2 ရာဇဝင်ချုပ်ပထမစောင် 8
1ဗင်္ယာမိန် သားဦး ကား ဗေလ ၊ ဒုတိယ သား အာရှဗေလ ၊ တတိယ သားအဟိရံ၊
2စတုတ္ထ သား နောဟ ၊ ပဉ္စမ သား ရာဖ တည်း။
3ဗေလ သား ကား အဒ္ဒါ ၊ ဂေရ ၊ အဘိဟုဒ်၊
4အဘိရွှ ၊ နေမန် ၊ အာဟော၊
5ဂေရာ ၊ ရှေဖုဖံ ၊ ဟုရံ တည်း၊
6မာနဟက် မြို့သို့ နေရာ ပြောင်းသော ဂေဗ မြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ် သား ကား၊ နေမန် ၊ အဟိယ ၊ ဂေရ တည်း။
7နေရာ ပြောင်းသောနောက်၊ ဩဇ နှင့် အဟိဟုဒ် ကိုလည်း မြင် ၏။
8ရှဟာရိမ် သည် မယား ဟုရှိမ် နှင့် ဗာရာ ကိုစွန့် ပြီးမှ၊ မောဘ ပြည် ၌ နေ၍၊
9မယား ဟောဒေရှ တွင် ယောဗပ် ၊ ဇိဘိ ၊ မေရှ ၊ မာလခံ၊
10ယုဇ ၊ ရှာခိ ၊ မိရမ တို့ကို မြင် ၍ ၊ ဤ သူတို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။
11အရင်မယား ဟုရှိမ် တွင် ၊ အဘိတုပ် နှင့် ဧလပါလ ကို မြင် ၏။
12ဧလပါလ သား ကား ဧဗာ ၊ မိရှဟံ ၊ ရှာမက် တည်း။ ရှာမက်သည် ဩနော မြို့၊ လောဒ မြို့နှင့် ကျေးလက် များကို ပြုစု သောသူဖြစ်၏။
13ဗေရိယ နှင့် ရှေမ တို့သည် ဂါသ မြို့သား တို့ကို နှင်ထုတ် သော အာဇလုန် မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။
14ထိုမှတပါး ၊ အဟိဩ ၊ ရှာရှက် ၊ ယေရိမုတ်၊
15ဇေဗဒိ ၊ အာရဒ် ၊ အာဒါ၊
16မိက္ခေလ ၊ ဣရှပ ၊ ယောဟ တို့သည် ဗေရိယ သား ဖြစ်ကြ၏။
17ဇေဗဒိ ၊ မေရှုလံ ၊ ဟေဇကိ ၊ ဟေဗာ၊
18ဣရှမေရဲ ၊ ယေဇလိ ၊ ယောဗပ် တို့သည် ဧလပါလ သား တည်း။
19ယာကိမ် ၊ ဇိခရိ ၊ ဇာဗဒိ၊
20ဧလျေနဲ ၊ ဇိလသဲ ၊ ဧလေလ၊
21အဒါယ ၊ ဗေရာယ ၊ ရှိမရတ် တို့သည် ရှိမဟိ သား တည်း။
22ဣရှပန် ၊ ဟေဗာ ၊ ဧလေလ၊
23အာဗဒုန် ၊ ဇိခရိ ၊ ဟာနန်၊
24ဟာနနိ ၊ ဧလံ ၊ အန္တောသိယ၊
25ဣဖဒိယ ၊ ပေနွေလ တို့သည် ရှာရှက် သား တည်း။
26ရှံရှရဲ ၊ ရှေဟာရိ ၊ အာသလိ၊
27ယာရရှိ ၊ ဧလိယ ၊ ဇိခရိ တို့သည် ယေရောဟံ သား တည်း။
28ဤ သူတို့သည် ယေရုရှလင် မြို့မှာ နေ ၍၊ အစဉ်အဆက် အဆွေအမျိုးသူကြီး မင်းဖြစ်ကြ၏။
29ဂိဗောင် မြို့မှာ ဂိဗေါင် အဘ ယေဟေလနေ ၏။ သူ ၏မယား ကား မာခါ အမည် ရှိ၏။
30သူ ၏သားဦး ကား အာဗဒုန် ၊ သူ၏ညီကား ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ၊ နာဒပ်၊
31ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တည်း။
32မိကလုပ်သားကား ရှိမံ တည်း။ ဤသူ တို့သည် ယေရုရှလင် မြို့ မှာ ညီအစ်ကို စုအနား ၊ တဘက်တချက်၌ နေရာ ကျကြ၏။
33နေရ သား ကားကိရှ ၊ ကိရှသား ရှောလု ၊ ရှောလု သား ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တည်း။
34ယောနသန် သား ကား မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ သား မိက္ခါ၊
35မိက္ခါ သား ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တည်း။
36အာခတ် သား ကား ယာရ ၊ ယာရ သား အာလမက် ၊ အာဇမာဝက် ၊ ဇိမရိ တည်း၊ ဇိမရိ သား ကား မောဇ ၊
37မောဇ သား ဗိနာ ၊ ဗိနာသား ရေဖာယ ၊ ရေဖာယ သား ဧလာသ ၊ ဧလာသသား အာဇေလ၊
38အာဇေလ သား ခြောက် ယောက်အမည် ကား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ ၊ ဟာနန် တည်း။
39အာဇေလ ညီ ဧရှက် သားဦး ကား ဥလံ ၊ ဒုတိယ သား ယေဟုတ် ၊ တတိယ သား ဧလိဖလက် တည်း။
40ဥလံ သား တို့သည် ခွန်အား ကြီးသော လေး သူရဲ ဖြစ် ကြ၏။ သား မြေး များ ၍ ပေါင်း တရာ ငါး ဆယ်ရှိကြ၏။ ဤရွေ့ကား ၊ ဗင်္ယာမိန် သားစဉ် မြေးဆက်ဖြစ်သတည်း။