The Bible Software
Psalms · Common Language Bible

Psalms 113

1ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ချင်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ​လော့။

2ကိုယ်​တော်​၏​နာ​မ​တော်​အား​ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သော။

3နေ​ထွက်​ရာ​အ​ရပ်​မှ​နေ​ဝင်​ရာ​အ​ရပ်​သို့ တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ ပါ​စေ​သ​တည်း။

4ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​ထွန်း​တောက်​တော်​မူ​၏။

5ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် နှိုင်း​ယှဉ်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​တွင်​စံ​နေ တော်​မူ​၏။

6သို့​ရာ​တွင်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို ငုံ့​ကြည့်​တော်​မူ​၏။

7ဆင်း​ရဲ​သူ​တို့​ကို​မြေ​မှုန့်​ထဲ​က​ချီး​မြှင့်​၍ နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​ထဲ​က ချီး​မြှောက်​တော်​မူ​၏။

8ထို​နောက်​မင်း​သား​များ​ဖြစ်​ကြ​သော၊ကိုယ် တော်​၏ လူ​စု​တော်​ကို​အုပ်​စိုး​သော​မင်း​သား​များ​နှင့် အ​တူ သွား​လာ​ပေါင်း​ဖော်​ခွင့်​ကို​ပေး​တော်​မူ​၏။

9ကိုယ်​တော်​သည်​မြုံ​သော​အိမ်​ရှင်​မ​အား ချီး​မြှင့်​တော်​မူ​ရာ​သား​သ​မီး​ရ​စေ​၍ ဝမ်း​မြောက်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

← Psalms 112Read In The App, Free →Psalms 114 →

Study Psalms 113

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150