The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 3

1ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သော သား တို့တွင် သားဦး ကား၊ ယေဇရေလ မြို့သူအဟိနောင် တွင် မြင်သောသားအာမနုန် တည်း။ ဒုတိယ သားကား၊ ကရမေလ မြို့သူအဘိဂဲလ တွင် မြင်သောသား ဒံယေလ တည်း။

2တတိယ သားကား၊ ဂေရှုရ ရှင်ဘုရင် တာလမဲ သမီး မာခါ ၏သား အဗရှလုံ တည်း။ စတုတ္ထ သားကား၊ ဟဂ္ဂိတ် ၏သား အဒေါနိယ တည်း။

3ပဉ္စမ သားကား အဘိတလ ၏ သားရှေဖတိ တည်း။ ဆဌမ သားကား၊ မြောက်သားတော် ဧဂလ တွင် မြင်သော သား ဣသရံ တည်း။

4ထိုသားခြောက် ယောက်တို့ကို ဟေဗြုန် မြို့၌ မြင် ၏။ ထိုမြို့တွင် ခုနစ် နှစ် နှင့် ခြောက် လ မင်း ပြု၏။ ယေရုရှလင် မြို့တွင် အနှစ်သုံး ဆယ်သုံး နှစ် မင်း ပြု၏။

5ယေရုရှလင် မြို့၌ မြင် သောသားဟူမူကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန် တည်းဟူသောအမျေလ သမီး ဗာသရှေဘ တွင် မြင်သောသား လေး ယောက်။

6ထိုမှတပါး၊ ဣဗဟာ ။ ဧလိရွှ ၊ ဧလိပလက်။

7နောဂ ၊ နေဖက် ၊ ယာဖျာ၊

8ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် ၊ ပေါင်းကိုး ယောက်တည်း။

9ဤရွေ့ကားမယားငယ် တွင်ရသောသား တို့ကို မဆိုဘဲ ဒါဝိဒ် ၏ သား များတည်း။ နှမ တာမာ လည်းရှိ၏။

10ရှောလမုန် သား ကား ရောဗောင် ၊ ရောဗောင်သား အဘိယ ၊ အဘိယသား ယောရှဖတ်၊

11ယောရှဖတ်သား ယောရံ ၊ ယောရံသား အာခဇိ ၊ အာခဇိသား ယောရှ၊

12ယောရှသား အာမဇိ ၊ အာမဇိသား ဩဇိ၊ ဩဇိသား ယောသံ၊

13ယောသံသား အာခတ် ၊ အာခတ်သား ဟေဇကိ ၊ ဟေဇကိသား မနာရှေ၊

14မနာရှေသား အာမုန် ၊ အာမုန်သား ယောရှိ တည်း။

15ယောရှိ သားဦး ကား ယောဟာနန် ၊ ဒုတိယ သား ယောယကိမ် ၊ တတိယ သားဇေဒကိ ၊ စတုတ္ထ သား ရှလ္လုံ တည်း။

16ယောယကိမ် သား ကား ယေခေါနိ နှင့် ဇေဒကိ တည်း။

17အကျဉ်းခံရသောယေခေါနိ သား ကား ရှာလသေလ၊

18မာလခိရံ ၊ ပေဒါယ ၊ ရှေနဇာ ၊ ယေကမိ ၊ ဟောရှမ ၊ နေဒဘိ တည်း။

19ရှာလသေလသားကား ဇေရုဗဗေလ နှင့် ရှိမိ တည်း။ ဇေရုဗဗေလ သား ကား မေရှုလံ ၊ ဟာနနိ ၊ နှမ ရှေလောမိတ် နှင့်တကွ၊

20ဟရှုဘ ၊ ဩဟေလ ၊ ဗေရခိ ၊ ဟသဒိ ၊ ယုရှဿေသက် ၊ ပေါင်းငါး ယောက်တည်း။

21ဟာနနိ သား ကား ပေလတိ နှင့် ယေရှာယ တည်း။ ယေရှာယသား ကား၊ ရေဖာယ ။ ရေဖာယသား အာနန် ၊ အာနန်သား ဩဗဒိ ၊ ဩဗဒိသား ရှေခနိ၊

22ရှေခနိ သား ရှေမာယ တည်း။ ရှေမာယ သား ကား ဟတ္တုတ် ၊ ဣဂါလ ၊ ဗာရိ ၊ နာရိ ၊ အာဇရိ၊ ရှာဖတ် ၊ ပေါင်း ခြောက် ယောက်တည်း။

23နာရိ သား ကား ဧလိဩနဲ ၊ ဟေဇကိ ၊ အာဇရိကံ ၊ ပေါင်းသုံး ယောက်တည်း။

24ဧလျောနဲ သား ကား ဟောဒါယ ၊ ဧလျာရှိပ် ၊ ပေလာယ ၊ အက္ကုပ် ၊ ယောဟန် ၊ ဒလာယ ၊ အာနနိ ၊ ပေါင်း ခုနစ် ယောက်တည်း။

← 2 ရာဇဝင်ချုပ်ပထမစောင် 2Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 4 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829