The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 4

1ယုဒ သား ကားဖာရက် ၊ ဟေဇရုံ ၊ ကာမိ ၊ ဟုရ ၊ ရှောဗာလ တည်း။

2ရှောဗာလ သား ကား ရာယ ၊ ရာယသား ယာဟတ် ၊ ယာဟတ် သား အဟုမဲ နှင့် လာဟဒ် ၊ ဤရွေ့ကား ဇောရေသိ အမျိုးအနွယ် တည်း။

3ဧကံ အမျိုးအဘ ၏ သားကား ယေဇရေလ ၊ ဣရှမ ၊ ဣဒဗတ် ၊ နှမ ဟာဇလေလပေါနိ၊

4ဂေဒေါ် အဘ ပေနွေလ ၊ ဟုရှ အဘ ဧဇာ တည်း။ ဤ သူတို့သည် ဗက်လင် အဘ ၊ ဧဖရတ် သားဦး ဟုရ အမျိုးအနွယ် တည်း။

5တေကော အဘ အာရှုရ သည် ဟေလ နှင့် နာရ အမည်ရှိသောမယား နှစ် ယောက်ရှိ ၏။

6နာရ ဘွားမြင် သော သားကား အဟုဇံ ၊ ဟေဖာ ၊ တေမနိ ၊ ဟာဟရှတာရိ တည်း။

7ဟေလ ဘွားမြင်သော သား ကား ဇေရက် ၊ ယေဇော် ၊ ဧသနန် ၊ ကောဇတည်း။

8ကောဇ သား ကား အာနုပ် နှင့် ဇောဗေဒ အစရှိ သော ဟာရုံ သား အဟာရေလ အဆွေအမျိုး တည်း။

9ထိုအဆွေအမျိုး ၌ ယာဗက် သည် ထူးဆန်းသောသူဖြစ် ၏။ သူ ၏အမိ က၊ ငါသည်ပြင်းစွာသော ဝေဒနာ ကို ခံ၍ ဤသားကို မြင် ရပြီဟုဆိုလျက်၊ ယာဗက် အမည် ဖြင့် မှည့် ၏။

10ယာဗက် ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အစဉ်ကောင်းကြီး ပေး၍ ၊ အကျွန်ုပ် နေရာ ကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ် အနှောင့်အရှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက် တော်သည် အကျွန်ုပ် ဘက် ၌နေ ၍ ကွယ်ကာ စောင့်မတော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်အား ဆုတောင်း တတ်၍၊ တောင်း သော ဆုကို ဘုရား သခင်ပေး သနားတော်မူ၏။

11ရှုအာ မောင် ကာလက် သား ကား မဟိရ ၊ မဟိရ သား ဧရှတုန် တည်း။

12ဧရှတုန် သား ကား ဗက်ရာဖ ၊ ပါသာ ၊ တေဟိန္န တည်း။ တေဟိန္နသား ကား ဣရနာဟတ် တည်း။ ဤ သူတို့ သည် ရေခါ အမျိုးသား ဖြစ်ကြ၏။

13ကေနတ် သား ကား ဩသံယေလ နှင့် စရာယ တည်း။ ဩသံယေလ သား ကား ဟာသတ် နှင့် မောနောသဲတည်း။

14မောနောသဲ သား ကား ဩဖရာ တည်း။ စရာယ သား ကား ယွာဘ ၊ ယွာဘ၏သားတို့သည် ဆရာသမား ဖြစ်၍ ဆရာသမားချိုင့် ၌ နေသောသူတည်း။

15ယေဖုန္န သား ဖြစ်သောကာလက် ၏ သား ကား ဣရု ၊ ဧလာ ၊ နာမ တည်း။ ဧလာ သား ကားကေနတ် တည်း။

16ယေဟလလေလ သား ကား ဇိဖ ၊ ဇိဖာ ၊ တိရိ ၊ အာသရေလ တည်း။

17ဧဇရ သား ကားယေသာ ၊ မေရက် ၊ ဧဖာ ၊ ယာလုန် တည်း။ မေရက် နှင့် စုံဘက် သော ဖာရော သမီး ဗိသဟာ သည် မိရိ ၊ ရှမ္မဲ ၊ ဧရှတမော အဘ ဣရှဘ ကို ဘွားမြင် ၏။

18မယား ယေဟုဒိယ သည် ဂေဒေါ် အဘ ယေရက် ၊ စောခေါ အဘ ဟေဗာ ၊ ဇာနော် အဘ ယေကုသေလ ကို ဘွားမြင် ၏။

19ယေဟုဒိယသည် နာဟံ နှမ ဖြစ်၏။ နာဟံသည် ဂါမိ ရွာသားကိလ ၊ မာခ မြို့သားဧရှတမော ၏အဘ ဖြစ်သတည်း။

20ရှိမုန် သား ကား အာမနုန် ၊ ရိန္န ၊ ဗင်္ဟာနန် ၊ တိလုန် တည်း။ ဣရှိ သား ကား ဇောဟက် ၊ ဗင်ဇောဟက် တည်း။

21ယုဒ သား ဖြစ်သော ရှေလ ၏သား ကား လေက အဘ ဧရ ၊ မရေရှ အဘ လာဒ အစရှိသော ပိတ်ချော ကို ရက်တတ်သော အာရှဗာ အဆွေအမျိုး၊

22ယောယကိမ် အစရှိသော ခေါဇေဘ လူ ၊ မောဘ ပြည်၌ အစိုးရ သော ယောရှ ၊ သာရပ် ၊ ယာရှုဗိလင် တည်း။ ထိုသို့ဆိုသော်ရှေး စကား ဖြစ်၏။

23ထိုသူ တို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင် အနား မှာ နေ လျက် အမှု တော်ကို ဆောင်ရွက်ရကြ၏။

24ရှိမောင် သား ကား ယေမွေလ ၊ ယာမိန် ၊ ယာရိပ် ၊ ဇေရ ၊ ရှောလ တည်း။

25ရှောလသား ရှလ္လုံ ၊ ရှလ္လုံသား မိဘသံ ၊ မိဘသံသား မိရှမ၊

26မိရှမ သား ဟမွေလ ၊ ဟမွေလသား ဇက္ကုရ ၊ ဇက္ကုရသား ရှိမိ တည်း။

27ရှိမိ သည် သား တဆယ် ခြောက် ယောက်နှင့် သမီး ခြောက် ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ ၏ညီအစ်ကို တို့ ၌ သား မ များ။ ရှိမောင်အမျိုးသား တို့သည် ယုဒ အမျိုးသား ကဲ့သို့ မ ပွါး မများတတ်။

28ရှိမောင်အမျိုးတို့သည် ဒါဝိဒ် မင်းကြီးလက်ထက်တိုင်အောင် ဗေရရှေဘ မြို့၊ မောလဒါ မြို့၊ ဟာဇရွာလ မြို့၊

29ဗိလဟာ မြို့၊ ဧဇင် မြို့၊ တောလဒ် မြို့၊

30ဗေသွေလ မြို့၊ ဟော်မာ မြို့၊ ဇိကလတ် မြို့၊

31ဗက်မာကဗုတ် မြို့၊ ဟာဇသုသိမ် မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ် မြို့ တို့၌ နေ ကြ၏။

32ထိုမှတပါး၊ တော မြို့ဧတံ ၊ အင် ရိမ္မုန် ၊ တောခင် ၊ ဧသာ၊ အာရှန် တည်းဟူသော မြို့ ငါး မြို့နှင့်တကွ၊

33ပတ်လည် ၌ရှိသော ရွာ အပေါင်း တို့ကို ဗာလ မြို့ တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား ၊ ရှိမောင်အမျိုးသားနေရာ နှင့် ဆွေစဉ် မျိုးဆက်ဖြစ်သတည်း။

34မေရှောဗပ် ၊ ယာမလက် ၊ အာမဇိ သား ယောရှ၊

35ယောလ ၊ အာသေလ သား စရာယ ၏ သား ယောရှိဘိ ၏သား ယေဟု၊

36ဧလျောနဲ ၊ ယာကောဘ ၊ ယေရှောဟာယ ၊ အသာယ ၊ အဒျေလ ၊ ယေသိမျေလ ၊ ဗေနာယ နှင့်တကွ၊

37ရှေမာယ ၊ ရှိမရိ ၊ ယေဒါယ ၊ အလ္လုန် ၊ ရှိဖိ တို့မှ ဆင်းသက်သော ဇိဇ တည်းဟူသော၊

38နာမ အားဖြင့် မှတ် သောသူတို့ သည် အဆွေအမျိုး သူကြီး ဖြစ်၍ ၊ သူ တို့အမျိုး သည် အလွန် ပွား များသတည်း။

39ထိုသူတို့သည် သိုး ကျက်စား ရာအရပ်ကို ရှာ ၍ ချိုင့် အရှေ့ ဘက်၊ ဂေဒေါ် မြို့ဝ တိုင်အောင် သွား သောအခါ၊

40မြက်ပင်ပေါများ ၍ ကောင်း သောကျက်စား ရာ ကျယ်ဝန်း ငြိမ်ဝပ် သော အရပ် ကို တွေ့ ကြ၏။ ရှေး ကာလ တွင် ၊ ဟာမ အမျိုးသားတို့သည် ထို အရပ်၌ နေ ကြ၏။

41အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ လက်ထက် ၌ သွား ၍ ၊ သိုး ကျက်စား စရာကောင်းသောအရပ်ကို တွေ့ သောကြောင့် ၊ အရပ်သား နေရာရွာ တို့ကို လုပ်ကြံ ၍ ၊ ရှင်းရှင်းဖျက်ဆီး ပြီးမှယနေ့ တိုင်အောင် နေ ကြ၏။

42တဖန် ရှိမောင် အမျိုးသား ယောက်ျား ငါး ရာ တို့ သည် ဣရှိ သား ၊ ဗိုလ် ပေလတိ ၊ နာရိ ၊ ရေဖာယ ၊ ဩဇေလ နှင့်တကွ ၊ စိရ တောင် သို့ ချီ သွား၍၊

43အရင်လွတ် သော အာမလက် အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ ၍ ထို အရပ်၌ ယနေ့ တိုင်အောင် နေ ကြ၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 3Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 5 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829