The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 26

1အသီးအသီး သင်းဖွဲ့သော တံခါးစောင့် များဟူမူကား။ ကောရဟိ အမျိုးဧဗျာသပ်အနွှယ်၊ ကောရ သား မေရှလေမိ၊

2မေရှလေမိ ၏သားဦး ဇာခရိ ၊ ဒုတိယ သား ယေဒျေလ ၊ တတိယ သားဇေဗဒိ ၊ စတုတ္ထ သား ယာသနေလ ၊

3ပဉ္စမ သားဧလံ ၊ ဆဋ္ဌမ သားယောဟနန် ၊ သတ္တမ သားဧလဲဩနဲ တည်း။

4ဩဗဒေဒုံ ၏သားဦး ရှေမာယ ၊ ဒုတိယ သား ယောဇဗပ် ၊ တတိယ သားယောအာ ၊ စတုတ္ထ သားစာကာ ၊ ပဉ္စမ သားနာသနေလ၊

5ဆဋ္ဌမ သားအမျေလ ၊ သတ္တမ သားဣသခါ ၊ အဌမ သားပုလသဲ တည်း။ ဩဗဒေဒုံ ကို ဘုရားသခင် သည် ကောင်းကြီး ပေးတော်မူ၏။

6-

7သားဦးရှေမာယ ၏သား ဩသနိ ၊ ရေဖေလ ၊ ဩဗက် ၊ ဧလာဇာဗဒ် နှင့် ခွန်အား ကြီးသော ညီဧလိဟု ၊ သေမခိ တို့သည် ခွန်အား ကြီးသောသူရဲ၊ မိမိ တို့အဆွေအမျိုး ၌ အစိုးရ သောသူဖြစ်ကြ၏။

88အမှု တော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင် အောင်ခွန်အား ကြီးသောဩဗဒေဒုံ အမျိုးသား ချင်း ယောက်ျား ပေါင်း ကား ခြောက် ကျိပ်နှစ် ယောက်တည်း။

9ခွန်အား ကြီးသော မေရှလေမိ သား ညီ ယောက်ျား ပေါင်းကား တကျိပ် ရှစ် ယောက်တည်း။

10မေရာရိ အမျိုး ၊ ဟောသ ၏သား တို့တွင် ရှိမရိ သည် သားဦး မ ဟုတ် သော်လည်း ၊ အဘ ခန့်ထား သောကြောင့် သားအကြီး ဖြစ်သတည်း။

11ဒုတိယ သားကားဟိလခိ ၊ တတိယ သားတေဗလိ ၊ စတုတ္ထ သား ဇာခရိ အစရှိသော ဟေဝသ သား ညီ ပေါင်း ကား တကျိပ် သုံး ယောက်တည်း။

12ဤရွေ့ကား ထာဝရဘုရား ၏ အိမ် တော်၌ အလှည့်လှည့်စောင့် ခြင်းငှါ သင်းဖွဲ့ သော တံခါးစောင့် အကြီးအကဲ ဖြစ်သတည်း။

13ထိုသူအကြီး အငယ် တို့သည်၊ မိမိ တို့အဆွေအမျိုး အလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှါစာရေးတံ ပြုကြ၍၊

14အရှေ့ မျက်နှာကို ရှေလမိ ရ၏။ ရှေလမိ သား ပညာရှိ ဇာခရိ သည် စာရေးတံ အားဖြင့်မြောက် မျက်နှာကို ရ၏။

15ဩဗဒေဒုံ သည် တောင် မျက်နှာကို၎င်း ၊ သူ ၏ သား တို့သည် အသုပိမ် အိမ် ကို၎င်းရ၏။

16ရှုပိန် နှင့် ဟောသ သည် အနောက် မျက်နှာနှင့် ဗိမာန်တော်သို့ တက် ရာလမ်းဝ ၌ ရှလ္လေခက် တံခါး ကိုရ၍ တဘက်တချက် ၌ စောင့် ရ၏။

17နေ့ရက် အစဉ်အတိုင်းအရှေ့ မျက်နှာ၌ လေဝိ သားခြောက် ယောက်၊ မြောက် မျက်နှာ၌ လေး ယောက်၊ တောင် မျက်နှာ၌ လေး ယောက်၊ အသုပိမ် ဘက် မှာနှစ် ယောက်၊ တန်တိုင်း တော်ပြင်မှာနှစ် ယောက်၊

18အနောက် မျက်နှာလမ်းဝ မှာ လေး ယောက်၊ တန်တိုင်း တော်ပြင်မှာ နှစ် ယောက်စောင့် ရကြ၏။

19ဤရွေ့ကား ၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသား နှင့် မေရရိ အမျိုးသား ဖွဲ့သော အသင်းအသီးအသီး ပေတည်း။

20လေဝိ သားတို့တွင်၊ အဟိယ သည် ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ နှင့် ပူဇော် သောဘဏ္ဍာ များကို အုပ်ရ၏။

21အဆွေအမျိုး သူကြီးဖြစ်သော ဂေရရှုံ အမျိုး လာဒန် သား တို့တွင် ယေဟေလိ နှင့်၊

22သူ၏သား ဇေသံ ယောလ တို့သည်လည်း ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ ကိုအုပ်ရ၏။

23အာမရံ အမျိုး၊ ဣဇဟာ အမျိုး၊ ဟေဗြုန် အမျိုး၊ ဩဇေလ အမျိုးသားအချို့ပါကြ၏။

24မောရှေ သား ဂေရရှုံ ၏သား ရှေဗွေလ သည် လည်း ဘဏ္ဍာ တော်တို့ကို အုပ် ရ၏။

25ဂေရရှုံ ညီ ဧလျေဇာ ၊ ဧလျေဇာ သား ရေဟဗိ ၊ သူ ၏သား ယေရှာယ ၊ သူ ၏သား ယောရံ ၊ သူ ၏သား ဇိခရိ ၊ သူ ၏သား ရှေလောမိတ် တည်း။

26ထိုရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ဒါဝိဒ် မင်းကြီး ၊ အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ ဗိုလ် မင်းပူဇော် သော ဘဏ္ဍာ ရှိသမျှ ကို အုပ်ရ၏။

27ထိုမင်းတို့သည် စစ် တိုက် ၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား ၏ အိမ် တော်ကို ပြုစု ခြင်းငှါ ပူဇော် တတ်ကြ၏။

28ပရောဖက် ရှမွေလ ၊ ကိရှ သား ရှောလု ၊ နေရ သား အာဗနာ ၊ ဇေရုယာ သား ယွာဘ မှစ၍အခြားသောသူ ပူဇော် သမျှ တို့ကို၊ ရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ကြည့်ရှုအုပ်စိုးရကြ၏။

29ဣဇဟာ အမျိုးခေနနိ နှင့် သူ ၏သား တို့သည် မင်း အရာရှိ၊ တရားသူကြီး ဖြစ်၍၊ ဣသရေလ နိုင်ငံတွင် ပြင် အမှု ကို စောင့်ရကြ၏။

30ဟေဗြုန် အမျိုးဖြစ်သော သူရဲကြီးဟာရှဘိ နှင့် သူ ၏ညီ တထောင် ခုနစ် ရာ တို့သည်၊ ယော်ဒန် မြစ် အနောက် ဘက်မှာ နေသောဣသရေလ လူတို့တွင် မင်းအရာရှိ ဖြစ်၍၊ ထာဝရဘုရား ၏အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။

31ဟေဗြုန် အမျိုးသားတို့တွင်၊ အဆွေအမျိုး အလိုက် ယေရိယ သည် အကြီးအကဲ ဖြစ်၏။ ဒါဝိဒ် မင်းနန်းစံ လေး ဆယ်တွင် ၊ ထိုအမျိုးသားတို့ကို စာရင်း ယူ၍ ဂိလဒ် ပြည်ယာဇာ မြို့၌ ခွန်အား ကြီးသော သူရဲတို့ကို တွေ့ ၏။

32ယေရိယ၏ပေါက်ဘော် တည်းဟူသောသူရဲ ကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင် ခုနစ် ရာ တို့သည် ဒါဝိဒ် မင်းကြီး ခန့်ထား သည်အတိုင်း၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ကို အုပ်စိုး၍ ဘုရားသခင် ၏ အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 25Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 27 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 26

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829