The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 3

1သူငယ် ရှမွေလ သည်၊ ဧလိ ရှေ့ တွင် ထာဝရဘုရား ၏ အမှု တော်ကို ဆောင်ရွက်လေ၏။ ထို ကာလ ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နည်းပါး ၏။ ထင်ရှားသော ရူပါရုံ မ ရှိ။

2တရံရောအခါဧလိ သည် မိမိ နေရာ ၌ အိပ် လျက်၊ သူ ၏ မျက်စိ မှုန် သောကြောင့် မ မြင် နိုင် သည်ကာလ၊

3ဘုရား သခင်၏ သေတ္တာ တော်ရှိ ရာထာဝရဘုရား အိမ် တော်၌ မီးခွက် မ သေ မှီ၊ ရှမွေလ သည်လည်း အိပ် လျက်ရှိသောအခါ၊

4ထာဝရဘုရား သည် ရှမွေလ ကို ခေါ် တော်မူ၍ ၊ ရှမွေလက အကျွန်ုပ် ရှိ ပါသည်ဟု ထူး သဖြင့်၊

5ဧလိ ထံသို့ ပြေး ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို လျှင်၊ ဧလိက ငါမ ခေါ် ၊ အိပ် တော့ဟု ဆို သည်အတိုင်း ၊ ရှမွေလသွား ၍ အိပ် ပြန်လေ၏။

6တဖန် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလ သည် ထ ပြီးလျှင် ၊ ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို သော်၊ ဧလိက ငါမ ခေါ် ငါ့ သား ၊ အိပ် တော့ဟု ဆို ၏။

7ရှမွေလ သည် ထာဝရဘုရား ကို မ သိ သေး။ ဗျာဒိတ် တော်ကို မ ခံရ သေး။

8တတိယ အကြိမ် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလထ ပြီးလျှင် ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟုဆို သော်၊ ထာဝရဘုရား သည် ထိုသူငယ် ကို ခေါ် တော်မူကြောင်း ကို ဧလိ သည် ရိပ်မိ လျှင်၊

9သင်သွား ၍ အိပ် ဦးတော့၊ နောက် တဖန်ခေါ် လျှင် ၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် ရမည်အကြောင်းရှမွေလ ကို မှာ ထားသည်အတိုင်း ၊ ရှမွေလ သွား ၍ မိမိ နေရာ ၌ အိပ် လေ၏။

10ထာဝရဘုရား သည်လည်း ရှေ့နည်းတူလာ ရပ် လျက် ၊ ရှမွေလ ၊ ရှမွေလ ဟု ခေါ်တော်မူလျှင်၊ ရှမွေလ က၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် လေသော်၊

11ထာဝရဘုရား က၊ သိတင်းကြား သောသူ တိုင်း နား နှစ် ဘက်ခါး စေခြင်းငှါ ငါ သည် ဣသရေလ အမျိုး၌ တစုံတခု ကိုပြု မည်။

12ဧလိ အိမ်သား တို့တဘက် ၌ ငါပြော သမျှ အတိုင်း ထို နေ့ တွင် ငါပြုမည်။ ပြု စရှိပြီးမှ လက်စသတ် မည်။

13ထိုသူ ၏သား တို့သည် ကိုယ်ယုတ်မာ သည်တိုင်အောင်၊ ကိုယ်ပြုသောဒုစရိုက် အပြစ်ကို သူသိ သော်လည်း ကျပ်တည်း စွာ မ ဆုံးမဘဲနေသောကြောင့် ၊ သူ ၏ အိမ်သား တို့၌ ငါ သည် အစဉ်အမြဲ ဒဏ် ပေး မည်ဟု ငါပြော ပြီ။

14ထိုကြောင့် ဧလိ ၏အိမ်သား တို့ အပြစ် သည် ယဇ် နှင့် ပူဇော် သက္ကာအားဖြင့် မ ဖြေ ၊ အစဉ်အမြဲ တည် ရမည် အကြောင်းသူတို့အား ငါ ကျိန်ဆို ပြီဟု မိန့် တော်မူ၏။

15ရှမွေလ သည် နံနက် တိုင်အောင် အိပ် ပြီးမှ ၊ ထာဝရဘုရား ၏ အိမ် တော်တံခါး တို့ကို ဖွင့် လေ၏။ မြင်ရသော ရူပါရုံ ကို ဧလိ အား မကြားမ ပြော ဝံ့။

16ဧလိ က၊ ငါ့ သား ရှမွေလ ဟုခေါ် လျှင် ၊ ရှမွေလ က အကျွန်ုပ် ရှိပါသည်ဟု ထူး လေ၏။

17ဧလိကလည်း၊ အဘယ်သို့ မိန့် တော်မူသနည်း။ ငါ့ အား ဝှက် မ ထားပါနှင့်။ မိန့် တော်မူသမျှ တစုံတခုကို ငါ့ အား ဝှက်ထား လျှင် ၊ မိန့်တော်မူသည်အတိုင်းမကသင် ၌ ပြု တော်မူပါစေသောဟု ဆို လေသော်၊

18ရှမွေလ သည် တစုံတခုကိုမျှ ဝှက် မ ထား အလုံးစုံ တို့ကို ပြန် ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြု တော်မူပါစေသောဟု ဝန်ခံ လေ၏။

19ရှမွေလ သည် အစဉ်အတိုင်းကြီး ၍ ၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် ၊ သူ ၏ စကား တခွန်းမျှ ပျက် စေခြင်းငှါအခွင့်ပေးတော်မ မူ။

20သူသည် ထာဝရဘုရား ၏ ပရောဖက် စစ် ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် သိ ကြ၏။

21ထာဝရဘုရား သည် ရှိလော မြို့၌ အထပ်ထပ် ထင်ရှား တော်မူ၍၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် ရှမွေလ အား ဗျာဒိတ် ပေးတော်မူ၏။ ရှမွေလစကားသည်လည်း၊ ဣသရေလအမျိုးတရှောက်လုံးကို နှံ့ပြားလေ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 2Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 4 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031