The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 24

1အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။

2နာဒပ် နှင့် အဘိဟု သည်သား မ ရှိ။ အဘ လက်ထက်တွင် သေ သောကြောင့် ၊ ဧလာဇာ နှင့် ဣသမာ သည် ယဇ် ပုရောဟိတ်အမှုကို ဆောင်ရ၏။

3ဒါဝိဒ် သည် ဧလာဇာ အမျိုး ဇာဒုတ် နှင့် ဣသမာ အမျိုး အဟိမလက် ကို အသီးအသီး ဆောင် သင့်သည် အတိုင်းခန့်ထားလေ၏။

4ဣသမာ အမျိုး အကြီးအကဲ ထက် ဧလာဇာ အမျိုး အကြီးအကဲသာ၍များ သောကြောင့်၊ ဧလာဇာ အဆွေအမျိုး အလိုက် အကြီးအကဲ တကျိပ် ခြောက် ယောက်၊ ဣသမာ အဆွေအမျိုး အလိုက် အကြီးအကဲရှစ် ယောက် တို့ကို အသီးအသီး ခွဲခန့်လေ၏။

5စာရေးတံ ပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်း ရာဌာနအုပ် ၊ ဘုရားသခင် ၏အမှု တော်အုပ်တို့ကို ဧလာဇာ အမျိုး နှင့် ဣသမာ အမျိုး ထဲက ရွေးယူရ၏။

6လေဝိ အမျိုးနာသနေလ သား စာရေးတော် ရှေမာယ သည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာ သား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီး များ ရှေ့ မှာနာမများကို မှတ် ရ၏။ စာရေးတံ ပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသော သူဟူမူကား၊

7ပဌမ သူယောယာရိပ် ၊ ဒုတိယ သူယေဒါယ၊

8တတိယ သူဟာရိမ် ၊ စတုတ္ထ သူစောရိမ်၊

9ပဉ္စမ သူမာလခိယ ၊ ဆဌမ သူမိယမိန်၊

10သတ္တမ သူဟက္ကုတ် ၊ အဋ္ဌမ သူအဘိယ၊

11နဝမ သူယေရွှာ ၊ ဒသမ သူ ရှေကနိ၊

12ဧကဒသမ သူဧလျာရှိပ် ၊ ဒွါဒသမ သူယာကိမ်၊

13တကျိပ် သုံး ယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ် လေး ယောက်မြောက်သောသူ ယေရှေဗပ်၊

14တကျိပ် ငါး ယောက်မြောက်သော သူဗိလဂ ၊ တကျိပ် ခြောက် ယောက် မြောက်သောသူဣမ္မေရ၊

15တကျိပ် ခုနစ် ယောက်မြောက်သောသူ ဟေဇိရ ၊ တကျိပ် ရှစ် ယောက်မြောက်သူအပ်ဇဇ်၊

16တကျိပ် ကိုး ယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ် မြောက်သောသူ ယေဇကျေလ၊

17နှစ်ကျိပ် တယောက် မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ် နှစ် ယောက်မြောက်သောသူ ဂါမုလ၊

18နှစ်ကျိပ် သုံး ယောက်မြောက်သောသူ ဒေလာယ ၊ နှစ်ကျိပ် လေး ယောက်မြောက်သောသူ မာဇိ တည်း။

19ထိုသို့သူတို့အဘ အာရုန် အား ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူ၍၊ အဘ အာရုန်စီရင် သည် အတိုင်း သူတို့သည် ထာဝရဘုရား ၏ အိမ် တော်ကို ဝင် မြဲဝင်၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့် ခြင်းရှိသတည်း။

20ကြွင်း သော လေဝိ အမျိုးသား ဟူမူကား၊ အာမရံ သား ဖြစ်သော ရှုဗွေလ ၏သား စုတွင် ယေဒေယ၊

21ရေဟဘိ သား စုတွင် ဣရှယာ၊

22ဣဇဟာ သားဖြစ်သော ရှေလောမိတ် ၏သားစု တွင် ယာဟတ်၊

23ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သား ယေကမံ ၊

24ဩဇေလ သား ဖြစ်သော မိက္ခါ ၏သား စုတွင် ရှမိရ၊

25မိက္ခါ ညီ ဣရှယာ သား စုတွင် ဇာခရိ တည်း။

26မေရာရိ သား ကား မဟာလိ နှင့် မုရှိ ဖြစ်၍၊

27မေရာရိ အမျိုးသား ဖြစ်သော ယာဇိ ၏သား ကား ဗေနော၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိ တည်း။

28မဟာလိ သားဧလာဇာ ၌သား မ ရှိ။

29ကိရှ သား ကား ယေရမေလ တည်း။

30မုရှိ သား ကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ် တည်း။ ဤရွေ့ကား မိမိ တို့ အဆွေအမျိုး အလိုက် လေဝိ အမျိုးသားတည်း။

31ဤသူ တို့သည် ဒါဝိဒ် မင်းကြီး ၊ ဇာဒုတ် ၊ အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီးတို့ရှေ့ မှာ မိမိ တို့ညီအစ်ကို အာရုန် အမျိုးသား တို့တဘက်တချက် အလှည့်လှည့်စာရေးတံ ပြုကြ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 23Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 25 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 24

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829