The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 6

1လေဝိ သား ကားဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။

2ကောဟတ် သား ကား အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။

3အာမရံ သား ကားအာရုန် ၊ မောရှေ ၊ မိရိအံ တည်း။ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။

4ဧလာဇာ သား ကား ဖိနဟတ် ၊ ဖိနဟတ် သား အဘိရွှ၊

5အဘိရွှ သား ဗုက္ကိ ၊ ဗုက္ကိ သား ဩဇိ၊

6ဩဇိ သား ဇေရဟိ ၊ ဇေရဟိ သား မေရာယုတ်၊

7မေရာယတ် သား အာမရိ ၊ အာမရိ သား အဟိတုပ်၊

8အဟိတုပ် သား ဇာဒုတ် ၊ ဇာဒုတ် သား အဟိမတ်၊

9အဟိမတ် သား အာဇရိ ၊ အာဇရိ သား ယောဟန် တည်း။

10ယောဟန် သား ကား၊ ယေရုရှလင် မြို့မှာ ရှောလမုန် တည် သော ဗိမာန် တော်၌ ယဇ် ပုရောဟိတ်ပြုသော အာဇရိ တည်း။

11အာဇရိ သား ကား အာမရိ ၊ အာမရိ သား အဟိတုပ်၊

12အဟိတုပ် သား ဇာဒုတ် ၊ ဇာဒုတ် သား ရှလ္လုံ၊

13ရှလ္လုံ သား ဟိလခိ ၊ ဟိလခိ သား အာဇရိ၊

14အာဇရိ သား စရာယ ၊ စရာယ သား ယောဇဒက် တည်း။

15ယောဇဒက် သည် နေဗုခဒ်နေဇာ လက် ဖြင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို ထာဝရဘုရား သိမ်း သွားစေတော်မူသောအခါ ပါသွား သတည်း။

16လေဝိ သား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တို့တွင်၊

17ဂေရရှုံ သား ကား လိဗနိ နှင့် ရှိမိ တည်း။

18ကောဟတ် သား ကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။

19မေရာရိ သား ကား မဟာလိ နှင့် မုရှိ တည်းဟူသော လေဝိ အဆွေအမျိုးအသီးအသီးဖြစ်သတည်း။

20ဂေရရှုံ သားကားလိဗနိ ၊ လိဗနိသား ယာဟတ် ၊ ယာဟတ်သား ဇိမ္မ၊

21ဇိမ္မသား ယောအာ ၊ ယောအာသား ဣဒ္ဒေါ ၊ ဣဒေါသား ဇေရ ၊ ဇေရသား ယာတရဲ တည်း။

22ကောဟတ် သား ကား ဣဇဟာတည်းဟူသောအမိနဒပ် ၊ အမိနဒပ်သား ကောရ ၊ ကောရသား အဿိရ၊

23အဿိရသား ဧလကာန ၊ ဧလကာနသား ဧဗျာသပ် ၊ ဧဗျာသပ် သား အဿိရ၊

24အဿိရသား တာဟတ် ၊ တာဟတ်သား ဥရေလ ၊ ဥရေလသား ဩဇိ ၊ ဩဇိသား ရှောလ၊

25ရှောလသား ဧလကာန၊ ဧလကာန သား အာမသဲ နှင့် အဟိမုတ်၊

26အာမသဲသား ဇောဖဲ ၊ ဇောဖဲသား နာဟတ်၊

27နာဟတ်သား ဧလျာဘ ၊ ဧလျာဘသား ယေရောဟံ ၊ ယေရောဟံသား ဧလကာန ၊ ဧလကာနသား ရှမွေလ တည်း။

28ရှမွေလသားဦး ကား ယောလ၊ ဒုတိယ သား အဘိယ တည်း။

29မေရာရိ သား ကားမဟာလိ ၊ မဟာလိသား လိဗနိ ၊ လိဗနိသား ရှိမိ ၊ ရှိမိသား ဩဇ၊

30ဩဇသား ရှိမာ ၊ ရှိမာသား ဟဂ္ဂျာ ၊ ဟဂ္ဂျာသား အသာယ တည်း။

31ထာဝရဘုရား ၏ သေတ္တာ တော်သည် ငြိမ်ဝပ် သောအခါ ၊ အိမ် တော်၌ သီချင်း ဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ၊ ဒါဝိဒ် မင်းခန့်ထား သော သူ တို့သည်၊

32ယေရုရှလင် မြို့၌ ဗိမာန် တော်ကို ရှောလမုန် မ တည် မှီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေး ရာ တဲ တော် တည်ရာအရပ်၌ သီချင်း ဆိုလျက် အမှု တော်ကို စောင့်ကြ ၏။ ဗိမာန်တော်ကို တည်ပြီးသောနောက်၊ မိမိ တို့ အလှည့် အတိုင်း စောင့် ရသောအမှုကို စောင့် လျက်နေကြ၏။

33-

34-

35-

36-

37-

38ထို အမှု တော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား ၊ ဣသရေလ ၊ လေဝိ ၊ ကောဟတ် ၊ ဣဇဟာ ၊ ကောရ ၊ ဧဗျာသပ် ၊ အဿိရ ၊ တာဟတ် ၊ ဇေဖနိ ၊ အာဇရိ ၊ ယောလ ၊ ဧလကာန ၊ အမာသဲ ၊ မာဟတ် ၊ ဧလကာန ၊ ဇောဖဲ ၊ တောအာ ၊ ဧလျာဘ ၊ ယေရောဟံ ၊ ဧလကာန ၊ ရှမွေလ ၊ ယောလ တို့မှ ဆင်းသက်သော ကောဟတ် အမျိုး၊ သီချင်း သည် ဟေမန် တပါး၊

39-

40-

41-

42-

43လေဝိ ၊ ဂေရရှုံ ၊ ယာဟတ် ၊ ရှိမိ ၊ ဇိမ္မ ၊ ဧသန် ၊ အဒါယ ၊ ဇေရ ၊ ဧသနိ ၊ မာလခိ ၊ ဗာသေယ ၊ မိက္ခေလ ၊ ရှိမာ ၊ ဗေရခိ တို့မှ ဆင်းသက်သော အာသပ် ၊ ဟေမန် လက်ျာ ဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ် တပါး၊

44-

45-

46-

47လေဝိ ၊ မေရာရိ ၊ မုရှိ ၊ မဟာလိ ၊ ရှမေရ ၊ ဗာနိ ၊ အံဇိ ၊ ဟိလခိ ၊ အာမဇိ ၊ ဟာရှဗိ ၊ မလ္လုတ် ၊ အာဖဒိ ၊ ကိရှိ တို့မှ ဆင်းသက်သော ဧသန် တပါးမှစ၍လက်ဝဲ ဘက်မှာ နေရာရှိသော အပေါင်းအဘော် ၊ မေရာရိ အမျိုးသား များတည်း။

48သူ တို့၏ညီအစ်ကို ဖြစ်သော လေဝိ သားတို့သည်၊ ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲ တော်အမှု အမျိုးမျိုး စောင့်သောအရာ၌ ခန့်ထား ခြင်းကိုခံ ကြ၏။

49အာရုန် နှင့် သူ ၏ သားစဉ် မြေးဆက်မူကား ၊ ယဇ်ကောင်ကို မီး ရှို့ရာပလ္လင် နှင့် ၊ နံ့သာပေါင်း ကို မီးရှို့ရာ ပလ္လင် ပေါ် မှာပူဇော် လျက် ၊ အလွန် သန့်ရှင်းရာဌာနတော် အမှု အလုံးစုံ ကိုစောင့်လျက်၊ ဘုရားသခင် ၏ ကျွန် မောရှေ မှာထား သမျှ အတိုင်း ၊ ဣသရေလ အမျိုး၏ အပြစ် ကို ဖြေရသောသူဖြစ် ကြ၏။

50အာရုန် ၏ သားမြေးမှာ၊ အာရုန်သား ကား ဧလာဇာ ၊ ဧလာဇာ သား ဖိနဟတ် ၊ ဖိနဟတ်သား အဘိရွှ၊

51အဘိရွှသား ဗုက္ကိ ၊ ဗုက္ကိသား ဩဇိ ၊ ဩဇိသား ဇေရဟိ၊

52ဇေရဟိသား မရာယုတ် ၊ မရာယုတ်သား အာမရိ ၊ အာမရိသား အဟိတုပ်၊

53အဟိတုပ်သား ဇာဒုတ် ၊ ဇာဒုတ်သား အဟိမတ် တည်း။

54အာရုန် ၏ သားမြေးဖြစ်သော ကောဟတ် အဆွေအမျိုး တို့သည်၊ စာရေးတံ ပြု သောအားဖြင့် ရ၍ နေရသောမြို့ နှင့် မြို့နယ် များဟူမူကား၊

55ယုဒ ခရိုင် ၌ ဟေဗြုန် မြို့နှင့် မြို့နယ် ကိုရကြ၏။

56သို့ရာတွင် မြို့ နှင့်ဆိုင်သောလယ် များ၊ ရွာ များတို့ကို ယေဖုန္န သား ကာလက် သည်ရ၏။

57ပြေး၍မှီခို ရာဟေဗြုန် မြို့မှတပါး၊ ယုဒခရိုင်ထဲက လိဗန မြို့နှင့် မြို့နယ် ၊ ယတ္တိရ မြို့နှင့် မြို့နယ်၊ ဧရှတမော မြို့ နှင့် မြို့နယ်၊

58ဟောလုန် မြို့နှင့် မြို့နယ် ၊ ဒေဗိရ မြို့နှင့် မြို့နယ်၊

59အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့်မြို့နယ်၊ ဗက်ရှေမက် မြို့နှင့် မြို့နယ် တို့ကို၎င်း၊

60ဗင်္ယာမိန် ခရိုင် ထဲက ဂိဗောင်မြို့နှင့်မြို့နယ်၊ ဂေဗ မြို့နှင့် မြို့နယ် ၊ အာလမက် မြို့နှင့် မြို့နယ် ၊ အာနသုတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ အာရုန်၏သားမြေးတို့သည် အဆွေအမျိုး အလိုက်ရ၍၊ မြို့ ပေါင်း ကား တဆယ် သုံး မြို့ တည်း။

61ကြွင်း သော ကောဟတ် သား အဆွေအမျိုး တို့ သည် စာရေးတံ အားဖြင့် ၊ မနာရှေ ခရိုင် ဝက် ထဲက မြို့ဆယ် မြို့ တို့ကို ရကြ၏။

62ဂေရရှုံ သား အဆွေအမျိုး တို့သည် ဣသခါ ခရိုင် ၊ အာရှာ ခရိုင် ၊ နဿလိ ခရိုင် ၊ ဗာရှန် ပြည်မနာရှေ ခရိုင် ထဲက မြို့တဆယ် သုံး မြို့ တို့ကို ရကြ၏။

63မေရာရိ သား အဆွေအမျိုး တို့သည် ရုဗင် ခရိုင် ၊ ဂဒ် ခရိုင် ၊ ဇာဗုလုန် ခရိုင် ထဲက မြို့တဆယ် နှစ် မြို့ တို့ကို ရကြ၏။

64ဤမည်သော မြို့ တို့ကို မြို့နယ် နှင့်တကွ၊ ဣသရေလ အမျိုးသားတို့သည် လေဝိ သားတို့အား ပေး ကြ၏။

65အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံ ပြု၍၊ ယုဒ အမျိုးသား ခရိုင် ၊ ရှိမောင် အမျိုးသား ခရိုင် ၊ ဗင်္ယာမိန် အမျိုးသား ခရိုင် ထဲက ပေး ကြ၏။

66ကြွင်းသော ကောဟတ် သား အဆွေအမျိုး တို့ သည် ဧဖရိမ် ခရိုင် ထဲက ရ သည်အတိုင်း၊

67ပြေး၍ခို နေရာ ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ ကို မြို့နယ် နှင့်တကွပေး ကြ၏။

68ထိုမှတပါး၊ ဂေဇာ မြို့နှင့် မြို့နယ် ၊ ယောကမံ မြို့ နှင့် မြို့နယ် ၊ ဗက်ဟောရုန် မြို့နှင့် မြို့နယ် တို့ကို၎င်း၊

69ဒန်ခရိုင်ထဲကဧလတေကမြို့နှင့်မြို့နယ်၊ ဂိဗ္ဗသုန် မြို့နှင့်မြို့နယ်၊ အာဇလုန် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တို့ကို၎င်း၊

70မနာရှေ ခရိုင် ဝက် ထဲက အနေရ မြို့နှင့် မြို့နယ် ၊ ဗိလံ မြို့နှင့် မြို့နယ် တို့ကို၎င်း၊ ကြွင်း သောကောဟတ် သား အဆွေအမျိုး တို့အား ပေး ကြ၏။

71ဂေရရှုံ သား တို့အား လည်း၊ မနာရှေ ခရိုင် ဝက် ထဲက ဗာရှန် ပြည် ဂေါလန် မြို့နှင့် မြို့နယ် ၊ အာရှတရုတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊

72ဣသခါ ခရိုင် ထဲက ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဒါဗရတ် မြို့နှင့် မြို့နယ်၊

73ရာမုတ် မြို့နှင့် မြို့နယ် ၊ အာနင် မြို့နှင့် မြို့နယ် တို့ကို၎င်း၊

74အာရှာ ခရိုင် ထဲက မိရှလ မြို့နှင့် မြို့နယ် ၊ အာဗဒုန် မြို့နှင့် မြို့နယ်၊

75ဟုကုတ် မြို့နှင့် မြို့နယ် ၊ ရဟောဘ မြို့နှင့် မြို့နယ် တို့ကို၎င်း၊

76နဿလိ ခရိုင် ထဲက ဂါလိလဲ ပြည်ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဟမ္မုန် မြို့နှင့် မြို့နယ် ၊ ကိရယသိမ် မြို့နှင့် မြို့နယ် တို့ကို၎င်းပေးကြ၏။

77ကြွင်း သောမေရာရိ သား တို့အား လည်း၊ ဇာဗုလုန် ခရိုင် ထဲက ရိမ္မုန် မြို့နှင့် မြို့နယ် ၊ တာဗော် မြို့နှင့် မြို့နယ် တို့ကို၎င်း၊

78ယေရိခေါ မြို့အရှေ့ ၊ ယော်ဒန် မြစ်တဘက် ၊ ရုဗင် ခရိုင် ထဲက တော ၌ ဗေဇာ မြို့နှင့် မြို့နယ် ၊ ယာဇ မြို့နှင့် မြို့နယ်၊

79ကေဒမုတ် မြို့နှင့် မြို့နယ် ၊ မေဖတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊

80ဂဒ် ခရိုင် ထဲက ဂိလဒ် ပြည်၌ ရာမုတ် မြို့နှင့် မြို့နယ် ၊ မဟာနိမ် မြို့နှင့် မြို့နယ်၊

81ဟေရှဘုန် မြို့နှင့် မြို့နယ် ၊ ယာဇာ မြို့နှင့် မြို့နယ် တို့ကို၎င်းပေးကြ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 5Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 7 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829