The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 21

1ဒါဝိဒ် သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ၍ ၊ အဟိမလက် သည် ဒါဝိဒ် နှင့် တွေ့ သောအခါ ကြောက် ၍၊ သင် သည် လူ တယောက်မျှ မ ပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟုမေး သော်၊

2ဒါဝိဒ် က၊ ရှင်ဘုရင် အမှု တော်တခုကို အပ် ၍၊ ငါ စေခိုင်း မှာ ထားသော အမှု ကို အဘယ်သူမျှမ သိ စေနှင့်ဟု မိန့် တော်မူသောကြောင့် ၊ ငါ့ကျွန် တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။

3သို့ဖြစ်၍ ကိုယ်တော် လက် ၌ ရှိ သော မုန့် ငါး လုံးကိုသော်၎င်း၊ တွေ့ သမျှကို သော်၎င်း၊ ကျွန်ုပ် လက် သို့ အပ် ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက် အား တောင်း ၏။

4ယဇ် ပုရောဟိတ်က၊ ငါ့ လက် ၌ လူတိုင်းစားရသောမုန့် မ ရှိ။ လုလင် တို့သည် မိန်းမ ကိုသာ ရှောင် လျှင် ၊ သန့်ရှင်း သော မုန့် ရှိ သည်ဟု ဒါဝိဒ် အားဆို ၏။

5ဒါဝိဒ် ကလည်း ၊ ကျွန်ုပ် ထွက် ကတည်းကအဘယ်သူမျှမိန်းမ နှင့် မ ပေါင်းဘော်၊ လုလင် တန်ဆာ တို့သည် သန့်ရှင်း ပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသောမုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်း သောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန် ပြောသော်၊

6ယဇ် ပုရောဟိတ်သည် ရှေ့ တော်မုန့် မှတပါး အခြားသော မုန့် မ ရှိ သောကြောင့် သန့်ရှင်း သော မုန့်ကိုပေး ၏။ ထိုရှေ့တော်မုန့်အစား၌ မုန့် သစ်ကို တင် ထားအံ့သောငှါ ထာဝရဘုရား ရှေ့ တော်မှ နှုတ်ပယ် နှင့်ပြီ။

7ထို နေ့၌ အမှု တော်ထမ်းအဝင် သိုး တော်ထိန်းအုပ် ဧဒုံ အမျိုးသား၊ ဒေါဂ အမည် ရှိသောသူသည် ထာဝရဘုရား ရှေ့ တော်၌ စောင့် နေရ၏။

8ဒါဝိဒ် ကလည်း ၊ ကိုယ်တော် ၌ ထား လှံ ရှိ သလော။ အမှု တော်ကို အလျင်အမြန် ဆောင်ရသောကြောင့် ၊ ထား အစရှိသော လက်နက် တစုံတခု မျှ မ ပါ ဟု အဟိမလက် အား ပြော လေသော်၊

9ယဇ် ပုရောဟိတ်က၊ ဧလာချိုင့် ၌ သင်လုပ်ကြံ ခဲ့သော ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား သည် အဝတ် နှင့် ထုပ်ရစ် လျက် သင်တိုင်း တော်နောက် မှာ ရှိ၏။ ယူ ချင်လျင် ယူ တော့။ အခြား သော ထားမ ရှိဟု ဆိုလျှင်၊ ဒါဝိဒ် က ထိုထားနှင့် တူသော ထားမ ရှိ။ ပေး ပါတော့ဟု ဆို ၏။

10ထို နေ့၌ ဒါဝိဒ် သည် ရှောလု ကို ကြောက်သောကြောင့်ထ ၍ ဂါသ မင်းကြီး အာခိတ် ထံသို့ ပြေး သွား ၏။

11အာခိတ် မင်း၏ ကျွန် တို့က၊ ဤ ဒါဝိဒ် သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မ ဟုတ်လော။ ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်က လျက် သီချင်း ဆိုကြသည် မ ဟုတ်လော ဟု လျှောက် ကြ၏။

12ထို စကား ကို ဒါဝိဒ် သည် မှတ်မိ၍၊ ဂါသ မင်းကြီး အာခိတ် ကို အလွန် ကြောက် သောကြောင့်၊

13ရူးသွပ်ဟန်ဆောင်၍ သူ တို့ရှေ့ မှာ အရူး ကဲ့သို့ပြုလျက် ၊ တံခါးရွက် ပေါ် ၌ ရေးသား ၍ မိမိ တံထွေး ကို မုတ်ဆိတ် တွင် ယို စေ၏။

14အာခိတ် မင်းကလည်း ကြည့် ကြလော့။ ဤသူ သည် အရူး ဖြစ်၏။ အဘယ်ကြောင့် ငါ့ ထံသို့ သွင်း ကြသနည်း။

15အရူး ကို ငါ အသုံးလို သည်ဟု သင်တို့သည် ထင်လျက် ငါ့ ရှေ့ မှာ အရူး လုပ်စေခြင်းငှါ ဤ သူကို သွင်း ကြသလော။ ဤ သူသည် နန်းတော် ထဲသို့ ဝင် ရမည်လော ဟု ကျွန် တို့အား ဆို ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 20Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 22 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031