The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 7

1ဣသခါ သား ကား တောလ ၊ ဖုဝါ ၊ ယာရှုပ် ၊ ရှိမရုန် ၊ ပေါင်းလေး ယောက်တည်း။

2တောလ သား ကား တောလ အဆွေအမျိုး သူကြီး ဩဇိ ၊ ရေဖာယ ၊ ယေရေလ ၊ ယာမဲ ၊ ယိဗသံ ၊ ရှမွေလ တည်း။ ထိုအဆွေအမျိုး အစဉ်အဆက်တို့သည် ခွန်အား ကြီးသော သူရဲ ဖြစ်၍၊ ဒါဝိဒ် မင်းလက်ထက် နှစ်သောင်း နှစ်ထောင်ခြောက် ရာ ရှိသတည်း။

3ဩဇိ သား ကား ဣဇရဟိ ၊ ဣဇရဟိ သား မိက္ခေလ ၊ ဩဗဒိ ၊ ယောလ ၊ ဣရှယ ၊ ပေါင်း ငါး ယောက်တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။

4သူ တို့၌ သား မယား များ သောကြောင့် ၊ အဆွေအမျိုး အသီးအသီးအလိုက် ၊ စစ်သူရဲ တပ်သားသုံးသောင်း ခြောက်ထောင်ရှိကြ၏။

5သူ တို့ညီအစ်ကို ဣသခါ အဆွေအမျိုး အပေါင်း တို့သည် ခွန်အား ကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်း ဝင်သည်အတိုင်း ၊ ရှစ်သောင်း ခုနစ်ထောင်ရှိကြ၏။

6ဗင်္ယာမိန် သားကား ဗေလ ၊ ဗေခါ ၊ ယေဒယေလ ၊ ပေါင်းသုံး ယောက်တည်း။

7ဗေလ သား ကား အဆွေအမျိုး သူကြီး ဧဇဗုန် ၊ ဩဇိ ၊ ဩဇေလ ၊ ယေရိမုတ် ၊ ဣရိ ၊ ပေါင်းငါး ယောက်တည်း။ ဤသူတို့သည် ခွန်အား ကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်း ဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံး ဆယ် လေး ယောက်ရှိကြ၏။

8ဗေခါ သား ကား ဇေမိရ ၊ ယောရှ ၊ ဧလျေဇာ ၊ ဧလိဩနဲ ၊ ဩမရိ ၊ ယေရိမုတ် ၊ အဘိယ ၊ အာနသုတ် ၊ အာလမက် တည်း။

9သားစဉ် မြေးဆက်စာရင်း ဝင်၍၊ အဆွေအမျိုး သူကြီး အသီးအသီး အလိုက်၊ ခွန်အား ကြီးသော သူရဲ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိကြ၏။

10ယေဒယေလ သား ကား ဗိလဟန် ၊ ဗိလဟန် သား ယုရှ ၊ ဗင်္ယာမိန် ၊ ဧဟုဒ် ၊ ခေနာန ၊ ဇေသန် ၊ သာရှိရှ ၊ အဟိရှဟာ တည်း။

11အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက် ခြင်းငှါ ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ် ရာရှိကြ၏။

12ထိုမှတပါး ၊ ရှုပိမ် ၊ ဟုပိမ် နှင့်တကွဣရ ဟုရှိမ် သား၊ အာဟေရ သား ရှိသတည်း။

13နဿလိ သည် ဗိလဟာတွင် မြင်သောသား ကား၊ ဟာဇေလ ၊ ဂုနိ ၊ ယေဇ ၊ ရှလ္လုံ တည်း။

14မနာရှေ သားဦးကား အာသရေလ ၊ ထိုနောက်၊ ရှုရိ အမျိုးဖြစ်သော မယားငယ် တွင် မြင် သော သား၊ ဂိလဒ် ၏အဘ မာခိရ တည်း။

15မာခိရ သည်မာခါ အမည်ရှိသောဟုပိမ် နှင့် ရှုပိ ၏နှမ နှင့်စုံဘက် ၍၊ နှစ် ဆက်မြောက်သောသားကား ဇလောဖတ် အမည်ရှိ၏။ ဇလောဖတ် ၌ သမီး သက်သက်ရှိ ၏။

16မာခိရ မယား မာခါ သည် သား ကို ဘွားမြင် ၍ ၊ ပေရက် အမည် ဖြင့် မှည့် ၏။ သူ ၏ညီ ကား ရှေရက် အမည် ရှိ ၏။ သူ ၏သား ကား ဥလံ နှင့် ရေကင် တည်း။

17ဥလံ သား ကားဗေဒန် တည်း။ ဤရွေ့ကား မနာရှေ သား မာခိရ ၏ သား ဂိလဒ် အမျိုးအနွယ် တည်း။

18သူ ၏နှမ ဟမ္မောလေကက် သည် ဣရှောဒ ၊ အဗျေဇာ ၊ မဟာလ ကို ဘွားမြင် ၏။

19ရှမိဒ သား ကား အဟိအန် ၊ ရှေခင် ၊ လိကဟိ ၊ အနိအံ တည်း။

20ဧဖရိမ် သား ကား ရှုသေလ ၊ ရှုသေလသား ဗေရက် ၊ ဗေရက်သား တာဟတ် ၊ တာဟတ်သား ဧလာဒ ၊ ဧလာဒသား တာဟတ်၊

21တာဟတ်သား ဇာဗဒ် ၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး ၊ ဧဖရိမ်သားဧဇာ နှင့် ဧလဒ် တို့သည် ထိုပြည် ၌ မွေးဘွား သော၊ ဂါသ မြို့သား တို့ တိရစ္ဆာန် များကို လုယူ သောကြောင့် အသက် ဆုံးကြ၏။

22အဘ ဧဖရိမ် သည် အင်တန်ကာလ ပတ်လုံး စိတ် မသာညည်းတွားလျက် နေ၏။ ညီအစ်ကို တို့သည် နှစ်သိမ့် စေခြင်းငှါ လာ ကြ၏။

23နောက် တဖန်မယား ဆီသို့ ဝင် သဖြင့် သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် ၏။ ထိုသားကို ဗေရိယ အမည် ဖြင့်မှည့် ၏။ အကြောင်း မူကား၊ ကိုယ် အိမ်ထောင် ၌ အမင်္ဂလာ ရောက် သတည်း။

24သမီး ရှေရ ကား အထက် ဗေသောရုန် မြို့၊ အောက် ဗေသောရုန်မြို့၊ ဩဇင်ရှေရ မြို့တို့ကို ပြုစု သောသူဖြစ် ၏။

25သူ ၏သား ကားရေဖ ၊ သူ၏သားရေရှပ် ၊ သူ ၏သား တေလ ၊ သူ ၏သား တာဟန်၊

26သူ ၏သား လာဒန် ၊ သူ ၏သား အမိဟုဒ် ၊ သူ ၏ သား ဧလိရှမာ၊

27သူ ၏သား နုန် ၊ သူ ၏သား ယောရှု တည်း။

28သူ တို့ပိုင် ထိုက်သော နေရာ ဟူမူကား ၊ ဗေသလ မြို့နှင့် ကျေးလက် ၊ အရှေ့ ဘက်၌ နာရန် မြို့၊ အနောက် ဘက်၌ ဂေဇာ မြို့နှင့် ကျေးလက် ၊ ရှေခင် မြို့နှင့် ကျေးလက် ၊ ဂါဇ မြို့နှင့် ကျေးလက်၊

29မနာရှေ အမျိုးသား နေရာအနားမှာ ဗက်ရှန် မြို့ နှင့် ကျေးလက် ၊ တာနက် မြို့နှင့် ကျေးလက် ၊ မေဂိဒ္ဒေါ မြို့ နှင့် ကျေးလက် ၊ ဒေါရ မြို့နှင့် ကျေးလက် တည်း။ ဤ မြို့ရွာတို့၌ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့ သည် နေရာ ကျကြ၏။

30အာရှာ သား ကား ယိမန ၊ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရ တည်း။

31ဗေရိယ သား ကား ဟေဗာ နှင့် မာလကျေလ တည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊

32ဟေဗာ သား ကား ယာဖလက် ၊ ရှောမာ ၊ ဟောသံ ၊ နှမ ရှုအာတည်း။

33ယာဖလက် သား ကား ပါသက် ၊ ဗိမဟာလ ၊ အာရှဝတ် တည်း။

34ရှောမေရ သား ကား အာဟိ ၊ ရောဂ ၊ ယေဟုဗ္ဗ ၊ အာရံ တည်း။

35သူ ၏ညီ ဟေလင် သား ကား ဇောဖ ၊ ဣမန ၊ ရှေလက် ၊ အာမလ တည်း။

36ဇောဖ သား ကား သုအာ ၊ ဟာနေဖာ ၊ ရွှလ ၊ ဗေရိ ၊ ဣမရ၊

37ဗေဇာ ၊ ဟောဒ ၊ ရှမ္မ ၊ ရှိလရှ ၊ ဣသရန် ၊ ဗေရ တည်း။

38ယေသာ သား ကား ယေဖုန္န ၊ ပိသပ ၊ အာရ တည်း။

39ဥလ္လ သား ကား အာရ ၊ ဟံယေလ ၊ ရေဇိယ တည်း။

40ဤ သူအပေါင်း တို့သည် အာရှာ အမျိုး ၌ အဆွေအမျိုး သူကြီး ၊ ရွေး သောသူ၊ ခွန်အား ကြီးသော သူရဲ မင်း ဖြစ်ကြ၏။ သားစဉ် မြေးဆက်စာရင်းဝင်၍ စစ်တိုက် ခြင်းငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်း ခြောက်ထောင်ရှိကြ ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 6Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 8 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829