The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 23

1ဒါဝိဒ် မင်းသည် အသက် ကြီး၍ ကာလ ပြည့်စုံ ရာ အချိန်ရောက်သောအခါ၊ သား တော်ရှောလမုန် ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထား၍၊

2ဣသရေလ မင်း ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား အပေါင်း တို့ကို စုဝေး စေတော်မူ၏။

3လေဝိ သားတို့တွင် အသက် သုံး ဆယ် လွန် ၍ စာရင်းဝင် သော ယောက်ျား ပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။

4ထို သူတို့တွင် နှစ်သောင်း လေးထောင်တို့သည် ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရကြ၏။ ခြောက် ထောင် တို့သည် အရာရှိ ၊ တရားသူကြီး လုပ်ရကြ ၏။

5လေး ထောင် တို့သည် တံခါး ကိုစောင့်ရကြ၏။ လေး ထောင် တို့သည် ဂုဏ် တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းရကြ၏။

6လေဝိ သား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ အမျိုး အသီးအသီးတို့ကို ဒါဝိဒ် ခွဲထား ၍ တမျိုး တခြားစီသင်းဖွဲ့စေ၏။

7ဂေရရှုံ အမျိုးသားကား၊ လာဒန် နှင့် ရှိမိ တည်း။

8လာဒန် သား အကြီး ကား၊ ယေဟေလ ၊ သူ၏ညီ ဇေသံ နှင့် ယောလ ၊ ပေါင်းသုံး ယောက်တည်း။

9ရှိမိ သား ကား ရှေလောမိတ် ၊ ဟာဇေလ ၊ ဟာရန် ၊ ပေါင်းသုံး ယောက်တည်း။ ဤ သူတို့သည်လာဒန် အဆွေအမျိုး သူကြီးဖြစ်ကြ၏။

10ရှိမိ သား ကား ယာဟတ် ၊ ဇိဇ ၊ ယုရှ ၊ ဗေရိ ၊ ပေါင်း လေး ယောက်တည်း။

11ယာဟတ် ကားအကြီး ဖြစ် ၏။ ဇိဇ ကား ဒုတိယ အရာကို ရ၏။ ယုရှ နှင့် ဗေရိ ၌ကား သား များစွာ မ ရှိ။ သို့ဖြစ်၍ အဆွေအမျိုး အလိုက် စာရင်း တခုတည်း ၌ ပေါင်းကြ၏။

12ကောဟတ် သား ကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ ၊ ပေါင်းလေး ယောက်တည်း။

13အာမရံ သား ကား အာရုန် နှင့် မောရှေ တည်း။ အာရုန် နှင့်သားစဉ် မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကိုမီးရှို့ခြင်း၊ အမှု တော်ကို ဆောင်ရွက်ခြင်း၊ နာမ တော်ကိုမြွက်၍ အစဉ် ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန် သန့်ရှင်းသောအရာတို့ကို သန့်ရှင်း စေခြင်းငှါ အခြားသူတို့နှင့် ခွဲထား သောသူဖြစ်ကြ၏။

14ဘုရားသခင့် လူ မောရှေ ၏သား ကိုကား၊ လေဝိ အမျိုးသား တို့၏ စာရင်း ၌သွင်းရ၏။

15မောရှေ သား ကားဂေရရှုံ နှင့် ဧလျေဇာတည်း။

16ဂေရရှုံ သား တို့တွင်၊ ရှေဗွေလ သည် အကြီး ဖြစ်၏။

17ဧလျေဇာ သား အကြီး ရေဟဘိ တယောက်တည်းရှိ ၏။ ရေဟဘိ ၌ကား သား အလွန် များ၏။

18ဣဇဟာ သား အကြီး ကားရှေလောမိတ်၊

19ဟေဗြုန် သား အကြီး ကားယေရိ ၊ ဒုတိယ သား အာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သားယေကမံ၊

20ဩဇေလ သား အကြီး ကားမိက္ခါ ၊ ဒုတိယ သား ယေရှိ တည်း။

21မေရာရိ သား ကားမဟာလိ နှင့် မုရှိ တည်း။ မဟာလိ သား ကား ဧလာဇာ နှင့် ကိရှ တည်း။

22ဧလာဇာ သည်သား မ ရှိ။ သမီး သက်သက် ရှိ၍ သေ ၏။ သူ့သမီးတို့နှင့်သူ့ညီ ကိရှ သား တို့သည် စုံဘက် ကြ၏။

23မုရှိ သား ကား မဟာလိ ၊ ဧဒါ ၊ ယေရိမုတ် ၊ ပေါင်း သုံး ယောက်တည်း။

24ဤရွေ့ကား အသက် နှစ် ဆယ်လွန် ၍ ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရသောလေဝိ အမျိုးသား အဆွေအမျိုး အလိုက် စာရင်း ဝင်သော အဆွေအမျိုး သူကြီးဖြစ်သတည်း။

25ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် မိမိ လူမျိုး အား ငြိမ်ဝပ် သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင် မြို့၌ အစဉ် နေ တော်မူသောကြောင့်၊

26လေဝိ သားတို့သည် တဲ တော်နှင့် တဲ တော်အမှု ဆောင်ရွက်ရာ တန်ဆာ များကို နောက်တဖန်မ ထမ်း ရဟု ဒါဝိဒ် မိန့် တော်မူ၏။

27နောက်ဆုံး အမိန့် တော်အတိုင်း ၊ အသက် နှစ် ဆယ်လွန် သော လေဝိ သား တို့ကို စာရင်း ယူရ၏။

28အကြောင်း မူကား၊ လေဝိသားတို့သည် အာရုန် သား တို့၏လက်ထောက် ဖြစ်သည်နှင့်အညီ ၊ သန့်ရှင်း သောအရာရှိသမျှ တို့ ကို စင်ကြယ် စေ၍၊ ထာဝရဘုရား ၏ အိမ် တော်နှင့်တန်တိုင်း များ၊ အခန်း များ၌ အမှု ကို ဆောင်ရွက် ရကြမည်။

29ရှေ့ တော်မုန့်ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာ မုန့်ညက် ကို၎င်း၊ တဆေးမဲ့ မုန့်ပြား ၊ သံပြား နှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော် ကို၎င်းလုပ်၍ ဘုရားသခင် ၏ အိမ် တော် အမှု ကိုလည်း ဆောင်ရွက် ရကြမည်။ တိုင်းထွာ ၊ ချိန်တွယ်၊ ခြင်တွက် ခြင်းအမှုအမျိုးမျိုး ကိုလည်း စီရင်ရကြမည်။

30နံနက် တိုင်း၊ ညဦး တိုင်းရပ် လျက်၊ ကျေးဇူး တော် ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား ၏ ဂုဏ် တော်ကိုလည်း ချီးမွမ်းရကြမည်။

31ပညတ်တရားတော်အတိုင်းဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မ ပွဲနေ့၊ အစဉ်မပြတ် ထာဝရဘုရား ရှေ့ တော်၌ မီးရှို့ ရာ ယဇ်မျိုး တို့ကို ပူဇော် ရကြမည်။

32ပရိသတ်စည်းဝေး ရာတဲ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရား အိမ် တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကို အာရုန် သား တို့ကို၎င်း စောင့် ရကြမည်။

← 2 ရာဇဝင်ချုပ်ပထမစောင် 22Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 24 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 23

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829