The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 18

1ထိုသို့ လျှောက် ပြီး သည်နောက်၊ ရှောလု၏ သားယောနသန် စိတ် နှလုံးသည် ဒါဝိဒ် စိတ် နှလုံးနှင့် စွဲကပ် လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ် လေ၏။

2ထို နေ့၌ ရှောလု သည် ဒါဝိဒ်ကို သိမ်းဆည်း ၍ သူ့ အဘ ၏အိမ် သို့ နောက်တဖန် သွားနေရသော အခွင့် ကိုပေး တော်မ မူ။

3ယောနသန် သည်လည်း ၊ ဒါဝိဒ် ကို ကိုယ် နှင့်အမျှ ချစ် သောကြောင့် သူနှင့်အတူမိဿဟာယ ဖွဲ့ပြီးလျှင်၊

4မိမိ ဝတ်သော ဝတ်လုံ ကို ချွတ် ၍ မိမိ အဝတ် တန်ဆာများနှင့် ထား ၊ လေး ၊ ခါးစည်း တို့ကိုပင် ဒါဝိဒ် အား ပေး လေ၏။

5ဒါဝိဒ် သည် ရှောလု စေခိုင်း သမျှ ကို သွား ၍ သတိ ပညာနှင့်ပြုမူသောကြောင့် ၊ စစ်သူရဲ အုပ်အရာ၌ ခန့် ထားတော်မူသဖြင့် ၊ ဒါဝိဒ်သည် ကျွန် တော်မျိုးမှစ၍လူ အပေါင်း တို့တွင် မျက်နှာ ရ၏။

6ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှပြန် လာ၍၊ ရောက်လေရာရာ၌ မိန်းမ များတို့သည် ရှောလု မင်းကြီး ကို ခရီးဦးကြို ပြုအံ့သောငှါ ရွှင်လန်း သောစိတ်နှင့် သီချင်း ဆိုလျက် ၊ က လျက်၊ ပတ်သာ အစရှိ သည်တို့ကို တီးလျက်၊ ဣသရေလ မြို့ ရွာများထဲက ထွက် လာသဖြင့်၊

7ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့် သီချင်း ဆိုကြ၏။

8ရှောလု က၊ သူတို့သည် ဒါဝိဒ် အား အသောင်းသောင်း ၊ ငါ့ အား အထောင်ထောင် သာ ပေး ကြပြီ။ နိုင်ငံ တော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန် အမျက် ထွက်၍ ထို စကား ကြောင့် စိတ်ပျက် လေ၏။

9ထို နေ့မှစ၍ ဒါဝိဒ် ကို အစဉ်ချောင်းမြောင်း လျက် နေ ၏။

10နက်ဖြန် နေ့ထာဝရဘုရား ထံတော်က၊ ဆိုး သောဝိညာဉ် သည် ရှောလု အပေါ် မှာရောက် သဖြင့် ၊ ရှောလု သည် နန်းတော် အလယ် ၌ ပရောဖက် ပြုသောကြောင့် ၊ ဒါဝိဒ် သည် အရင်ကဲ့သို့ စောင်းတီး လေ၏။ ရှောလု သည် လှံ တိုကို ကိုင်လျက်ရှိ၍၊

11ဒါဝိဒ် ကို ထရံ နားမှာထိုး မည်ဟု အကြံရှိသည်အတိုင်း လှံ တိုကို ထိုးပစ်သော်လည်း၊ ဒါဝိဒ် သည် အထံတော်မှ နှစ် ကြိမ်ရှောင်လွှဲ လေ၏။

12ထိုသို့ ထာဝရဘုရား သည် ရှောလု ထံမှ ထွက် ၍ ဒါဝိဒ် နှင့်အတူ ရှိ တော်မူသောကြောင့် ၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့ သဖြင့်၊

13အထံ တော်မှ ရွှေ့ ၍ လူတထောင် အုပ် အရာကို ပေး ၏။ ဒါဝိဒ်သည် လူ များရှေ့ ၌ ထွက် ဝင် ရ၏။

14ဒါဝိဒ် သည် အရာရာ ၌ သတိ ပညာနှင့်ပြုမူ၍ သူ နှင့်အတူ ထာဝရဘုရား ရှိ တော်မူ၏။

15ထိုသို့ အလွန် သတိ ပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင် လျှင် သာ၍ကြောက်ရွံ့ လေ၏။

16ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ဒါဝိဒ် ကို ချစ် ကြ၏။ အကြောင်း မူကား၊ သူ တို့ ရှေ့ ၌ ဒါဝိဒ်သည် ထွက် ဝင် တတ်၏။

17တဖန် ရှောလု သည် ဒါဝိဒ် ကို ခေါ်၍ ငါ့ သမီး ကြီး မေရပ် ကို သင့် အား ငါပေးစား မည်။ သင်သည် ငါ့ အဘို့ ရဲရင့် ၍ ထာဝရဘုရား အဘို့ စစ်တိုက် ခြင်းကိုသာ ပြုလော့ဟု မိန့် တော်မူ၏။ အကြောင်း မူကား၊ ငါ့ လက် သည် သူ့ အပေါ် သို့ မ ရောက် စေနှင့်။ ဖိလိတ္တိ လူတို့ လက် သည် ရောက် ပါစေသောဟု ရှောလု အကြံရှိ၏။

18ဒါဝိဒ် ကလည်း ၊ ကျွန်တော်သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ် ရပါမည်အကြောင်း အဘယ်သို့ သောသူဖြစ်ပါသနည်း။ ကျွန်တော် အသက် နှင့် ကျွန်တော်အဆွေအမျိုး သည်၊ ဣသရေလ နိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလု အား လျှောက် ၏။

19သို့ရာတွင် ၊ ရှောလု ၏သမီး မေရပ် ကို ဒါဝိဒ် အား ပေးစား ရသောအချိန် ရောက် သောအခါ ၊ မေဟောလသိ အမျိုး အဒြေလ အား ပေးစား လေ၏။

20တဖန် ရှောလု သမီး မိခါလ သည် ဒါဝိဒ် ကို ချစ် ၏။ ထိုအကြောင်းကို လျှောက် သောအခါ ၊ ရှောလု သည် အားရ လျက်၊

21ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ ၍ ဖိလိတ္တိ လူတို့ လက် သို့ ရောက် စေခြင်းငှါ ပေးစား မည်ဟု အကြံ ရှိ၏။

22နန်းတော် သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ် နှင့် တိတ်ဆိတ် စွာ စကား ပြောရမည်မှာ၊ ရှင် ဘုရင်သည် သင့် ကို စုံမက် ၍ ၊ ရှင်ဘုရင်၏ ကျွန် အပေါင်း တို့သည်လည်း ချစ် ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင် ၏ သမက် တော်ဖြစ်ကောင်းပါ၏ဟု မှာ ထားသည်အတိုင်း၊

23ရှောလု ၏ ကျွန် တို့သည် ဒါဝိဒ် အား ပြော ကြ၏။ ဒါဝိဒ် ကလည်း ၊ ကျွန်ုပ် သည် အသရေ မရှိသော ဆင်းရဲသား ဖြစ်လျက်နှင့် ရှင်ဘုရင် ၏ သမက် တော်လုပ်ရသောအမှုသည် သာမည အမှု ထင် သလောဟုပြောဆို၏။

24ရှောလု ကျွန် တို့ကလည်း ၊ ဒါဝိဒ် သည် ဤသို့ ပြောဆို ပါသည်ဟု လျှောက် လျှင်၊

25သင်တို့သည် တဖန် ပြော ရမည်မှာ၊ ရှင် ဘုရင်သည် ရန်သူ တို့၌ စိတ် တော်ပြေမည်အကြောင်း ၊ ဖိလိတ္တိ လူတို့၏ အရေဖျား တရာ မှ တပါးအခြားသော လက်ဖွဲ့ ရာကို အလို တော်မ ရှိဟု မှာ ထား၏။ သို့ရာတွင် ဒါဝိဒ် ကို ဖိလိတ္တိ လူတို့လက် ဖြင့် ဆုံး စေမည်ဟု ရှောလု အကြံ ရှိ၏။

26ရှောလု ကျွန် တို့သည် ထိုစကားကို ဒါဝိဒ် အား ပြန်ပြော သောအခါ ၊ ဒါဝိဒ် သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ်ခြင်းငှါ အလို ရှိ၏။ ထို့ကြောင့်ချိန်းချက်သော အချိန်မ စေ့ မှီထ ၍၊

27မိမိ လူ တို့နှင့်အတူ သွား သဖြင့် ၊ ဖိလိတ္တိ လူနှစ် ရာတို့ကိုသတ် ပြီးမှ ၊ ရှင်ဘုရင် ၏ သမက် တော် ဖြစ်လိုသောငှါ ၊ သူ တို့အရေဖျား များကို ယူ ခဲ့၍ ၊ စုံလင် သော အရေအတွက်အားဖြင့်ရှင်ဘုရင်အား ဆက် လေ၏။ ရှောလု သည်လည်း သမီး တော်မိခါလ ကို ပေးစား ရ၏။

28ထာဝရဘုရား သည် ဒါဝိဒ် နှင့်အတူ ရှိတော်မူကြောင်း ကို၎င်း၊ မိမိသမီး သည် ချစ် ကြောင်းကို၎င်း၊ ရှောလု သည် မြင် ၍၊

29ကြောက်ရွံ့ သောစိတ် စွဲလမ်းလျက် အစဉ် အမြဲရန်ငြိုး ဖွဲ့လေ၏။

30တဖန် ဖိလိတ္တိ မင်း တို့သည် ချီ သွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ် သည် ရှောလု ၏ ကျွန် အပေါင်း တို့ထက် သာ၍သတိ ပညာနှင့် ပြုမူသဖြင့် အလွန် ဂုဏ်အသရေနှင့် ပြည့်စုံ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 17Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 19 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 18

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031