The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 101

1ငါသည် သနား စုံမက်ခြင်း၊ တရား သဖြင့် စီရင်ခြင်း ကို အကြောင်းပြု၍ သီချင်း ဆိုပါမည်။ အို ထာဝရဘုရား ၊ ရှေ့ တော်၌ သီချင်း ဆိုပါမည်။

2စုံလင် သော တရား အတိုင်း ပညာ သတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ် ဆီ သို့ အဘယ် ကာလမှ ကြွလာ တော်မူမည်နည်း။ ကိုယ် အိမ် တွင် သန့်ရှင်း သော စိတ် နှလုံးနှင့် ကျင့် ပါမည်။

3အဓမ္မ အမှု အရာကို မျက်မှောက် မ ပြု ပါ။ လမ်းလွှဲ သောသူ ၏ အမှု ကို ရွံရှာ သည်ဖြစ်၍၊ ငါ ၌ မ မှီ မကပ်ရ။

4သဘော ကောက် သောသူသည် ငါ့ ထံ မှ ထွက်သွား ရမည်။ မ ကောင်းသောသူနှင့် ငါမ ပေါင်းဘော်။

5မိမိ အိမ်နီးချင်း ၏ အသရေ ကို တိတ်ဆိတ် စွာ ဖျက်သောသူကို ငါပယ်ဖြတ် မည်။ မျက်နှာ ထောင်လွှား ၍ စိတ် မြင့် သောသူကို သည်း မ ခံ။

6သစ္စာရှိ သော ပြည်သားတို့ သည် ငါ့ ထံ မှာနေ မည်အကြောင်း သူတို့ကို ငါ ကြည့်ရှု မည်။ စုံလင် သောတရား ၌ ကျင်လည် သောသူသည် ငါ ၏ အမှု ကို ဆောင်ရွက်ရမည်။

7လှည့်စား တတ်သောသူမူကား၊ ငါ့ အိမ် ၌ မ နေ ရ။ မုသာ စကားကို ပြော တတ်သောသူသည် လည်း၊ ငါ့ မျက်မှောက် ၌ အခွင့် မ ရှိရ။

8ဆိုး သောအမှုကို ပြု သောသူအပေါင်း တို့ကို ထာဝရဘုရား ၏ မြို့ တော်မှ ပယ်ဖြတ် မည်အကြောင်း ၊ မ တရားသော ပြည်သား ရှိသမျှ တို့ကို စောစော ဖျက်ဆီး လေအံ့သတည်း။

← Psalms 100Read In The App, Free →Psalms 102 →

Study Psalms 101

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150