The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 28

1ထို ကာလ ၌ ဖိလိတ္တိ လူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက် အံ့သောငှါ ဗိုလ်ခြေ များကို စုဝေး ကြ၏။ အာခိတ် မင်းကလည်း ၊ သင် သည် လူ များပါလျက် ငါ နှင့် လိုက်၍စစ်တိုက်သွား ရမည်ကို ဆက်ဆက်သဘောကျ လော့ဟု ဒါဝိဒ် အား ဆို လျှင်၊

2ဒါဝိဒ် က၊ အကယ်စင်စစ် ကိုယ်တော် ကျွန် သည် အဘယ်သို့ ပြု နိုင်သည်ကို ကိုယ်တော် သည် သိ တော်မူလိမ့်မည်ဟု လျှောက် သော် ၊ အာခိတ် မင်းက၊ သို့ဖြစ်၍သင့် ကို ငါ့အသက် စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့် မည်ဟုပြန်ပြော ၏။

3ထိုကာလ၌ ရှမွေလ မရှိသေ လွန်ပြီ။ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုလျက် ၊ သူ့ ကိုသူ နေရင်း ရာမ မြို့ ၌ သင်္ဂြိုဟ် ကြပြီ။ ရှောလု သည် စုန်း နှင့် နတ်ဝင် ပေါင်းတို့ကို တပြည်လုံး တွင် သုတ်သင် ပယ်ရှင်းနှင့်ပြီ။

4ထိုအခါ ဖိလိတ္တိ လူတို့သည် စုဝေး ၍ ရှုနင် မြို့မှာ တပ်ချ ကြ၏။ ရှောလု သည်လည်း ဣသရလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ သူတို့သည် ဂိလဗော မြို့မှာ တပ်ချ ကြ၏။

5ရှောလု သည် ဖိလိတ္တိ လူအလုံးအရင်း ကို မြင် သောအခါ ကြောက် ၍ အလွန် တုန်လှုပ် သော စိတ် နှလုံးရှိ၏။

6ထာဝရဘုရား ကို မေးလျှောက် သော်လည်း ထာဝရဘုရား သည် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ၎င်း ၊ ဥရိမ် အားဖြင့် ၎င်း ၊ ပရောဖက် အားဖြင့် ၎င်း ထူးတော်မမူ။

7ထိုအခါ ရှောလု က၊ နတ်ဝင် မိန်းမ ကို ရှာ ကြလော့။ ငါသွား ၍ မေးမြန်း မည်ဟု ကျွန် တို့အား ဆို သည်အတိုင်း ၊ ကျွန် တို့က အင်္ဒေါရ မြို့မှာ နတ်ဝင် မိန်းမ တယောက်ရှိပါ၏ဟု လျှောက် သော်၊

8ရှောလု သည် အဝတ် လဲ၍ ထူးခြားသော အယောင် ကို ဆောင်လျက် ၊ ညဉ့် အခါ လူ နှစ် ယောက်နှင့်တကွ ထိုမိန်းမ ဆီသို့ သွား ၍ ရောက် ပြီးလျှင် ၊ သင်ပေါင်းသော နတ် ကို အမှီပြု၍ သင့် အား ငါပြော မည့်သူ ကို ဘော် ပါလော့ဟု တောင်းပန် လေ၏။

9မိန်းမ ကလည်း ၊ ရှောလု ပြု သော အမှု၊ စုန်း နှင့် နတ်ဝင် တို့ကို တပြည်လုံး တွင် သုတ်သင် ဖယ်ရှင်းသော အမှုကို သင်သည် သိ လျက်နှင့် ငါ့ ကို သေ စေခြင်းငှါ အဘယ်ကြောင့် ငါ့ အသက် ကို ကျော့စမ်း သနည်းဟု ပြန်ပြော သော်၊

10ရှောလု က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ဤ အမှု ကြောင့် အဘယ်အပြစ် မျှ မ ရောက် ရဟု ထာဝရဘုရား ကို တိုင်တည် ၍ ကျိန်ဆိုလေ၏။

11မိန်းမ ကလည်း ၊ အဘယ်သူ ကို ငါဘော် ရမည်နည်းဟုမေး လျှင် ၊ ရှောလုက၊ ရှမွေလ ကို ဘော် ပါဟု ဆို ၏။

12မိန်းမ သည် ရှမွေလ ကို မြင် သောအခါ ကြီး သောအသံ နှင့် အော်ဟစ် ၍ ၊ ကိုယ်တော်သည် ကျွန်မ ကို အဘယ်ကြောင့် လှည့်စား သနည်း။ ကိုယ်တော် သည် ရှောလု ဖြစ်ပါ၏ဟု ရှောလု အား ဆို လျှင်၊

13ရှင် ဘုရင်က မ စိုးရိမ် နှင့်။ အဘယ် အရာကို မြင် သနည်းဟုမေး သော် ၊ မိန်းမ က၊ မြေကြီး ထဲက ဘုရား တက်လာ သည်ကို ကျွန်မမြင် ပါသည်ဟု လျှောက် ၏။

14အဘယ်သို့ သော အယောင် ဆောင်သနည်းဟုမေး ပြန်သော် ၊ လူ အို တက်လာ ပါ၏။ ဝတ်လုံ ခြုံ လျက် ရှိပါ၏ဟု လျှောက် ပြန်လျှင် ၊ ရှမွေလ ဖြစ်ကြောင်း ကို ရှောလု သည် ရိပ်မိ လျှင် မြေ ပေါ် ၌ ဦးညွှတ် ပြပ်ဝပ်လျက် နေ၏။

15ရှမွေလ ကလည်း ၊ သင်သည် ငါ့ ကို နှောက်ရှက် လျက် အဘယ်ကြောင့် ဘော် သနည်းဟု ရှောလု ကို မေး သော် ၊ ရှောလု က၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိ လူတို့သည် စစ်တိုက် ကြပါ၏။ ဘုရား သခင်သည် အကျွန်ုပ် ကို စွန့် တော်မူပြီ။ ပရောဖက် အားဖြင့် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ ပြု ရမည်ကို၊ ကိုယ်တော် ပြ စေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ် ပါပြီဟု ပြောဆို ၏။

16ရှမွေလ ကလည်း ၊ ထာဝရဘုရား သည် သင့် ကို စွန့် ၍ သင့် ရန်ဘက် ဖြစ် တော်မူသည် မှန်လျှင် ၊ ငါ့ ကို အဘယ်ကြောင့် မေးမြန်း သေးသနည်း။

17ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော်မူသည်အတိုင်း သင်၌ပြု တော်မူပြီ။ ထာဝရဘုရား သည် ဤနိုင်ငံ ကို သင့် လက် မှ နှုတ် ၍ ၊ သင့် အိမ်နီးချင်း ဒါဝိဒ် အား ပေး တော်မူပြီ။

18အကြောင်းမူကား၊ သင်သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ ပြင်းစွာ သော အမျက် တော်ကို အာမလက် အမျိုး၌ မ စီရင် သောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု ကို ယနေ့ သင် ၌ ရောက်စေတော်မူပြီ။

19ထိုမှတပါး သင် နှင့် ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် ၌ အပ် တော်မူမည်။ နက်ဖြန် နေ့ သင် နှင့် သင် ၏သား တို့သည် ငါ နှင့်အတူ ရှိလိမ့်မည်။ ထာဝရဘုရား သည် ဣသရေလ လူ အလုံးအရင်း ကို ဖိလိတ္တိ လူတို့လက် ၌ အပ် တော်မူမည်ဟု ဆို ၏။

20ထိုအခါ ရှောလု သည် မြေ ပေါ် မှာ အလျား ပြပ်ဝပ် လဲနေ၍ ၊ ရှမွေလ စကား ကြောင့် အလွန် ကြောက်ရွံ့ ၏။ တနေ့ နှင့် တညဉ့်လုံး အဘယ်အစာ ကိုမျှ မ စား ဘဲနေသောကြောင့်အား ကုန်ပြီ။

21ထိုမိန်းမ သည်လာ ၍ ရှောလု အလွန် စိတ်ညစ် သည်ကို မြင် လျှင် ၊ ကိုယ်တော် ကျွန် မသည် ကိုယ်တော် စကား ကို နားထောင် ပါပြီ။ ကိုယ် အသက် ကို မနှမြောဘဲ ကိုယ်တော် မိန့် တော်မူသော စကား ကို နားထောင် ပါပြီ။

22သို့ဖြစ်၍ ယခု ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါ။ စားစရာ အနည်းငယ် ကို ရှေ့ တော်၌ တင် ပါရစေ။ ကိုယ်တော်ကြွ သွားသောအခါ အား ပြည့်စေခြင်းငှါစား တော်ခေါ်ပါဟု လျှောက် သော်လည်း၊

23ရှောလုက ငါမ စား ဟု ငြင်းပယ် လေ၏။ သို့ရာတွင် ကျွန် တို့သည် မိန်းမ နှင့် ဝိုင်း၍ အနိုင် ပြုကြသဖြင့် ၊ ရှောလုသည် သူ တို့စကား ကို နားထောင် ၍ မြေ ပေါ်က ထ ပြီးလျှင် ခုတင် ပေါ် မှာ ထိုင် လေ၏။

24ထိုမိန်းမ သည် မိမိအိမ် ၌ ဆူ အောင်ကျွေးသော နွား ကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ် လေ၏။ မုန့်ညက် ကိုလည်း ယူ ၍ နယ် သဖြင့် ၊ တဆေးမဲ့ မုန့်ကို ဖုတ် ပြီးမှ၊

25ရှောလု နှင့် ကျွန် များတို့ ရှေ့ ၌ တင် လေ၏။ သူတို့သည် စား ၍ ထို ညဉ့် တွင် ထ သွား ကြ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 27Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 29 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 28

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031