The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 9

1အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် သားစဉ် မြေးဆက်စာရင်း ဝင်၍၊ ကိုယ် အပြစ် ကြောင့် ဗာဗုလုန် မြို့ သို့ သိမ်းသွား ခြင်း ကိုခံရနှင့်သော ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင်မှတ်စာ ၌ ပါ သတည်း။

2နောက်တဖန်ကိုယ်ပိုင် ထိုက်သော မြို့ ရွာတို့၌ အဦးဆုံး နေရာ ကျသောသူကား၊ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ ဘုရား ကျွန်အသီးအသီးဖြစ်ကြ၏။

3ယေရုရှလင် မြို့မှာ နေ သောယုဒ အမျိုး ၊ ဗင်္ယာမိန် အမျိုး ၊ ဧဖရိမ် နှင့် မနာရှေ အမျိုးသား ဟူမူကား၊

4ယုဒ သား ဖာရက် အမျိုးအနွယ် ၊ ဗာနိ ၊ ဣမရိ ၊ ဩမရိ ၊ အမိဟုဒ် တို့မှ ဆင်းသက်သော ဥသဲ တပါး၊

5ရှိလောနိ အမျိုးဖြစ်သော သားဦး အသာယ နှင့် သူ ၏သား တစု၊

6ဇေရ အမျိုး ယွေလ နှင့် သူ ၏ညီအစ်ကို တစု ပေါင်းခြောက် ရာ ကိုး ဆယ်တည်း။

7ဗင်္ယာမိန် အမျိုးအနွယ် ဖြစ်သော ဟာသေနွာ ၊ ဟောဒဝိ ၊ မေရှုလံ တို့မှ ဆင်းသက်သော သလ္လု ၊

8ယေရောဟံ သား ဣဗနိယ ၊ မိခရိ သား ဖြစ်သော ဩဇိ ၏သား ဧလာ နှင့် ဣဗနိယ ၊ ရွေလ ၊ ရှေဖတိ တို့မှ ဆင်းသက်သော မေရှုလံ မှစ၍၊

9သားစဉ် မြေးဆက်စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုး ရာ ငါး ဆယ်ခြောက် ယောက်တည်း။ ဤ သူအပေါင်း တို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။

10ယဇ်ပုရောဟိတ် မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန် နှင့်တကွ၊

11အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ် တော်အုပ် အာဇရိ တပါး၊

12မာလခိ ၊ ပါရှုရ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ နှင့် ဣမေရ ၊ မေရှိလမုတ် ၊ မေရှုလံ ၊ ယာဇေရ ၊ အဒေလ တို့မှ ဆင်းသက်သော မာရှဲ အစ ရှိသော၊

13အဆွေအမျိုး သူကြီး အမျိုးသား ချင်း တထောင် ခုနစ် ရာ ခြောက် ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရားသခင် ၏ အိမ် တော်အမှု ကိုဆောင်ရွက်ခြင်းငှါတတ်စွမ်း နိုင်သောသူ ပေတည်း။

14လေဝိ သားမူကား၊ မေရာရိ အမျိုးအနွယ် ဖြစ် သော ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ် တို့မှ ဆင်းသက်သော ရှေမာရ တပါး၊

15ဗာကဗက္ကာ ၊ ဟေရက် ၊ ဂလာလ သုံးပါး၊ အာသပ် ၊ ဇိခရိ ၊ မိက္ခါ တို့မှ ဆင်းသက်သောမဿနိ တပါး၊

16ယေဒုသုံ ၊ ဂလာလ ၊ ရှေမာယ တို့မှ ဆင်းသက်သော ဩဗဒိ တပါး၊ နေတောဖာသိ ရွာ တို့တွင် နေ သောဧလကာန သား အာသ ၏သား ဗေရခိ တပါးတည်း။

17တံခါးစောင့် မူကား ရှလ္လုံ ၊ အက္ကုပ် ၊ တာလမုန် ၊ အဟိမန် အစရှိသော ညီအစ်ကို တစု၊

18ရှလ္လုံ သည် ရှင်ဘုရင် ဝင်သော အရှေ့ တံခါး တွင် တံခါးမှူး ဖြစ်၏။ ဤသူ တို့သည် လေဝိ သား အပေါင်းအသင်း ၌ပါသောတံခါးစောင့် ပေတည်း။

19ကောရသိ အဆွေအမျိုး ၊ ကောရ ၊ ဧဗျာသပ် ၊ ကောရ တို့မှ ဆင်းသက်သော ရှလ္လုံ နှင့်မိမိ ညီ တို့သည် အမှု တော်စောင့် ရာတွင် တဲ တော်တံခါး စောင့်ဖြစ်ကြ၏။ အဘ တို့သည် ထာဝရဘုရား ၏ ဗိုလ်ခြေတပ်ချ ရာတွင် တဲ တော်ဦးစောင့် ဖြစ်ကြ၏။

20ရှေး ကာလဧလာဇာ သား ဖိနဟတ် သည် ထိုသူ တို့ ကိုအုပ် ရ၍၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။

21မေရှိလမိ သား ဇာခရိ သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးစောင့် ဖြစ်၏။

22တံခါးစောင့် အရာ ၌ ခန့်ထား သောသူပေါင်း ကား နှစ် ရာတဆယ် နှစ် ယောက်တည်း။ ထိုသူ တို့သည် ဒါဝိဒ် နှင့် ပရောဖက် ရှမွေလ ခန့်ထား သော သားစဉ်မြေးဆက်အသီးအသီး နေသောရွာ ၌ စာရင်း ဝင်ကြ၏။

23ထိုသူ ၏ သားစဉ် မြေးဆက်တို့သည် တဲ တော်တည်းဟူသောထာဝရဘုရား ၏အိမ် တော်၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ၏။

24တံခါးစောင့် တို့သည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေး မျက်နှာ ၌ စောင့်နေရကြ၏။

25ရွာ တို့၌ နေသောအပေါင်းအဘော် တို့သည် အလှည့် သင့်သည်အတိုင်း ခုနစ် ရက် ၊ ခုနစ်ရက် လာ ရ ကြ၏။

26ထိုလေဝိ သားတို့တွင် တံခါးစောင့် ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ် တော်အခန်း များနှင့် ဘဏ္ဍာတိုက် များကို စောင့်ရကြ ၏။

27ထိုသို့စောင့် ၍ နံနက် တိုင်းတံခါးကို ဖွင့်ရသောကြောင့် ၊ ဘုရားသခင် ၏ အိမ် တော်ပတ်လည် ၌ အိပ် ရကြ ၏။

28အချို့တို့သည်လည်း၊ အမှု တော်စောင့်တန်ဆာ များကို အရေအတွက် အတိုင်း သွင်း လျက် ထုတ် လျက် စောင့်ရကြ၏။

29အချို့တို့သည်လည်း၊ သန့်ရှင်း ရာဌာနတော် တန်ဆာ များ၊ အသုံးအဆောင် များ၊ မုန့်ညက် ၊ စပျစ်ရည် ၊ ဆီ ၊ လောဗန် ၊ နံ့သာမျိုး များကို ပြုစု ၍စောင့်ရကြ၏။

30ယဇ် ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီ ကို လုပ် ရကြ၏။

31လေဝိ သား၊ ကောရသိ အဆွေအမျိုးဖြစ်သော ရှလ္လုံ ၏ သားဦး မတ္တိသိ သည် သံပြား ဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။

32သူ ၏ညီအစ်ကို နှင့် အခြားသောကောရသိ အဆွေအမျိုးသား တို့သည် ဥပုသ် နေ့၌ ရှေ့ တော်မုန့်ကို ပြင်ဆင် ရကြ၏။

33သီချင်း ဆိုသောသူ လေဝိ အဆွေအမျိုးသူကြီး တို့သည် မိမိ တို့အမှု ကို နေ့ ညဉ့်မပြတ်စောင့်ရသောကြောင့် ၊ အိမ်တော်အခန်း ၌ နေ၍ အခြားသောအမှုနှင့်လွတ် ကြ၏။

34ထိုလေဝိ အဆွေအမျိုးသူကြီး တို့သည် အစဉ်အဆက် အကြီးအကဲ ဖြစ်၍ ယေရုရှလင် မြို့၌ နေရာ ကျကြ၏။

35ယေဟေလ သည် ဂိဗောင် မြို့တွင် နေထိုင် ပြီး ဂိဗောင် မြို့သားတို့၏ခေါင်းဆောင် ဖြစ်သည်။ သူ ၏ဇနီး မှာ မာခါ နာမည် ရှိ၏။

36သူ ၏သားဦး ကား၊ အာဗဒုန် ဖြစ်၏။ သူ၏အခြားသားများမှာ ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ ၊ နာဒပ်၊

37ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တို့ဖြစ်ကြ၏။

38မိကလုတ် ၏သားသည် ရှိမံ ဖြစ်၏။ သူ တို့လည်း သူ တို့၏ဆွေမျိုး အနီး ယေရုရှလင် မြို့တွင် နေထိုင် ကြ၏။

39နေရ သည် ကိရှ ၏အဘ ဖြစ်၏။ ကိရှ သည် ရှောလု ၏အဘ ဖြစ်၏။ ရှောလု သည် ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တို့၏အဘ ဖြစ်၏။

40ယောနသန် ၏သား သည် မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ ၏သားမှာ မိက္ခါ ဖြစ်၏။

41မိက္ခါ ၏သား များမှာ ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တို့ဖြစ်ကြ၏။

42အာခတ်သည် ယာရ ၏အဘ ဖြစ်၏။ ယာရ တွင် သားအာလမက် ၊ အာဇမာဝက် နှင့် ဇိမရိ ဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ သည် မောဇ ၏အဘ ဖြစ်၏။

43မောဇ သည် ဗိနာ ၏အဘ ဖြစ်၏။ ဗိနာ ၏သား ရေဖာယ ၊ ရေဖာယ ၏သား ဧလာသ ၊ ဧလာသ ၏သား အာဇေလ ဖြစ်၏။

44အဇေလ ၏သား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ နှင့် ဟာနန် ဟူ၍ သား ခြောက် ယောက်ရှိ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 8Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 10 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 9

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829