The Bible Software
2 ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

2 ရာဇဝင်ချုပ်ပထမစောင် 5

1ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။

2ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။

3ဣသရေလ ၏ သားဦး ရုဗင် သား ကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိ တည်း။

4ယောလ သား ကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ၊

5ရှေမိသား မိက္ခ ၊ မိက္ခသား ရာယ ၊ ရာယသား ဗာလ တည်း။

6ဗာလသား ကား၊ အာရှုရိ ရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်း သွားသော ရုဗင် အမျိုး မင်း ဗေရာ တည်း။

7သူ ၏ညီ ယေယေလ နှင့် ဇာခရိ တို့သည်လည်း၊ သားစဉ် မြေးဆက်စာရင်း ယူသောအခါ အဆွေအမျိုး သူကြီး ဖြစ်သတည်း။

8ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ် တို့မှ ဆင်းသက် သော ဗေလ သည်လည်း မင်းဖြစ်လျက်၊ အာရော် မြို့ မှစ၍နေဗော မြို့၊ ဗာလမောင် မြို့တိုင်အောင် နေရာ ကျယ်၏။

9ဂိလဒ် ပြည် ၌ သိုး နွားများပြား သောကြောင့် ၊ အရှေ့ မျက်နှာ၌ ဥဖရတ် မြစ် နှင့်ဆိုင်သော တော ဝင်ဝ တိုင်အောင် နေရာ ကျယ်၏။

10ရှောလု မင်းလက်ထက် ဟာဂရ အမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ် ပြည်အရှေ့ ပိုင်း တရှောက် လုံးတွင် ဟာဂရ၏နေရာကို ယူ၍ နေရာ ကျကြ ၏။

11သူ တို့တဘက် တချက်၊ ဗာရှန် ပြည် တွင် သလကာ မြို့တိုင်အောင် ဂဒ် အမျိုးသား တို့သည် နေရာ ကျကြ၏။

12ဗာရှန် ပြည်၌ အကြီးအကဲ ကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ် တည်း။

13သူ တို့အဆွေအမျိုး ချင်း ပေါက်ဘော် တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ် ယောက်တည်း။

14-

15ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာ ဟိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလ အမျိုးအနွယ် ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီး ဖြစ်၏။

16သူတို့သည် ဂိလဒ် ပြည်၊ ဗာရှန် ပြည်မြို့ ရွာ၊ ရှာရုန် မြို့ပတ်လည်ပြည်စွန်း တိုင်အောင် နေရာ ကျကြ၏။

17ဤသူ အပေါင်း တို့သည် ယုဒ ရှင်ဘုရင် ယောသံ နှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ် မြေးဆက်စာရင်းဝင်ကြ၏။

18ရုဗင် အမျိုး ၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တွင် ဒိုင်း နှင့် ထား ကို ကိုင် ၍ လေး နှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကိုလေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲ ပေါင်း ကား၊ လေးသောင်း လေးထောင်ခုနစ် ရာ ခြောက် ဆယ်တည်း။

19ထိုသူတို့သည် ဟာဂရ အမျိုးသားတည်းဟူသော ယေတုရ ၊ နာဖိရှ ၊ နောဒပ် အမျိုးသားတို့နှင့် စစ် တိုက် ကြ၏။

20စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။

21ကုလားအုပ် ငါးထောင်၊ သိုး နှစ်သိန်း ငါးသောင်း၊ မြည်း နှစ် ထောင်၊ လူ တသိန်း တို့ကိုသိမ်းယူ ကြ၏။

22ဘုရားသခင့် အခွင့်နှင့် စစ်တိုက် သောကြောင့် ၊ ရန်သူအများ တို့သည် လဲ သေ ကြ၏။ ဣသရေလလူတို့ သည် သိမ်းသွား ခြင်းအမှုမ ရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ ၌ နေရာ ကျကြ၏။

23မနာရှေ အမျိုး တဝက် သည်၊ ထိုပြည် တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန် မြို့၊ စနိရ မြို့၊ ဟေရမုန် တောင် တိုင်အောင်ပွားများ လျက်နေ၏။

24အဆွေအမျိုး သူကြီး များဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ် သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလ တည်း။

25သို့ရာတွင် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ပြစ်မှား ၍ ၊ မိမိ တို့ရှေ့ မှာ ဘုရားသခင် ဖျက်ဆီး တော်မူသော ပြည်သား တို့ ဘုရား များနှင့် မှားယွင်း ကြ၏။

26သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် သည် အာရှုရိ ရှင်ဘုရင် ပုလ နှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ် ကို နှိုးဆော် တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန် မြစ် နား၊ ဟေလ မြို့၊ ဟာဗော် မြို့၊ ဟာရ မြို့သို့ သိမ်း သွား၍ ယနေ့ တိုင်အောင် နေရာချထား၏။

← 2 ရာဇဝင်ချုပ်ပထမစောင် 4Read In The App, Free →2 ရာဇဝင်ချုပ်ပထမစောင် 6 →

Study 2 ရာဇဝင်ချုပ်ပထမစောင် 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829