The Bible Software
Psalms · Common Language Bible

Psalms 97

1ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ချင်း​ကမ္ဘာ​မြေ​ကြီး၊ရွှင်​လန်း​ဝမ်း​မြောက်​လော့။ ပင်​လယ်​များ​တွင်​ရှိ​သည့်​ကျွန်း​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။

2မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။

3မီး​လျှံ​သည်​ရှေ့​တော်​မှ​သွား​၍​ကိုယ်​တော်​၏ ပတ်​လည်​ရှိ​ရန်​သူ​တို့​ကို​ကျွမ်း​လောင်​စေ​၏။

4ကိုယ်​တော်​၏​လျှပ်​စစ်​လျှပ်​နွယ်​တို့​သည် ကမ္ဘာ​လော​က​ကို​လင်း​စေ​ကြ​၏။ ထို​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။

5ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သော အ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့ တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။

6မိုး​ကောင်း​ကင်​သည်​ကိုယ်​တော် ဖြောင့်​မှန်​တော်​မူ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ ညာ​၍ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​မြင်​ကြ​ရ​၏။

7ရုပ်​တု​များ​ကို​ရှိ​ခိုး​ဝတ်​ပြု​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ရ​ကြ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​သည်​လည်း​ကိုယ်​တော်​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​၏။

8အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက် များ​ကြောင့် ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ပါ​၏။ ယု​ဒ​မြို့​တို့​သည်​လည်း​အား​ရ​ရွှင်​မြူး​ကြ​ပါ​၏။

9အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော် ရှင်​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​ကို​အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​၏။

10ထာ​ဝ​ရ​ဘု​ရား​သည်​မ​ကောင်း​မှု​ကို မုန်း​သော​သူ​တို့​အား​ချစ်​တော်​မူ​၏။ မိ​မိ​လူ​စု​တော်​၏​စည်း​စိမ်​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​သူ​ယုတ်​မာ​တို့ ၏​လက်​မှ ကယ်​ဆယ်​တော်​မူ​၏။

11သူ​တော်​ကောင်း​တို့​အ​ပေါ်​သို့​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သူ​တို့​အ​ပေါ်​သို့ ရွှင်​လန်း​ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း သက်​ရောက်​၏။

12အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ပြု​တော်​မူ​ခဲ့​သည့် အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။

← Psalms 96Read In The App, Free →Psalms 98 →

Study Psalms 97

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150