The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 22

1သို့ဖြစ်၍ ၊ ဒါဝိဒ် က ဤ အရပ်သည် ထာဝရ အရှင်ဘုရားသခင် ၏အိမ် တော်ဖြစ်၏။ ဤ ယဇ် ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ် ပလ္လင်ဖြစ်၏ဟုဆို လျက်၊

2ဣသရေလ ပြည် ၌ ရှိသော တပါး အမျိုးသားတို့ကို စုဝေး စေခြင်းငှါ မိန့် တော်မူ၏။ ဘုရားသခင် ၏အိမ် တော် တည် စရာဘို့ ကျောက်ဆစ် ရသောပန်းရန်သမား တို့ကိုလည်း စေခိုင်း တော်မူ၏။

3တံခါး လုပ်စရာ သံချွန် အဘို့ နှင့် သစ်သား ဆက်စရာအဘို့ များစွာ သောသံ ကို၎င်း ၊ အချိန် မ မှတ်နိုင်အောင် များစွာ သော ကြေးဝါ ကို၎င်း၊

4များစွာ သော အာရဇ် သစ်သား ကို၎င်း၊ ပြင်ဆင် တော်မူ၏။ ဇိဒုန် မြို့သားနှင့် တုရု မြို့သားတို့သည်၊ အာရဇ် သစ်သား အများကို အထံ တော်သို့ ဆောင် ခဲ့ကြ၏။

5ဒါဝိဒ် ကလည်း ၊ ငါ့ သား ရှောလမုန် သည် အသက် ငယ်၍ နု သေး၏။ ထာဝရဘုရား အဘို့ တည် ရသောအိမ် မူကား အလွန် ထူးဆန်း သောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်း အသရေကျော်စောသော အိမ်ဖြစ်ရမည်။ ယခု ပင်အိမ် တော်အဘို့ ငါပြင်ဆင် မည်ဟု အကြံရှိ လျက် အနိစ္စ မ ရောက်မှီများစွာ ပြင်ဆင် တော်မူ၏။

6သား တော်ရှောလမုန် ကိုလည်း ခေါ် ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အဘို့ အိမ် တော်ကို တည်ဆောက် ရမည်အကြောင်း မှာထား လေ သည်မှာ၊

7ငါ့ သား ၊ ငါ ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ ပြီ။

8သို့ရာတွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ငါ သို့ ရောက် သည်ကား၊ သင်သည် များစွာ စစ် တိုက် ၍ လူအများ တို့ကိုသတ် လေပြီ။ မြေကြီး ပေါ် မှာ ငါ့ မျက်မှောက် ၌ များစွာ သောအသွေး ကို သွန်း သောကြောင့် ၊ ငါ့ နာမ အဘို့ အိမ် ကို မ တည် မဆောက်ရ။

9သင် မြင် သော သား တယောက်သည် ငြိမ်ဝပ် သောသူဖြစ် လိမ့်မည်။ သူ ၏အမည် ကား ရှောလမုန် ဖြစ် ၍၊ သူ့ ပတ်လည် ၌ ရန်သူ မရှိ၊ ငြိမ်ဝပ် သောအခွင့်ကို၎င်း၊ သူ ၏ လက်ထက် ၌ ဣသရေလ အမျိုးသည် စစ်တိုက် ခြင်းမရှိ၊ ငြိမ်ဝပ် စွာနေရသော အခွင့်ကို၎င်း၊ ငါပေး မည်။

10ထိုသားသည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရလိမ့်မည်။ သူ သည် ငါ့ သား ဖြစ် လိမ့်မည်။ ငါ သည်လည်း သူ၏အဘ ဖြစ်မည်။ သူထိုင်သော ဣသရေလ နိုင်ငံ ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်ဟု မိန့် တော်မူပြီ။

11သို့ဖြစ်၍ငါ့ သား ၊ ထာဝရဘုရား သည် သင့် ဘက် ၌ နေ ၍ အကြံ ထမြောက်စေတော်မူသဖြင့်၊ အမိန့် တော် ရှိသည်အတိုင်း သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို တည်ဆောက် ရလိမ့်မည်။

12သို့ရာတွင်သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ တရား တော်ကို စောင့်ရှောက် မည် အကြောင်း ၊ ထာဝရဘုရားသည် ဉာဏ် ပညာကို ပေး၍၊ ဣသရေလ အမျိုးကို စီရင်ခြင်းအမှု၌ မှာထား တော်မူပါစေသော။

13ဣသရေလ အမျိုး၏ အမှု၌ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသော စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သတိ ပြုလျှင် အကြံ ထမြောက်ရ လိမ့်မည်။ အားယူ ၍ ရဲရင့် ခြင်းရှိလော့။ စိုးရိမ် ခြင်း၊ စိတ်ပျက် ခြင်းမ ရှိစေနှင့်။

14ငါ သည်ဆင်းရဲ ခံစဉ်တွင် ၊ ထာဝရဘုရား ၏ အိမ် တော်အဘို့ ရွှေ အခွက် တထောင် နှင့် ငွေ အခွက် တသောင်း ကို၎င်း၊ အချိန် မ မှတ်နိုင်အောင်များစွာ သော ကြေးဝါ နှင့် သံ ကို၎င်း၊ သစ်သား များနှင့် ကျောက် များကို၎င်း ပြင်ဆင် ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။

15ထိုမှတပါး သင် ၌ များစွာ သော လက်သမား ၊ ပန်းရန်သမား ၊ ကျောက်ဆစ်သမား ၊ အမျိုးမျိုး သော အတတ် ၌ လေ့ကျက် သော ဆရာသမားရှိကြ၏။

16ရွှေ ငွေ ကြေးဝါ သံ အတိုင်းမသိ များသည် ဖြစ်၍ထ လော့။ ကြိုးစား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု မှာထားတော်မူ၏။

17ဣသရေလ မင်း အပေါင်း တို့သည် သား တော်နှင့် ဝိုင်း ရမည်အကြောင်း မှာထား လေသည်မှာ၊

18သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်မ ဟုတ်လော။ အရပ်ရပ် ၌ ငြိမ်ဝပ် ရသောအခွင့်ကိုပေး တော်မူသည်မဟုတ်လော။ ပြည်သူ ပြည်သားတို့ကို ငါ့ လက် ၌ အပ် တော်မူသဖြင့် ၊ ထာဝရဘုရား ၏ရှေ့ ၊ ထိုဘုရားသခင် ၏ လူ တို့ရှေ့ မှာ တပြည်လုံး သည် နှိမ့်ချ လျက်ရှိ၏။

19သို့ဖြစ်၍သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ကိုယ် စိတ် နှလုံး ကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား ၏နာမ တော်အဘို့ ၊ တည် ရသောအိမ် တော် ထဲသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့် ဘုရားသခင် ၏ သန့်ရှင်း သောတန်ဆာ တို့ကို သွင်း ခြင်းငှါ ထ ကြလော့။ ထာဝရ အရှင်ဘုရားသခင် ၏ သန့်ရှင်း ရာဌာန တော်ကို တည်ဆောက် ကြလော့ဟု မှာထားတော်မူ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 21Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 23 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 22

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829