The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 19

1ထို့ကြောင့် ရှောလုသည် ဒါဝိဒ် ကိုသတ် စေခြင်းငှါ ၊ သား တော်ယောနသန် နှင့် မိမိ ကျွန် အပေါင်း တို့ကို မှာ ထားလေ၏။

2သား တော်ယောနသန် သည် ဒါဝိဒ် ကို အလွန် ချစ် ၍ ၊ ငါ့ အဘ ရှောလု သည် သင့် ကို သတ် ခြင်းငှါ ရှာကြံ ၏။ သို့ဖြစ်၍ နံနက် တိုင်အောင်ကိုယ်ကို သတိပြု သဖြင့် ဆိတ်ကွယ် ရာအရပ်၌ ပုန်းရှောင် ၍ နေ ပါလော့။

3ငါ ထွက် ၍ သင် ရှိရာတော ၌ ငါ့ အဘ ထံ ခစား လျက် ၊ သင့် အမှု၌ စကားပြော မည်။ တွေ့မြင် သမျှကို သင့် အား ငါပြန် ကြားမည်ဟု ဒါဝိဒ် အား ပြောဆို ၏။

4ယောနသန် သည် အဘ ရှောလု ထံ၌ ၊ ဒါဝိဒ် ဘက်မှာပြော ၍၊ ရှင် ဘုရင်သည် ကျွန် တော်ဒါဝိဒ် ကို မ ပြစ်မှား ပါစေနှင့်။ သူသည်ကိုယ်တော် ကို မ ပြစ်မှား ပါ။ ကိုယ်တော် ၌ အလွန် ကျေးဇူး ပြုပါပြီ။

5မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိ လူကိုသတ် ၍ ထာဝရဘုရား သည် ဣသရေလ အမျိုးတမျိုးလုံး အဘို့ ကြီးစွာ သော ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကိုယ်တော်သည် မြင် ၍ ဝမ်းမြောက် ပါ၏။ သို့ဖြစ်၍ အကြောင်း မရှိဘဲ ဒါဝိဒ် ကိုသတ် သဖြင့် အဘယ်ကြောင့် အပြစ် မရှိသောသူ၏ အသက်ကိုသတ် သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆို သော်၊

6ရှောလု သည် ယောနသန် ၏ စကား ကို နားထောင် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူသည် အသေ မ ခံရဟု ကျိန်ဆို လေ၏။

7ယောနသန် သည် ဒါဝိဒ် ကို ခေါ် ၍ အကြောင်း အရာ၊ အလုံးစုံ တို့ကို ပြော ပြီးမှ ၊ ရှောလု ထံသို့ သွင်း ပြန်၍ အထံ တော်၌ အရင် နေသကဲ့သို့ နေ ရ၏။

8တဖန် စစ်မှု ပေါ် ပြန်သောအခါ ၊ ဒါဝိဒ် ထွက် ၍ ဖိလိတ္တိ လူတို့ကို တိုက် လျက် ၊ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် ၍ သူတို့သည် ပြေး ကြ၏။

9ရှောလု သည် လှံ တိုကို ကိုင်၍နန်းတော် ၌ ထိုင် စဉ်တွင်၊ ထာဝရဘုရား ထံတော်မှ ဆိုး သောဝိညာဉ် သက်ရောက် ၍ ၊ ဒါဝိဒ် သည် စောင်းတီး လျက်နေသောအခါ၊

10သူ့ကိုလှံ တိုနှင့် ထရံ နားမှာ ထိုး စမ်းသော်လည်း ၊ အထံ တော်မှ ရှောင်ပြေး သဖြင့် လှံ တိုသည် ထရံ ကို စူး လျက် နေ၏။ ဒါဝိဒ် သည် ပြေး ၍ ထို ညဉ့် ကို လွတ် ရ၏။

11ရှောလု သည် သူ့ ကို စောင့် ၍ နံနက် ချိန်၌ သတ် စေခြင်းငှါ သူ့အိမ် သို့ လူ ကို လွှတ် စေ၏။ ဒါဝိဒ် မယား မိခါလ က၊ သင် သည် ယနေ့ည မှာ ကိုယ် အသက် ကို မ ကယ်မ လျှင် ၊ နက်ဖြန် နေ့၌ အသေ ခံရလိမ့်မည်ဟု ဆို လျက်၊

12ဒါဝိဒ် ကို ပြတင်းပေါက် မှ လျှော့ချ ၍ သူသည် အလွတ် ထွက်ပြေး လေ၏။

13မိခါလ သည်လည်း ၊ တေရပ်ရုပ်တု ကို ယူ ၍ ခုတင် ပေါ် မှာထား ပြီးလျှင် ၊ ဆိတ်မွေး ဖြင့်ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာ၍ စောင် နှင့် ခြုံ လေ၏။

14ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ ရှောလု စေလွှတ် သောလုလင် ရောက်သောအခါ ၊ ဒါဝိဒ်နာ ၍ နေပါသည်ဟု မယားပြောဆို ၏။

15ရှောလု ကလည်း ၊ သူ့ ကို ငါသတ် မည်အကြောင်း ခုတင် နှင့်တကွ ဆောင် ခဲ့ကြဟု ဒါဝိဒ် ကို အကြည့် အရှုစေလွှတ် ၍၊

16တမန် တို့သည်ဝင် ကြသောအခါ ဆိတ်မွေး ဖြင့်‘ ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာလျက်၊ ခုတင် ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။

17ရှောလု ကလည်း ငါ့ ကို လှည့်စား ၍ အဘယ်ကြောင့် ငါ့ ရန်သူ ကို လွှတ် လိုက်သနည်း။ ယခု လွတ် အောင် ပြေးပါပြီတကားဟု မိခါလ အား ပြောဆို လျှင် ၊ မိခါလ က ငါသွားမည်။ သို့မဟုတ်သင့် ကို ငါသတ် မည်ဟု သူ ပြော ပါသည်ဟု ရှောလု အား ပြန်လျှောက် လေ၏။

18ထိုသို့ ဒါဝိဒ် ပြေး ၍ ရှောလုလက်မှ လွတ် သဖြင့် ၊ ရှမွေလ ရှိရာ ရာမ မြို့သို့ ရောက် လေ၏။ ရှောလု ပြု လေသမျှ တို့ကို ပြန်ကြား ပြီးမှ ၊ ရှမွေလ သည်သွား ၍ နာယုတ် ရွာမှာ နေ ၏။

19ဒါဝိဒ် သည် ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိကြောင်းကို ရှောလု သည် ကြား ၍၊

20ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ စေလွှတ် ပြန်၏။ ပရောဖက် အပေါင်း အသင်းတို့သည် ပရောဖက် ပြုလျက် ၊ ရှမွေလ စီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင် သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလု ၏ တမန် တော်တို့အပေါ် မှာ သက်ရောက် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။

21ထိုသိတင်းကို ရှောလု သည်ကြား လျှင် အခြား သောသူတို့ကို စေလွှတ် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။ တတိယ အကြိမ် ရှောလု သည် စေလွှတ် ၍ ၊ ထို့အတူပြုကြရ၏။

22ထိုအခါ ကိုယ်တိုင်ရာမ မြို့သို့ သွား ၍ ၊ စေခု ရွာ၌ ရှိသောရေတွင်း ကြီး သို့ ရောက် သော်၊ ရှမွေလ နှင့် ဒါဝိဒ် တို့သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ၊ ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိပါသည်ဟု ကြား လျှောက်လေသော်၊

23ထို အရပ်သို့ သွား ၍ ၊ ဘုရား သခင်၏ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ နာယုတ် ရွာ တိုင်အောင် ပရောဖက် ပြုလျက် သွား လေ၏။

24အဝတ် တော်ကိုလည်း ချွတ် ၍ ၊ ရှမွေလ ရှေ့ မှာ ထိုအတူပရောဖက် ပြုလျက် ၊ အဝတ် မပါဘဲ တနေ့ နှင့် တညဉ့် လဲ လျက်နေ၏။ ထိုကြောင့် ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလောဟု ဆို လေ့ရှိကြ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 18Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 20 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 19

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031