The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 25

1ထိုမှတပါး အာသပ် ၊ ဟေမန် ၊ ယေဒုသုန် သား တို့နှင့်အတူဝိုင်း၍ စောင်း ၊ တယော ၊ ခွက်ကွင်း ကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှု ကို ဆောင်ရွက် စရာဘို့၊ ဒါဝိဒ် နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သောသူတို့ စာရင်း ဟူမူကား၊

2အာသပ် သား ဇက္ကုရ ၊ ယောသပ် ၊ နေသနိ ၊ အာရှရေလ တစု၊ သူတို့သည်ရှင်ဘုရင် စီရင်သည်အတိုင်း၊ အဘအာသပ် ၌ တပည့်ဖြစ်၍ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။

3ယေဒုသုန် သား ဂေဒလိ ၊ ဇေရိ ၊ ရှိမိ၊ ယေရှာယ ၊ ဟာရှဘိ ၊ မတ္တိသိ ပေါင်းခြောက် ယောက်၊ သူတို့သည် အဘ ယေဒုသုန် ၌ တပည့်ဖြစ်၍ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်း ခြင်းငှါစောင်း တီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။

4ဟေမန် သား ဗုက္ကိ ၊ မတ္တနိ ၊ ဩဇေလ ၊ ရှေဗွေလ ၊ ယေရိမုတ် ၊ ဟာနနိ ၊ ဟာနန် ၊ ဧလျာသ ၊ ဂိဒ္ဒါလတိ ၊ ရောမန္တေဇာ ၊ ယောရှဗေကရှ ၊ မလ္လောသိ ၊ ဟောသိရ ၊ မဟာဇုတ် တည်းဟူသော၊

5ထို သူအပေါင်း တို့သည် တံပိုး မှုတ်လျက် ဘုရားသခင် ၏ တရား တော်ကို ဟောပြောသောရှင်ဘုရင် ၏ ဆရာ တော်ဟေမန် သား ဖြစ်ကြ၏။ ဘုရားသခင် သည် ဟေမန် အား သား တကျိပ် လေး ယောက်နှင့် သမီး သုံး ယောက်တို့ကိုပေး တော်မူ၏။

6ထို သားအပေါင်း တို့သည် အာသပ် ၊ ယေဒုသုန် ၊ ဟေမန် တို့ကို ရှင်ဘုရင် စီရင်သည်အတိုင်း အဘ ဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရ အရှင် ဘုရားသခင် ၏အိမ် တော်၌ ခွက်ကွင်း ၊ စောင်း ၊ တယော ကိုတီးလျက်၊ သီချင်း ဆို၍ အမှု တော်ကို ဆောင်ရွက်ရကြ၏။

7ထိုသူတို့နှင့်တကွ ထာဝရဘုရား ၏သီချင်း ကို သင် ၍ လေ့ကျက် သော ညီအစ်ကို ပေါင်း ကားနှစ် ရာရှစ်ကျိပ် ရှစ် ယောက်တည်း။

8ထိုသူတို့သည်အကြီး အငယ် ဆရာ တပည့် ရောနှောလျက် စာရေးတံ ပြု၍ သင်းဖွဲ့ရာမှာ၊

9ပဌမ သူကား၊ အာသပ် အပေါင်းအသင်းဝင်သူ ယောသပ် တည်း။ ဒုတိယ သူဂေဒလိ ၊ သူ နှင့် သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။

10တတိယ သူဇက္ကုရ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။

11စတုတ္ထ သူဣဇရိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

12ပဉ္စမ သူနေသနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

13ဆဌမ သူဗုက္ကိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

14သတ္တမ သူယေရှရေလ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

15အဋ္ဌမ သူယေရှာယ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။

16နဝမ သူမတ္တနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

17ဒသမ သူရှိမိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

18ဧကဒသမ သူအာရေလ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

19ဒွါဒသမ သူ ဟာရှဘိ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။

20တကျိပ် သုံး ယောက်မြောက်သောသူ ရှေဗွေလ ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

21တကျိပ် လေး ယောက်မြောက်သော သူမတ္တိသိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

22တကျိပ် ငါး ယောက်မြောက်သောသူ ယေရမုတ် ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။

23တကျိပ် ခြောက် ယောက်မြောက်သောသူဟာနနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။

24တကျိပ် ခုနစ် ယောက်မြောက်သောသူ ယောရှဗေကရှ ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

25တကျိပ် ရှစ် ယောက်မြောက်သောသူ ဟာနန် ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

26တကျိပ် ကိုး ယောက်မြောက်သောသူမလ္လောသိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

27နှစ်ကျိပ် မြောက်သောသူဧလျာသာ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။

28နှစ်ကျိပ် တယောက် မြောက်သောသူ ဟောသိရ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။

29နှစ်ကျိပ် နှစ် ယောက်မြောက်သော သူဂိဒ္ဒါလတိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။

30နှစ်ကျိပ် သုံး ယောက်မြောက်သောသူ မဟာဇယုတ် ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။

31နှစ်ကျိပ် လေး ယောက်မြောက်သောသူ ရောမန္တေဇာ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။

← 2 ရာဇဝင်ချုပ်ပထမစောင် 24Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 26 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 25

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829