The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 27

1ရှင်ဘုရင် အမှု တော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ အရာရှိ တို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်းတပ်ဖွဲ့၍၊ တလစီ တလစီအလှည့်လှည့်စောင့်ရသောတပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီ ရှိကြ၏။

2ပဌမ လ တွင် ပဌမ တပ် ကိုအုပ်သော ဗိုလ်မင်း ကား၊ ဇာဗဒေလ သား ယာရှောဗံ နှင့် တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။

3ထိုမင်းသည် ဖါရက် အမျိုးသား ဖြစ်၍၊ ပဌမ လ တွင် အမှုစောင့်သော တပ်မှူး အပေါင်း တို့ကို အုပ် ရ၏။

4ဒုတိယ လ တွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား၊ အဟောဟိ အမျိုးသားဒေါဒဲ နှင့် စစ်ကဲ မိကလုပ် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။

5တတိယ လ နှင့် ဆိုင်သောတတိယ တပ်ဗိုလ် မင်း ကား၊ ယဇ်ပုရောဟိတ် ကြီး ယောယဒ သား ဗေနာယ နှင့် တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။

6ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ်၏။ သူ ၏သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ၏။

7စတုတ္ထ လ တွင် စတုတ္ထ ဗိုလ်မင်းကား၊ ယွာဘ ညီ အာသဟေလ ၊ စစ်ကဲကားအာသဟေလ သား ဇေဗဒိ ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း။

8ပဉ္မမ လ တွင် ပဉ္စမ ဗိုလ် မင်းကား ဣဇဟာ အမျိုး ရှံဟုတ် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။

9ဆဋ္ဌမ လ တွင် ဆဋ္ဌမ ဗိုလ်မင်းကား တေကော မြို့သား၊ ဣကေရှ ၏သား ဣရ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။

10သတ္တမ လ တွင် သတ္တမ ဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပေလောနိ အနွယ်ဖြစ်သော ဟေလက် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။

11အဋ္ဌမ လ တွင်အဋ္ဌမ ဗိုလ်မင်းကား ဇာရ အမျိုး၊ ဟုရှသိ အနွယ်ဖြစ်သော သိဗေကဲ ၊ တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။

12နဝမ လ တွင် နဝမ ဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး ၊ အနေသောသိ အနွယ်ဖြစ်သောအဗျေဇာ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။

13ဒသမ လ တွင် ဒသမ ဗိုလ်မင်းကား ဇာရ အမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော မဟာရဲ ၊ တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။

14ဧကဒသမ လ တွင် ဧကဒသမ ဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပိရသောနိ အနွယ်ဖြစ်သောဗေနာယ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။

15ဒွါဒသမ တွင် ဒွါဒသမ ဗိုလ်မင်းကား ဩသနေလ အမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော ဟေလဒဲ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။

16ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်သော မင်း ဟူမူကား ၊ ရုဗင် အမျိုးတွင် ဇိခရိ ၏သား ဧလျေဇာ ၊ ရှိမောင် အမျိုးတွင် မာခ ၏သား ရှေဖတိ။

17လေဝိ အမျိုးတွင် ကေမွေလ ၏သား ဟာရှဘိ ၊ အာရုန် အမျိုးတွင် ဇာဒုတ်၊

18ယုဒ အမျိုးတွင် ဒါဝိဒ် အစ်ကို ဧလိဟု ၊ ဣသခါ အမျိုးတွင် မိက္ခေလ ၏သား ဩမရိ၊

19ဇာဗုလုန် အမျိုးတွင် ဩဗဒိ ၏သား ဣရှမာယ ၊ နဿလိ အမျိုးတွင် အာဇရေလ ၏သား ယေရိမုတ်၊

20ဧဖရိမ် အမျိုး တွင် အာဇဇိ ၏သား ဟောရှေ ၊ မနာရှေ အမျိုး တဝက် တွင် ပေဒါယ ၏သား ယောလ၊

21ဂိလဒ် ပြည်၌ မနာရှေ အမျိုးတဝက် တွင် ဇာခရိ ၏သား ဣဒ္ဒေါ ၊ ဗင်္ယာမိန် အမျိုးတွင် အာဗနာ ၏သား ယာသေလ၊

22ဒန် အမျိုးတွင် ယေရောဟံ ၏ သား အာဇရေလ ၊ ဤရွေ့ကား ဣသရေလ အမျိုး တို့ကို အုပ်သောမင်း ပေတည်း။

23ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို မိုဃ်း ကောင်းကင်ကြယ် နှင့်အမျှ တိုးပွါး များပြားစေတော်မူမည် ဟု ဂတိ တော်ရှိသောကြောင့် ၊ ဒါဝိဒ် သည် အသက် နှစ် ဆယ်မစေ့သောသူတို့ ကို စာရင်း မ ယူ ဘဲ နေ၏။

24ဇေရုယာ သား ယွာဘ သည် စာရင်း ယူစ ပြု၍၊ ထို အပြစ်ကြောင့် အမျက် တော်သည် ဣသရေလ အမျိုး အပေါ် သို့ သက်ရောက် သောအခါ လက်စ မ သတ်။ ရေတွက်၍ရသောလူပေါင်းကို ဒါဝိဒ် မင်းကြီး ၏ မှတ်စာ ၌ မ သွင်း မမှတ်။

25အဒေလ သား အာဇိမာဝက် သည် ဘဏ္ဍာ တော် စိုးဖြစ်၏။ ဩဇိ သား ယောနသန် သည် လယ်ပြင် ၊ မြို့ ရွာ ၊ ရဲတိုက် ၌ ရှိသောဘဏ္ဍာ တိုက်တို့ကို အုပ်ရ၏။

26ခေလုပ် သား ဧဇရိ သည် လယ်ယာ လုပ် သောသူတို့ ကို အုပ်ရ၏။

27ရာမ မြို့သားရှိမိ သည် စပျစ် ဥယျာဉ်တော်ကို၎င်း၊ ရှိဖမိ မြို့သားဇဗဒိ သည်စပျစ်သီး နှင့် စပျစ်ရည် တိုက် တို့ကို၎င်းအုပ်ရ၏။

28ဂေဒရိ လူ ဗာလဟာနန် သည် ချိုင့် တို့၌ ရှိသော သံလွင် ပင်နှင့် သဖန်း ပင်တို့ကို၎င်း ၊ ယောရှ သည် ဆီ တိုက် တို့ကို၎င်းအုပ်ရ၏။

29ရှာရုန် အရပ်သားရှိတရဲ သည် ရှာရုန် အရပ်၌ ကျက်စား သော နွားစု ကို၎င်း ၊ အာဒလဲ သား ရှာဖတ် သည် ချိုင့် တို့၌ ကျက်စားသော နွားစု ကို၎င်း အုပ်ရ၏။

30ဣရှမေလ အမျိုးသားဩဗိလ သည် ကုလားအုပ် တို့ကို၎င်း ၊ မေရောနသိ လူယေဒေယ သည် မြည်း တို့ကို၎င်း၊

31ဟာဂရ အမျိုးသားယာဇဇ် သည် သိုး တို့ကို၎င်းအုပ်ရ၏။ ဤ သူတို့သည် ဒါဝိဒ် မင်းကြီး ၏ ဥစ္စာ ဘဏ္ဍာ တော်ကိုအုပ် ရသောသူ ပေတည်း။

32ဒါဝိဒ် ၏ ဘထွေး တော်ယောနသန် သည်တိုင်ပင် မှူးမတ်ပညာရှိ ကျမ်းတတ် ဖြစ်၏။ ဟခမောနိ သား ယေဟေလ သည် ရှင်ဘုရင် ၏သား တော်တို့ အပေါင်းအဘော်ဖြစ်၏။

33အဟိသောဖေလ သည် ရှင်ဘုရင် ၏ တိုင်ပင် မှူးမတ်၊ အာခိ မြို့သားဟုရှဲ သည် ရှင်ဘုရင် ၏ အဆွေ ခင်ပွန်းဖြစ်၏။

34အဟိသောဖေလ နောက် မှာအဗျာသာ နှင့် ဗေနာယ သား ယောယဒ သည် နေရာကျ၏။ ယွာဘ သည် တပ်တော်ဗိုလ်ချုပ် မင်း ဖြစ်၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 26Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 28 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 27

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829