The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 15

1ထိုနောက် ဒါဝိဒ် မြို့ ၌ အိမ် တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင် ၏ သေတ္တာ တော်ဌာန ကို ပြင် ၍ တဲ တော်ကိုလည်း တည်တော်မူပြီးမှ၊

2ဒါဝိဒ် က၊ ဘုရားသခင် ၏ သေတ္တာ တော်ကို ထမ်း ၍ ရှေ့တော်၌ အမှု တော်ကို အစဉ် စောင့်စေခြင်းငှါ ထာဝရဘုရား သည် လေဝိ သားတို့ကို ရွေးချယ် တော်မူသောကြောင့် ၊ အခြားတပါးသောသူတို့ သည် ဘုရားသခင် ၏ သေတ္တာ တော်ကို မ ထမ်း ရကြဟုဆို လျက်၊

3ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါ ဣသရေလ အမျိုးသားအပေါင်း တို့ကို ယေရုရှလင် မြို့၌ စုဝေး စေသောအခါ၊

4အာရုန် သား တို့နှင့် လေဝိ သားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊

5ကောဟတ် အမျိုး တွင် အကြီး ဖြစ်သော ဥရေလ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊

6မေရာရိ အမျိုး တွင် အကြီး ဖြစ်သော အသာယ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊

7ဂေရရှုံ အမျိုး တွင် အကြီး ဖြစ်သော ယောလ နှင့် သူ ၏ညီအစ်ကို တရာ သုံးဆယ်၊

8ဧလိဇဖန် အမျိုး တွင် အကြီး ဖြစ်သော ရှေမာယ နှင့် သူ ၏ညီအစ်ကို နှစ် ရာ

9ဟေဗြုန် အမျိုး တွင် အကြီး ဖြစ်သော ဧလျေလ နှင့် သူ ၏ညီအစ်ကို ရှစ် ဆယ်၊

10ဩဇေလ အမျိုး တွင် အကြီး ဖြစ်သော အမိနဒပ် နှင့် သူ ၏ညီအစ်ကို တရာ တဆယ် နှစ် ယောက်တည်း။

11ဒါဝိဒ် သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ ၊ လေဝိ သား ဩရေလ ၊ အသာယ ၊ ယောလ ၊ ရှေမာယ ၊ ဧလျေလ ၊ အမိနဒပ် တို့ကို ခေါ် ၍၊

12သင် တို့သည် လေဝိ သားအဆွေအမျိုး သူကြီး ဖြစ်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ငါပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါကိုယ် ကို၎င်း ၊ ညီအစ်ကို တို့ ကို၎င်း၊ သန့်ရှင်း စေကြလော့။

13အရင် ကမသန့်ရှင်း၊ တရား လမ်းသို့ မ လိုက် ဘဲ ငါ တို့ဘုရားသခင် ထာဝရဘုရား ကို ရှာသောကြောင့်ဒဏ်ခတ် တော်မူသည်ဟု သတိပေး၏။

14ထိုအခါ ယဇ်ပုရောဟိတ် တို့နှင့် လေဝိ သား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်း စေကြ၏။

15ထာဝရဘုရား အမိန့် တော်နှင့်အညီ မောရှေ မှာထား ခဲ့သည်အတိုင်း ၊ လေဝိ သား တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ကို သေတ္တာတော်ထမ်းဘိုး ဖြင့် ထမ်း ကြ ၏။

16လေဝိ သားအကြီးအကဲ တို့သည် စောင်း ၊ တယော ၊ ခွက်ကွင်း အစရှိသော တုရိယာ မျိုးနှင့် သီချင်း ဆိုတတ် သော ညီအစ်ကို တို့ကို ဝမ်းမြောက် စွာ အသံ ပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်းအမိန့် တော်ရှိသည် အတိုင်း၊

17ထိုလေဝိ သားတို့သည် ယောလ သား ဟေမန် ၊ သူ ၏ညီစု ထဲက ဗေရခိ သား အာသပ် ၊ မိမိ တို့ညီစု ၊ မေရာရိ အမျိုး ထဲက ကုရှာယ သား ဧသန် တို့ကို၎င်း၊

18မိမိ တို့ညီ ဒုတိယ အရာရှိဖြစ်သော ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ တံခါးစောင့် ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့ကို၎င်းခန့်ထားကြ၏။

19သီချင်း ဆရာဟေမန် ၊ အာသပ် ၊ ဧသန် တို့သည် ကြေးဝါ ခွက်ကွင်း ကို တီး ရကြ၏။

20ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ မာသေယ ၊ ဗေနာယ တို့သည် အာလမုတ် တယော ကို ထိုးရကြ၏။

21မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိ တို့သည် အသံစုံလင်စွာ ရှေမိနိတ် စောင်း ကို တီးရကြ၏။

22လေဝိ သားအကြီးအကဲ ဖြစ်သော ခေနနိ သည် သီချင်း အတတ်၌ လေ့ကျက် သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။

23ဗေရခိ နှင့် ဧလကာန သည် သေတ္တာ တော်တံခါးစောင့် ဖြစ်၏။

24ယဇ်ပုရောဟိတ် ရှေဗနိ ၊ ယောရှဖတ် ၊ နာသနေလ ၊ အာမသဲ ၊ ဇာခရိ ၊ ဗေနာယ ၊ ဧလျေဇာ တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ရှေ့ မှာ တံပိုး မှုတ် ရကြ၏။ ဩဗဒေဒုံ နှင့် ယေဟိ သည်လည်း သေတ္တာ တော်တံခါးစောင့် ဖြစ်၏။

25ထိုသို့ဒါဝိဒ် မင်းနှင့် ဣသရေလ အမျိုးအသက်ကြီး သူ၊ လူတထောင် အုပ် တို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဩဗဒေဒုံ အိမ် မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့ခြင်းငှါ သွား ကြ၏။

26ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို ထမ်း သော လေဝိ သားတို့ကို ဘုရားသခင် မစ တော်မူ သည်ဖြစ်၍ ၊ သူတို့သည် နွား ခုနစ် ကောင်နှင့် သိုး ခုနစ် ကောင်တို့ကို ယဇ် ပူဇော်ကြ၏။

27ဒါဝိဒ် နှင့် သေတ္တာ တော်ကို ထမ်း သော လေဝိ သားများ၊ သီချင်း ဆရာခေနနိ နှင့် သီချင်း ဆို သူများတို့ သည် ပိတ်ချော ကိုဝတ် ကြ၏။ ဒါဝိဒ် သည် ပိတ် သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။

28ထိုသို့ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြွေးကြော် လျက် ၊ နှဲခရာ ၊ တံပိုး ၊ ခွက်ကွင်း ၊ တယော ၊ စောင်း တို့ကို တီးမှုတ် လျက်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။

29ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ ဝင် သောအခါ ၊ ရှောလု ၏ သမီး မိခါလ သည် ပြတင်းပေါက် က ကြည့် ၍ ၊ ဒါဝိဒ် မင်းကြီး သည် က လျက် တီးမှုတ် လျက်လာသည်ကို မြင် သဖြင့် စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 14Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 16 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 15

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829