွ စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။ သင် တို့အဘို့ အဘယ် မျှလောက်ပြု တော်မူပြီးသည်ကို အောက်မေ့ ကြလော့။

25သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင် ၊ ရှင်ဘုရင် နှင့်တကွ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်ဟု လူ များတို့အား ပြောဆို လေ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 11Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 13 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031