The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 24

1ရှောလု သည်လည်း ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာသောအခါ ၊ ဒါဝိဒ် သည် အင်္ဂေဒိ တော ၌ ရှိ ပါ၏ဟု ကြား လျှောက်ကြလျှင်၊

2ဣသရေလ အမျိုးသားအပေါင်း တို့တွင် ရွေးကောက် သော လူ သုံး ထောင် တို့ကို ခေါ် ၍ ၊ တောဆိတ် နေရာ ကျောက် တောင်တို့အပေါ် မှာ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ရှာ အံ့သောငှါ သွား လေ၏။

3လမ်း နား မှာ သိုး ခြံ ရှိရာသို့ ရောက် ၍ ဥမင် ကို တွေ့သဖြင့် ၊ ရှောလု သည် အိပ်မည်ဟု ဝင် လေ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ထိုဥမင် နံဖေးတစ်ဘက်တချက် ၌ နေ ကြ၏။

4ဒါဝိဒ် ၏လူ တို့ကလည်း ၊ ထာဝရဘုရား က၊ သင် ၏ရန်သူ ကို သင့် လက် ၌ ငါ အပ် မည်။ သူ ၌ သင်ပြု ချင်တိုင်း ပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော် အား မိန့် တော်မူသော နေ့ရက် ရောက်ပါပြီဟု ဆို ကြလျှင် ၊ ဒါဝိဒ် သည် ထ ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီ အောက် ပိုင်းကို တိတ်ဆိတ် စွာ လှီးဖြတ် လေ၏။

5ထိုသို့ ရှောလု ၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့် ၊ ဒါဝိဒ် သည် နောက်တဖန် နောင်တရ၍၊

6ထာဝရဘုရား ပေးတော်မူသောဘိသိက် ကိုခံသောငါ အရှင် သည်၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသူဖြစ်သောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါ လက် ဆန့် သော အမှု ကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု မိမိ လူ တို့အား ဆို သဖြင့်၊

7ရှောလု ကို ထိခိုက် စေခြင်းငှါ အခွင့် မ ပေးမြစ်တားလေ၏။ ရှောလု သည်လည်း ထ ၍ ဥမင် ထဲက ထွက်သွား လေ၏။

8ထိုနောက် ဒါဝိဒ် သည် ထ ၍ ဥမင် ထဲက ထွက် လျက် ၊ ကျွန်တော် ၏ သခင် အရှင်မင်းကြီး ဟု ရှောလု နောက် ၌ ဟစ် သဖြင့် ၊ ရှောလု သည် နောက် သို့ကြည့် သောအခါ ၊ ဒါဝိဒ် သည် မြေ ပေါ်၌ ဦးချ ၍ ပြပ်ဝပ် လျက်၊

9ဒါဝိဒ် သည် ကိုယ်တော် ၏အကျိုးကို ဖျက် ခြင်းငှါရှာကြံ သည်ဟု လူ အချို့ပြောသောစကား ကို အဘယ်ကြောင့် နားထောင် တော်မူသနည်း။

10ယနေ့ ထာဝရဘုရား သည် ဥမင် ထဲမှာ ကိုယ်တော် ကို ကျွန်တော် လက် ၌ အပ် တော်မူကြောင်း ကို ကြည့်ရှု တော်မူပါ။ အသက်တော်ကိုသတ် စေခြင်းငှါ အချို့တို့သည် တိုက်တွန်း သော်လည်း ၊ ကျွန်တော်သည် နှမြော သောစိတ် ရှိ၍ ၊ ငါ့ အရှင် သည် ထာဝရဘုရား ၏ ဘိသိက် ခံသူ ဖြစ်တော်မူသောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါသည် လက် ကို မ ဆန့် ဟု အကြံရှိပါ၏။

11ထိုမှတပါး ကျွန်တော် အဘ ကြည့်ရှု တော်မူပါ။ ကျွန်တော် လက် ၌ အင်္ကျီ တော်အောက် ပိုင်းကို ကြည့်ရှု တော်မူပါ။ အသက်တော်ကို မ သတ် ၊ အင်္ကျီ တော်အောက် ပိုင်းကို လှီးဖြတ် ရုံမျှသာပြုသောကြောင့် ၊ ကျွန်တော်၌ ဒုစရိုက် အပြစ်မရှိ။ လွန်ကျူး ခြင်းအပြစ်မ ရှိကြောင်း ကို သိမြင် တော်မူပါ။ ကိုယ်တော် ကို မ ပြစ်မှား ပါ။ သို့သော်လည်း ကျွန်တော် အသက် ကိုသတ် အံ့သောငှါ လိုက်၍ ရှာ တော်မူပါသည်တကား။

12ထာဝရဘုရား သည် ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကျွန်တော် အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေး တော်မူပါစေသော။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။

13ရှေး ပုံ စကားလာ သည်အတိုင်း ၊ ဆိုး သောသူလက်မှ ဆိုး သောအမှုထွက် တတ်၏။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။

14ဣသရေလ ရှင် ဘုရင်သည် အဘယ်သူ ၏အတွက်ကြောင့် ကြွလာ တော်မူသနည်း။ ကိုယ်တော် သည် အဘယ်သူ ကို လိုက် ၍ ရှာတော်မူသနည်း။ ခွေး သေ ကောင်ကို လိုက် ၍ ရှာတော်မူသလော။ ခွေးလှေး ကို လိုက် ၍ရှာတော်မူသလော။

15သို့ဖြစ်၍ ထာဝရဘုရား သည် တရားသူကြီး လုပ် တော်မူပါစေသော။ ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကြည့်ရှု ၍ ကျွန်တော် အမှု ကို စောင့် သဖြင့် ၊ ကျွန်တော် ကို ကိုယ်တော် လက် မှ ကယ်လွှတ် တော်မူပါစေသောဟု ရှောလု အား လျှောက်ဆို ၏။

16ထိုသို့ ဒါဝိဒ် သည် ရှောလု အား အကုန်အစင် လျှောက်ဆို ပြီးမှ ၊ ရှောလု က ငါ့ သား ဒါဝိဒ် ၊ ငါကြားသော စကားသံသည် သင့် စကား သံလောဟုမေး လျက် အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။

17တဖန် လည်း၊ သင် သည် ငါ့ ထက် သာ၍တရား စောင့်၏။ သင့် အကျိုးကို ငါ ဖျက် သော်လည်း ၊ သင် သည် ငါ ၌ အကျိုး ကျေးဇူးပြု ပြီ။

18ငါ ၌ အဘယ်သို့ကျေးဇူး ပြု သည်ကို သင်သည် ယနေ့ ပြ ပြီ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ငါ့ ကို သင့် လက် ၌ အပ် တော်မူသော်လည်း ၊ သင်သည် မ သတ် ဘဲနေပါသည်တကား။

19လူ သည် ရန်သူ ကို တွေ့ လျှင် ချမ်းသာ စွာ လွှတ် လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ ၌ ယနေ့ ပြု သောကျေးဇူး ကို ထာဝရဘုရား ဆပ် တော်မူပါစေသော။

20ယခု မှာ သင်သည် စင်စစ်ရှင် ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံ သည် သင့် လက် ၌ တည် လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ ၏။

21သို့ဖြစ်၍ သင်သည် ငါ ၏သားစဉ် မြေးဆက်တို့ကို မ သုတ်သင် ၊ ငါ့ အဆွေအမျိုး ထဲက ငါ ၏နာမ ကို မ ပယ်ရှင်း မည်အကြောင်းထာဝရဘုရား ကို တိုင်တည် ၍ ငါ့ အား ကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ် အား ဆို ပြီးမှ၊

22ဒါဝိဒ် သည် ရှောလု အား ကျိန်ဆို ခြင်းကိုပြု၍ ရှောလု သည် မိမိ နေရာ သို့ သွား ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည်လည်း ခိုင်ခံ့ သောအရပ်သို့ သွား ကြ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 23Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 25 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 24

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031