The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 2

1ဣသရေလ ၏သား များဟူမူကား ၊ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန်၊

2ဒန် ၊ ယောသပ် ၊ ဗင်္ယာမိန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။

3ယုဒ သည် ခါနာန် အမျိုးဖြစ်သော ရှုအာ သမီး တွင် မြင် သော သားကား ဧရ ၊ ဩနန် ၊ ရှေလ တည်း။ ယုဒ သား ကြီးဧရ သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောသူဖြစ်၍ ကွပ်မျက် တော်မူခြင်းကို ခံရ၏။

4ချွေးမ တာမာ တွင် မြင် သောသားကား ဖာရက် နှင့် ဇာရ တည်း။ ယုဒ သား ပေါင်း ကား ငါးယောက်တည်း။

5ဖာရက် သား ကား ဟေဇရုံ နှင့် ဟာမုလ တည်း။

6ဇာရ သား ကား ဇိမရိ ၊ ဧသန် ၊ ဟေမန် ၊ ကာလကောလ ၊ ဒါရ ၊ ပေါင်း ငါး ယောက်တည်း။

7ဇိမရိသားဖြစ်သော ကာမိ ၏သား ကား ကျိန်ဆဲ အပ်သောအရာကို ယူ၍ ပြစ်မှား သဖြင့်၊ ဣသရေလ အမျိုး ကို နှောင့်ရှက် သော အာခန် တည်း။

8ဧသန် သား ကား အဇရိ တည်း။

9ဟေဇရုံ မြင် သော သား ကား ယေရမေလ ၊ အာရံ ၊ ကာလက် တည်း။

10အာရံ သား ကား အမိနဒပ် ၊ အမိနဒပ် သား ကား၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်သော နာရှုန် တည်း။

11နာရှုန်သား စာလမုန် ၊ စာလမုန် သား ဗောဇ၊

12ဗောဇ သား ဩဗက် ၊ ဩဗက် သား ယေရှဲ တည်း။

13ယေရှဲ သားဦး ကားဧလျာဘ ၊ ဒုတိယ သားအဘိနဒပ် ၊ တတိယ သားရှိမာ၊

14စတုတ္ထ သား နာသနေလ ၊ ပဉ္ဒမ သား ရဒ္ဒဲ ၊

15ဆဋ္ဌမ သားဩဇင် ၊ သတ္ထမ သားဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။

16သူ တို့နှမ ကား ဇေရုယာ နှင့် အဘိဂဲလ တည်း။ ဇေရုယာ သား ကား အဘိရှဲ ၊ ယွာဘ ၊ အာသဟေလ ၊ ပေါင်း သုံး ယောက်တည်း။

17အဘိဂဲလ သား ကား အာမသ ၊ အာမသ အဘ ကား ဣရှမေလ အမျိုးယေသာ တည်း။

18ဟေဇရုံ သား ကာလက် သည် မယား အဇုဘ နှင့် ယေရုတ် တွင် မြင်သောသား ကား ယေရှာ ၊ ရှောဗပ် ၊ အာဒုန် တည်း။

19အဇုဘ သေ သောနောက် ဧဖရတ် ကို သိမ်း ၍ ဟုရ ကို မြင် ပြန်လေ၏။

20ဟုရ သား ကား ဥရိ ၊ ဥရိ သား ကား ဗေဇလေလ တည်း။

21ထိုနောက် ၊ ဟေဇရုံ သည် အသက် ခြောက် ဆယ်ရှိသော်၊ ဂိလဒ် အဘ မာခိရ ၏သမီး နှင့် စုံဘက် ၍ စေဂုပ် ကို မြင် လေ၏။

22စေဂုပ် သား ကား ယာဣရ တည်း။ ထိုသူသည် ဂိလဒ် ပြည် ၌ မြို့ နှစ် ဆယ်သုံး မြို့ကို ပိုင်၏။

23ဂေရှုရ မြို့၊ အာရံ မြို့နှင့်တကွယာဣရ မြို့စု ၊ ကေနတ် မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက် ဆယ်တို့ကို တိုက်ယူ ၏။ ထို မြို့ အပေါင်း တို့ကို ဂိလဒ် အဘ မာခိရ ၏သား မြေးတို့သည် ပိုင်ကြ၏။

24ဟေဇရုံ သည်ကာလက်ဧဖရတ် မြို့၌ သေ သောနောက် ၊ သူ၏မယား အဘိ သည် သူ၏သား အာရှုရ ကို ဘွားမြင် ၏။ အာရှုရသား ကားတေကော တည်း။

25ဟေဇရုံ ၏ သားဦး ယေရမေလ သား ကား သားဦး အာရံ မှစ၍ဗုန ၊ ဩရင် ၊ ဩဇင် ၊ အဟိယ တည်း။

26အာတရ အမည် ရှိသောအခြား မယား တွင် ဩနံ ကိုမြင်၏။

27ယေရမေလ ၏ သားဦး အာရံ သား ကားမာဇ ၊ ယာမိန် ၊ ဧကာ တည်း။

28ဩနံ သား ကားရှမ္မဲ နှင့် ယာဒ တည်း။ ရှမ္မဲ သား ကားနာဒပ် နှင့် အဘိရှုရ တည်း။

29အဘိဟဲလ အမည် ရှိသောအဘိရှုရ မယား သည် အာဗန် နှင့် မောလိဒ် ကို ဘွားမြင် ၏။

30နာဒပ် သား ကား သေလက် နှင့် အပ္ပိမ် တည်း။ သေလက် ၌သား မ ရှိ။

31အပ္ပိမ် သား ကား ဣရှိ ၊ ဣရှိ သား ရှေရန် ၊ ရှေရှန် သား အာလဲ တည်း။

32ရှမ္မဲ ညီ ယာဒ သား ကား ယေသာ နှင့် ယောနသန် တည်း။ ယေသာ ၌ သား မ ရှိ။

33ယောနသန် သား ကား ပေလက် နှင့် ဇာဇ တည်း။ ဤရွေ့ကား ယေရမေလ အမျိုးအနွယ် တည်း။

34ရှေရှန် ၌ သား မ ရှိ။ သမီး သက်သက် ရှိ၏။ ရှေရှန် ၌ ယာဟ အမည် ရှိသောအဲဂုတ္တု အမျိုးသားကျွန် ယောက်ျားတယောက်ရှိ၍၊

35ထိုကျွန်နှင့်သမီး တယောက်ကို ပေးစား သဖြင့် ၊ သမီးသည် အဘဘို့သားအတ္တဲ ကို ဘွားမြင် ၏။

36အတ္တဲ သား ကားနာသန် ၊ နာသန် သား ဇာဗဒ်။

37ဇာဗဒ် သား ဧဖလလ ၊ ဧဖလလ သား ဩဗက်၊

38ဩဗက် သား ယေဟု၊ ယေဟု သား အာဇရိ တည်း။

39အာဇရိ သား ကား ဟေလက် ၊ ဟေလက် သား ဧလာသ၊

40ဧလာသ သား သိသမဲ ၊ သိသမဲ သား ရှလ္လုံ၊

41ရှလ္လုံ သား ယေကမိ ၊ ယေကမိ သား ဧလိရှမာ တည်း။

42ယေရမေလ ၏ညီ ကာလက် သားဦး ကား မေရှ ၊ မေရှသားဇိဖ ၊ ဇိဖသားမရေရှ ၊ မရေရှသား ဟေဗြုန်၊

43ဟေဗြုန် သား ကောရ ၊ တာပွါ ၊ ရေကင် ၊ ရှေမ တည်း။

44ရှေမ သား ကားရာဟံ ၊ ရာဟံသားယော်ကောင် တည်း။ ရေကင် သား ကား ရှမ္မဲ၊

45ရှမ္မဲ သား မောန ၊ မောန သားဗက်ဇုရ တည်း။

46ကာလက် မယားငယ် သည် လည်း ဟာရန် ၊ မောဇ ၊ ဂါဇက် တို့ကို ဘွားမြင် ၏။ ဟာရန် သား ကား ယာဒဲ တည်း။

47ယာဒဲ သား ကားရေဂင် ၊ ယောသံ ၊ ဂေရှံ ၊ ပေလက် ၊ ဧဖာ ၊ ရှာဖ တည်း။

48ကာလက် မယားငယ် မာခါ သည်လည်း၊ ရှေဗာ နှင့် တိရဟာန ကို၎င်း၊

49မာဒမေန အဘ ရှာဖ ၊ မာခဗေန အဘ ရှေဝ ၊ ဂိအာ အဘ ကို၎င်း ဘွားမြင် ၏။ ကာလက် သမီး ကား အာခသ တည်း။

50ဧဖရတ် သားဦး ဟုရ ၏သား ဖြစ် သော ကာလက် သား ကား၊ ကိရယတ်ယာရိမ် အဘ ရှောဗာလ၊

51ဗက်လင် အဘ စလမ ၊ ဗက်ဂါဒါ အဘ ဟာရပ် တည်း။

52ကိရယတ်ယာရိမ် အဘ ရှောဗာလ သား ဟူမူကား ၊ ဟာရော နှင့်မနဟေသိ အမျိုးတပိုင်း၊

53ကိရယတ်ယာရိမ် အမျိုးမျိုး ၊ ဣသရိ လူ၊ ဖုဟိ လူ၊ ရှုမသိ လူ၊ မိရှရိ လူတည်း။ ထို အမျိုးထဲက ဇာရာသိ လူနှင့် ဧရှတောလိ လူဖြစ်သတည်း။

54စလမ သား ဟူမူကား၊ ဗက်လင် နှင့် နေတောဖာသိ လူ၊ အတရုတ် ၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း ၊ ဇောရိ လူ၊

55ယာဗက် မြို့၌နေ သောရှောဖရိလူ၊ တိရသိ လူ၊ ရှိမသိ လူ၊ စုခသိ လူတည်း။ ထိုသူ တို့သည် ရေခပ် အမျိုး ၏ အဘ ဟေမတ် မှ ဆင်းသက် သော ကိနိ အမျိုးဖြစ်သတည်း။

← 2 ရာဇဝင်ချုပ်ပထမစောင် 1Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 3 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829