The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 8

1ရှမွေလ သည် အသက် ကြီးသောအခါ ၊ မိမိ သား တို့ကို ဣသရေလ အမျိုး၌ အုပ်စိုး ရသောအခွင့်နှင့် ခန့်ထား ၏။

2သားဦး အမည် ကား ယောလ ၊ ဒုတိယ သားအမည် ကား အဘိရ တည်း။ ထိုသူတို့သည် ဗေရရှေဘ မြို့၌ တရားသူကြီး လုပ်ကြ၏။

3သို့ရာတွင် အဘလမ်း သို့ မ လိုက်။ ငွေ ကို တပ်မက်သောစိတ် နှင့် လွဲ သွား၍ တံစိုး စားလျက် တရား ကို ဖျက် ကြ၏။

4ထိုအခါ ဣသရေလ အမျိုး အသက် ကြီးသူအပေါင်း တို့သည် စည်းဝေး ၍ ၊ ရှမွေလ ရှိရာ အရပ် ရာမ မြို့သို့ လာ ပြီးလျှင်၊

5ကိုယ်တော် သည် အသက် ကြီးပါ၏။ ကိုယ်တော် ၏သား တို့သည် ကိုယ်တော် လမ်း သို့ မ လိုက် ကြပါ။ လူမျိုး အပေါင်း တို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကို ချီးမြှောက် ပါ လော့ဟု လျှောက် ကြ၏။

6ထိုသို့ အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကိုပေး ပါလော့ဟု လျှောက် သောအမှု ကို ရှမွေလ သည် မ နှစ်သက်သောကြောင့် ထာဝရဘုရား အား ဆုတောင်း လေ၏။

7ထာဝရဘုရား ကလည်း ၊ သင့် အား လူ များတို့ ပြော ဆိုသမျှ သော စကား ကို နားထောင် လော့။ သူတို့ သည် သင့် ကိုသာ မ ပယ် ၊ ငါသည် သူ တို့ကို မအုပ်စိုး စေခြင်းငှါငါ့ ကိုလည်းပယ် ကြပြီ။

8သူတို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့သောနေ့ မှစ၍ ယနေ့ တိုင်အောင် ငါ့ ကိုစွန့် ၍ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု သဖြင့် ကျင့် မိသမျှ သော အကျင့် အတိုင်း သင် ၌ လည်း ပြု ကြ၏။

9ယခု မှာ သူ တို့စကား ကို နားထောင် လော့။ သို့ရာတွင် သတိ ပေး၍ သူ တို့ကို အုပ်စိုး သော ရှင်ဘုရင် ၏ ထုံးစံ ကို ပြ လော့ဟု မိန့် တော်မူ၏။

10ရှမွေလ သည်လည်း ၊ ရှင်ဘုရင် ကို တောင်း သောသူတို့အား ထာဝရဘုရား အမိန့် တော်ရှိသမျှ ကို ပြန်ပြော ၍၊

11သင် တို့ကို အုပ်စိုး သော ရှင်ဘုရင် ၏ ထုံးစံ ဟူမူကား ၊ သင် တို့သား များကိုယူ ၍ မိမိ ရထား ထိန်း၊ မြင်း ထိန်းအရာ၌ ခန့် ထား၍ ၊ အချို့တို့သည်လည်း သူ ၏ရထား ရှေ့ မှာ ပြေး ရကြမည်။

12လူတထောင် အုပ် ၊ တရာအုပ်၊ ငါး ဆယ်အုပ် ၊ တဆယ်အုပ်အရာ၌ ခန့် ထား၍၊ လယ် လုပ်ခြင်း၊ စပါး ရိတ် ခြင်း၊ စစ် တိုက်တန်ဆာ ၊ ရထား တန်ဆာ ကိုလုပ် ခြင်း အမှုများကို ဝေဖန်လိမ့်မည်။

13သင် တို့သမီး များကိုလည်း ယူ ၍၊ ခဲဘွယ် စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ ၎င်း ၊ စားတော်ကဲ ၊ မုန့် သည် ဖြစ်စေခြင်းငှါ ၎င်း ခန့်ထားလိမ့်မည်။

14သင် တို့လယ်ကွက် ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ် အကောင်းဆုံး တို့ကို ယူ ၍ မိမိ ကျွန် တို့အား ပေး လိမ့်မည်။

15သင် တို့မျိုးစေ့ စပျစ်သီး ဆယ်ဘို့ တဘို့ကို ယူ၍ သူ ၏အရာရှိ အမှုထမ်း တို့အား ပေး လိမ့်မည်။

16သင် တို့ကျွန် ၊ ကျွန် မ၊ အကောင်းဆုံး သော လုလင် ၊ မြည်း များကို ယူ ၍ သူ ၏ အမှု ကို လုပ်ကိုင် စေ လိမ့်မည်။

17သင် တို့သိုးစု ဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင် တို့သည် သူ ၏ ကျွန် ခံရ ကြမည်။

18သင် တို့ရွေး ယူသော ရှင်ဘုရင် ကြောင့် ၊ ထို နေ့၌ သင်တို့အော်ဟစ် သော်လည်း ၊ ထာဝရဘုရား သည် နားထောင် တော်မ မူဟု သတိပေးလေ၏။

19သို့သော်လည်း လူ များတို့က၊ မ ဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင် ကို လိုချင်ပါ၏။

20အကျွန်ုပ် တို့သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူမည်အကြောင်းအကျွန်ုပ် တို့ကို အုပ်စိုး သော ရှင်ဘုရင် ရှိရမည်။ အကျွန်ုပ် တို့ရှေ့ မှာ ထွက် ကြွ၍ စစ် တိုက်ရမည်ဟု ရှမွေလ ၏ စကား ကို နား မထောင်ဘဲ ဆို ကြ၏။

21ထိုသူတို့၏ စကား များကို ရှမွေလ သည် ကြား လျှင် ၊ ထာဝရဘုရား ရှေ့တော်၌ လျှောက် လေ၏။

22ထာဝရဘုရား ကလည်း ၊ သူ တို့စကား ကို နားထောင် ၍ သူ တို့အဘို့ ရှင် ဘုရင်ကို ချီးမြှောက်လော့ဟု မိန့် တော်မူသဖြင့် ၊ ရှမွေလ က၊ သင်တို့အသီးအသီး နေရာ မြို့ ရွာသို့ ပြန် သွားကြလော့ဟု ဣသရေလ လူ တို့အား ပြော ဆိုလေ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 7Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 9 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 8

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031