The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 14

1တုရု မင်းကြီး ဟိရံ သည် ဒါဝိဒ် အဘို့ နန်း တော်ကို တည်ဆောက် ခြင်းငှါ ၊ သံတမန် နှင့်တကွအာရဇ် သစ်သား ၊ လက်သမား ၊ ပန်းရန်သမား တို့ကို စေလွှတ် လေ၏။

2ထာဝရဘုရား သည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူကြောင်း နှင့် မိမိ လူ ဣသရေလ အမျိုးအဘို့ အလိုငှါ၊ နိုင်ငံ ကို ချီးမြှောက် တော်မူကြောင်း ကို ဒါဝိဒ် သိမြင် ၏။

3ဒါဝိဒ် သည် ယေရုရှလင် မြို့၌ ထပ်၍ မယား တို့ကို သိမ်းယူ သဖြင့် သား သမီး များတို့ကို မြင် လေ၏။

4ယေရုရှလင် မြို့၌ ဒါဝိဒ်မြင် သော သားတို့အမည် ကား၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်၊

5ဣဗဟာ ၊ ဧလိရွှ ၊ ဧလိပလက်၊

6နောဂ ၊ နေဖက် ၊ ယာဖျာ၊

7ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် တည်း။

8ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားကြောင်း ကို ဖိလိတ္တိ လူတို့သည်ကြား လျှင် ၊ ထိုသူအပေါင်း တို့သည် ဒါဝိဒ် ကို ရှာ ၍ လာ ကြ၏။ ထိုသိတင်းကို ဒါဝိဒ် သည် ကြား သောအခါ ချီသွား ၏။

9ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။

10ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ ရှိရာသို့ သွား ရပါမည်လော။ အကျွန်ုပ် လက် ၌ အပ် တော်မူ မည်လောဟု ဘုရားသခင် ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ သင့် လက် ၌ ငါအပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊

11ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကို လုပ်ကြံ ပြီးမှ ၊ ဘုရားသခင် သည် ရေ ထ၍ဖြိုဖျက် သကဲ့သို့ ငါ့ ရန်သူ တို့ကို ငါ့ အားဖြင့် ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင် စေသတည်း။

12ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သော ရုပ်တု များကို ဒါဝိဒ် ၏အမိန့် တော်နှင့် မီး ရှို့ ကြ၏။

13တဖန် ဖိလိတ္တိ လူတို့သည် ထိုချိုင့် ၌ အနှံ့အပြား လာ၍နေကြ၏။

14ဒါဝိဒ် သည်လည်း ဘုရားသခင် ကို တဖန် မေးလျှောက် သော်၊ သူ တို့ရှိရာ သို့ တည့်တည့်မ တက် ရ။ သူ တို့မှ လွှဲ ၍ ပိုးစာ တောတဘက် တချက်၌ ချီ ရမည်။

15ပိုးစာ ပင်ဖျား ၌ စစ်ချီ သံ ကိုကြား သောအခါ ၊ တိုက် အံ့သောငှါ ချီ လော့။ ထိုအခါ ဘုရားသခင် သည် ဖိလိတ္တိ တပ် ကို လုပ်ကြံ ခြင်းငှါ သင့် ရှေ့ မှာ ကြွ သွားမည်ဟု ဘုရားသခင် မိန့် တော်မူသည်အတိုင်း၊

16ဒါဝိဒ် သည် ပြု ၍ ဖိလိတ္တိ လူတို့ကို ဂိဗောင် မြို့မှ သည် ဂါဇေရ မြို့တိုင်အောင် လုပ်ကြံ လေ၏။

17ဒါဝိဒ် သိတင်း သည်အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် သူ့ ကို ကြောက်ရွံ့ စေခြင်းငှါထာဝရဘုရား စီရင် တော်မူ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 13Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 15 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 14

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829