The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 18

1အဲသယောပိ မြစ် များအနား မှာ အသံမြည်တတ် သော အတောင် ရှိ၍၊

2ပင်လယ် လမ်းဖြင့် ၎င်း၊ ရေ ပေါ် ၌ဂမာ လှေ ဖြင့် ၎င်း ၊ သံတမန် တို့ကို လွှတ် တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်၊ ကြောက်မက် ဖွယ်ဖြစ်ထသော၊ ခွန်အား ကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် ကွဲပြား သော မြေ ၌နေသောလူမျိုး ထံသို့၊ လျင်မြန် သောတံမန် တို့၊ သွား ကြလော့။

3လောကီ နိုင်ငံ၌ နေ သောမြေကြီး သား အပေါင်း တို့၊ တောင် ပေါ်မှာ အလံ ကို ထူ သောအခါ ကြည့် ရှုကြ လော့။ တံပိုး မှုတ် သောအခါ နားထောင် ကြလော့။

4ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ နေ အရောင်ထဲမှာ ကြည်လင် သော အရှိန် ကဲ့သို့ ၎င်း၊ အသီးအနှံကို သိမ်း ယူရာ ပူ သောကာလ၌ နှင်း နှင့် ပြည့်စုံသော မိုဃ်းတိမ် ကဲ့သို့ ၎င်း၊ ငါသည်ကျိန်းဝပ် ၍ ငါ့ နေရာ အရပ်မှာ ကြည့် ရှုမည်။

5စပျစ်သီး ကို သိမ်းယူ ရာ ကာလမတိုင်မှီ အငုံစေ့စုံ၍၊ အပွင့် လည်း လုံးသောအသီး ဖြစ် စဉ်အခါ၊ အညွန့် များကို တံစဉ် နှင့် ဖြတ်၍ ၊ အခက် အလက်များကို သုတ်သင် ပယ်ရှင်းတော်မူမည်။

6သူတို့သည် တောင် ပေါ်မှာ နေတတ်သော ငှက် များ၊ တောသားရဲ များတို့၏ အဘို့ ဖြစ်၍၊ ငှက် တို့သည် နွေ ကာလ၌၎င်း၊ သားရဲ အပေါင်း တို့သည် ဆောင်း ကာလ၌၎င်း၊ သူ တို့အပေါ် မှာ နေကြလိမ့်မည်။

7ထို အခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်ကြောက်မက် ဘွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် များ ကွဲပြား သော မြေ ၌နေသောလူမျိုး သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်တည် ရာဇိအုန် တောင် သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဘို့ လက်ဆောင် ပဏ္ဏာကို ဆောင် ခဲ့ကြလိမ့် သတည်း။

← Isaiah 17Read In The App, Free →Isaiah 19 →

Study Isaiah 18

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566