The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 26

1တဖန် ဇိဖ သားတို့သည် ရှောလု ရှိရာ ဂိဗာ မြို့သို့ လာ ၍၊ ဒါဝိဒ် သည် ယေရှိမုန် မြို့ရှေ့ မှာ ဟခိလ တောင် ၌ ပုန်းရှောင် ၍ နေပါသည်မ ဟုတ်လော ဟု လျှောက် လျှင်၊

2ရှောလု သည် ထ ၍ ရွေးကောက် သော ဣသရေလ လူ သုံး ထောင် ပါ လျက်၊ ဇိဖ တော ၌ ဒါဝိဒ် ကို ရှာ ခြင်းငှါ သွား လေ၏။

3ရှောလု သည် ယေရှိမုန် မြို့ရှေ့ ၊ ဟခိလ တောင် ပေါ် လမ်း နား မှာ တပ်ချ ၏။ ဒါဝိဒ် သည် တော ၌ နေ ၍ ရှောလု လိုက်ရှာ ကြောင်း ကို သိမြင် သောအခါ၊

4သူလျှို တို့ကို စေလွှတ် ၍ ရှောလု ရောက် ကြောင်း ကို အတပ် သိ ၏။

5ထိုအခါ ဒါဝိဒ် သည် ထ သွား၍ ၊ ရှောလု တပ်ချ ရာ အရပ် သို့ ရောက် သဖြင့် ၊ ရှောလု နှင့် ဗိုလ်ချုပ် မင်း နေရ ၏သား အာဗနာ အိပ် ရာ အရပ် ကို ကြည့်ရှု လေ၏။ ရှောလု သည် ရထားတပ်အလယ် ၌ အိပ် လျက် ၊ တပ်သားတို့သည် ပတ်လည် ၌ နေရာ ကျကြ၏။

6ဒါဝိဒ် ကလည်း ၊ ရှောလု ရှိရာ တပ် သို့ ငါ နှင့်အတူ အဘယ်သူ လိုက် မည်နည်းဟု ဟိတ္တိ အမျိုးသားအဟိမလက် နှင့် ဇေရုယာ ၏သား ယွာဘ ညီ အဘိရှဲ တို့ကို မေး လျှင် ၊ အဘိရှဲ က ကျွန်တော်လိုက် ပါမည်ဟု လျှောက် သည်အတိုင်း၊

7ဒါဝိဒ် နှင့် အဘိရှဲ တို့သည် ညဉ့် အခါ တပ်သား များရှိရာသို့ သွား ၍ ရှောလု သည် ရထားတပ်အလယ် ၌ အိပ်ပျော် လျက် ၊ လှံ တော်သည် ခေါင်းရင်း အနား မြေ ၌ စိုက် လျက် ၊ အာဗနာ နှင့် တပ်သား များတို့သည် ပတ်လည် ၌အိပ် လျက်ရှိကြ၏။

8အဘိရှဲ ကလည်း ၊ ဘုရား သခင်သည် ကိုယ်တော် ၏ ရန်သူ ကို ကိုယ်တော် လက် ၌ ယနေ့ အပ် တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေ တိုင်အောင် လှံ နှင့် တချက်တည်း ထိုး ပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ် ချက်တိုင်အောင်မ ထိုးပါဟု ဒါဝိဒ် ကို လျှောက် သော်လည်း၊

9ဒါဝိဒ် ကသူ့ ကို မ ပြု နှင့်။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို အဘယ်သူ အပြစ် လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲ အား ပြန်ဆို ၏။

10တဖန် ဒါဝိဒ် က၊ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း၊ ဒဏ်ခတ် တော်မူမည်။ သို့မဟုတ် သူသေ ချိန် ရောက် လိမ့်မည်။ သို့မဟုတ် စစ်တိုက် ရာ၌ အသက် ဆုံးလိမ့်မည်။

11ထာဝရဘုရား ပေးတော်မူသောဘိသိက် ခံသူကို ငါ မထိခိုက် မည်အကြောင်းထာဝရဘုရား ဆီးတား တော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်း တော်နားမှာရှိသော လှံ တော်နှင့် ရေ ဘူး ကို ယူ ၍ သွား ကြကုန်အံ့ဟု ဆို လျက်၊

12လှံ တော်နှင့် ရေ ဘူး ကို ရှောလု ခေါင်းရင်း နားက ယူ ၍ သွား ကြ၏။ အဘယ်သူ မျှမသိ မ မြင် ၊ အဘယ်သူ မျှမနိုး ၊ ကြီးစွာ သော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူ အပေါင်း တို့သည် အိပ်ပျော် ကြ၏။

13ထိုအခါ ဒါဝိဒ် သည် ကျယ်သောချိုင့် တစ်ဘက် သို့ကူး ၍၊ ဝေး သော တောင် ထိပ် အပေါ် မှာရပ် လျက်၊

14အိုအာဗနာ ၊ သင်သည် မ ထူး သလောဟုလူ များနှင့် နေရ သား အာဗနာ ကို ဟစ် လေ၏။ အာဗနာ က၊ ရှင်ဘုရင် ကို ဟစ် သောသင် ကား အဘယ်သူ နည်းဟု ပြန် ၍မေးလျှင်၊

15ဒါဝိဒ် က၊ သင် သည်ယောက်ျား မ ဟုတ်လော။ ဣသရေလ အမျိုး၌ သင် နှင့်အဘယ်သူ တူ သနည်း။ သို့ဖြစ်၍ သင် ၏သခင် ရှင်ဘုရင် ကို အဘယ်ကြောင့် မ စောင့် သနည်း။ သင် ၏သခင် ရှင် ဘုရင်ကိုသတ် အံ့သောငှါ လူ တယောက် ဝင် လေပြီ။

16သင်ပြု သော အမှု သည် မ လျောက်ပတ်။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသင် ၏သခင် ကို မ စောင့် သောကြောင့်၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သင် သည် အသေ ခံထိုက်ပေ၏။ ခေါင်းရင်း တော်နားမှာထား သော ရှင်ဘုရင် ၏ လှံ တော်နှင့် ရေ ဘူး တော်ရှိသည် မရှိသည်ကို ကြည့်ရှု လော့ဟု အာဗနာ အား ပြောဆို ၏။

17ရှောလု သည် ဒါဝိဒ် စကား သံကို သိ ၍ ငါ့ သား ဒါဝိဒ် ၊ ငါကြားသော စကားသံသည် သင့် စကား သံလော ဟု မေး လျှင် ဒါဝိဒ် က ကျွန်တော် စကား သံမှန်ပါ၏၊ ကျွန်တော် သခင် အရှင်မင်းကြီး ဟု လျှောက် လေ၏။

18တဖန် ဒါဝိဒ်က၊ သခင် သည် ကိုယ်တော် ကျွန် ကို အဘယ်ကြောင့် ဤသို့ လိုက် ၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ ပြု ပါသနည်း။ ကျွန်တော် ၌ အဘယ် အပြစ် ရှိပါသနည်း။

19ယခု မှာ ကျွန်တော် သခင် ရှင်ဘုရင် ၊ ကိုယ်တော် ကျွန် စကား ကို နားညောင်း တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် ကို ကျွန်တော် တစ်ဘက် ၌ နှိုးဆော် တော်မူသည် မှန်လျှင် ၊ ယဇ် ပူဇော်ခြင်းကို လက်ခံ တော်မူပါစေသော။ သို့မဟုတ် လူ သား တို့သည် နှိုးဆော်သည် မှန်လျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ကျိန် ခြင်းကိုခံ ကြပါစေသော။ အကြောင်း မူကား၊ သူတို့က သွား တော့။ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု တော့ဟု ဆို လျက် ကျွန်တော် ကို ထာဝရဘုရား ၏ အမွေ တော်မြေ၌ မနေစေခြင်းငှါယနေ့ ပင် နှင်ထုတ် ကြပါသည်တကား။

20သို့ဖြစ်၍ ကျွန်တော် အသွေး သည် ထာဝရဘုရား ရှေ့ တော်၌ မြေ သို့ မ ကျ ပါစေနှင့်။ အကြောင်း မူကား၊ လူသည် ငုံး ကို တောင် ပေါ် မှာလိုက် ၍ ရှာသကဲ့သို့ ဣသရေလ ရှင် ဘုရင်သည် ခွေးလှေး ကို ရှာ ခြင်းငှါ ထွက် တော်မူပါပြီတကားဟု လျှောက်ဆို ၏။

21ရှောလု ကလည်း ငါပြစ်မှား ပါပြီ။ ငါ့ သား ဒါဝိဒ် ပြန် လာပါ။ သင် သည် ယနေ့ ငါ့ အသက် ကို နှမြော သောကြောင့် ၊ နောက် တဖန် သင့် ကို ငါမ ညှဉ်းဆဲ။ ငါသည် လူမိုက် ဖြစ်၏။ အလွန် မှားယွင်း ပြီဟု ဆို သော်၊

22ဒါဝိဒ် က၊ ရှင်ဘုရင် လှံ တော်ရှိပါ၏။ လုလင် တယောက် လာ ၍ ယူ စေတော်မူပါ။

23လူ အသီးအသီးတို့သည် ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရား သည် အကျိုးကို ဆပ်ပေး တော်မူပါစေသော။ ထာဝရဘုရား သည် ယနေ့ ကိုယ်တော် ကို ကျွန်တော်လက် ၌ အပ် တော်မူသော်လည်း ထာဝရဘုရား ပေးတော်မူသောဘိသိက် ခံသူကို ကျွန်တော်မ ထိ မခိုက်ပါ။

24ယနေ့ ကိုယ်တော် အသက် ကို ကျွန်တော်နှမြော သည် နည်းတူ ကျွန်တော် အသက် ကို ထာဝရဘုရား နှမြော ၍ ကျွန်တော် ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူပါစေသောဟု ပြန် လျှောက်လျှင်၊

25ရှောလု က၊ ငါ့ သား ဒါဝိဒ် ၊ သင် သည် မင်္ဂလာ ရှိပါစေသော။ ပြု လေရာရာ၌ အောင်မြင် ပါစေသောဟု ဒါဝိဒ် အား ဆို ပြီးမှ ဒါဝိဒ် သည် ထွက်သွား ၍ ရှောလု သည်လည်း မိမိ နေရာ သို့ ပြန် လေ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 25Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 27 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 26

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031