The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 49

1လူ များအပေါင်း တို့၊ ကြား ကြလော့။ ခပ်သိမ်း သောလောက သား၊

2အယုတ်အမြတ်၊ ကြွယ်ဝ သောသူ၊ ဆင်းရဲ သောသူတို့၊ တညီ တညွတ်တည်းနားထောင် ကြလော့။

3ငါ့ နှုတ် သည်ပညာ ကိုမြွတ် ဆိုမည်။ ငါ့ နှလုံး သည် ဉာဏ် နှင့်ဆိုင်သောအရာကို ဆင်ခြင် မည်။

4ပုံ စကားသို့ ကိုယ် နား ကိုလှည့် လျက် နက်နဲ သော အရာကို စောင်း တီး၍ ဖွင့် ပြပေအံ့။

5ခဲယဉ်း ဆိုးယုတ်သောကာလ ၌ ငါ ၏အရာကို လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ ကို ဝိုင်း သော်လည်း၊ ငါသည် အဘယ်ကြောင့် ကြောက် ရမည်နည်း။

6ထိုသူ တို့သည် ကိုယ်ဥစ္စာ ကို ကိုးစား ၍ ၊ ကိုယ် စည်းစိမ် များ သောကြောင့်ဝါကြွား သော်လည်း၊

7မိမိညီအစ်ကိုကို အဘယ် သူမျှအလျှင်းမ ရွေး နိုင်။ ရွေးရန်အဘိုး ကိုဘုရား သခင်၌ မ ပေး နိုင်။

8သူ တို့အသက် ဝိညာဉ်၏ ရွေး ရန် အဘိုး ကြီးလှပေ၏။ သို့ဖြစ်၍ အစဉ် ရှုံး လျက် နေရမည်။

9ရွေးလျှင် အစဉ် အမြဲအသက် ရှင်ရာ၏။ ပုပ်စပ် ခြင်းသို့ မ ရောက်ရာ။

10ထင်ရှား သောအရာဟူမူကား ၊ ပညာရှိ သောသူတို့ သည် သေ တတ်ကြ၏။ ထို အတူမိုက် သောသူနှင့် တိရစ္ဆာန် သဘောရှိသောသူတို့ သည် ပျက်စီး ခြင်း သို့ရောက်၍ ၊ မိမိ တို့ဥစ္စာ ကို သူတပါး တို့၌ ချန် ထားကြ၏။

11မိမိ တို့အိမ် သည် ထာဝရ ဖြစ်လိမ့်မည်။ မိမိ တို့ နေရာ လည်း လူမျိုး အစဉ်အဆက်တည်လိမ့်မည်။ မိမိ တို့ နာမ သည် မြေ ပေါ် မှာ ကျော်စော လိမ့်မည်ဟု သူ တို့ စိတ် ထင်ရှိကြ၏။

12သို့ရာတွင် လူ သည်ဂုဏ် အသရေ၌ မ တည် မနေ တတ်။ ပျက်စီး ခြင်းသို့ ရောက်တတ်သော တိရစ္ဆာန် နှင့် တူ ၏။

13ထိုသို့ ပြုမူ ခြင်းအရာသည် သူ တို့၏ကိုးစား ရာ ဖြစ်၍ ၊ သူ တို့သားမြေးတို့သည် သူ တို့စကား ကို နှစ်သက် တတ်ကြ၏။

14ထိုသူ တို့ကို သိုး များကဲ့သို့ မရဏာ နိုင်ငံ၌ ချ ထား ၍ သေမင်း စား လိမ့်မည်။ ကာလ မကြာမမြင့်မှီ ဖြောင့်မတ် သောသူတို့သည် အုပ်စိုး ရကြလိမ့်မည်။ သူ တို့၏ ကိုယ် ခန္ဓါသည် ဖောက်ပြန် ဘို့ ရာဖြစ်၏။ မရဏာ နိုင်ငံသည် သူ တို့၏ နေရာ ဖြစ်၏။

15ငါ့ ကိုမူကား ၊ ဘုရား သခင်သိမ်းယူ တော်မူသောကြောင့် ၊ ငါ ၏ဝိညာဉ် ကို မရဏာ နိုင်ငံ၏ တန်ခိုး မှ ရွေး တော်မူမည်။

16သူတပါး သည် ဥစ္စာ ကြွယ်ဝ၍ ၊ အိမ် ၏ဂုဏ် အသရေတိုးပွါး သောအခါ သင်သည် မ စိုးရိမ် နှင့်။

17ထိုသူ သည်သေ သောအခါ ၊ အဘယ် ဥစ္စာမျှ မ ပါ ရ။ သူ ၏ဂုဏ် အသရေသည် သူ့ နောက် သို့ မ ဆင်းသက် ရ။

18ထိုသူ သည် အသက် ရှင်စဉ် အခါ၊ မိမိ ဝိညာဉ် ကို ကောင်းကြီး ပေး တတ်၏။ မိမိ အကျိုး ကို ပြုစုသောအခါ သူတပါးတို့သည်ချီးမွမ်း တတ်ကြ၏။

19သို့သော်လည်း၊ သူသည် သူ ၏ဘိုးဘေး အမျိုး ရှိရာသို့ သွား ရလိမ့်မည်။ ကာလ အစဉ်အဆက် သူတို့သည်အလင်း ကို မ မြင် ရကြ။

20ဂုဏ် အသရေနှင့် ပြည့်စုံလျက် ပညာ သတိမ ရှိ သောသူသည်ကား ၊ ပျက်စီး ခြင်းသို့ ရောက်တတ်သော တိရစ္ဆာန် နှင့် တူ ၏။

← Psalms 48Read In The App, Free →Psalms 50 →

Study Psalms 49

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150