The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 3

1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ရန်သူ တို့သည်၊ အလွန် တိုးပွါး၍၊ အကျွန်ုပ် တဘက် ၌ ထ သောသူတို့သည် များ ကြပါ၏။

2သူ သည်ဘုရား သခင်ကို အမှီ ပြု၍ ချမ်းသာ မ ရဟု အကျွန်ုပ် ကို ရည်ဆောင် ၍ ပြော သောသူ အများ ရှိကြပါ၏။

3သို့သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏အကွယ် အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်း လည်းဖြစ်တော်မူ၏။ အကျွန်ုပ် ၏ဦးခေါင်း ကို ချီ ကြွသော သူလည်း ဖြစ်တော်မူ၏။

4ငါသည် ထာဝရဘုရား ထံ သို့အသံ ကိုလွှင့်၍ အော်ဟစ် သောအခါ ၊ သန့်ရှင်း သော တောင် တော်ပေါ် မှာ နားထောင် တော်မူ၏။

5ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူသောကြောင့် ၊ ငါ သည် အိပ် ၍ ပျော် ခြင်းအခွင့်နှင့် နိုး ခြင်း အခွင့်ရှိ၏။

6ငါ့ ကိုရန်ဘက်ပြု၍ ဝန်းရံ သော သူ အထောင် အသောင်းကို ငါမ ကြောက် ဘဲနေမည်။

7အိုထာဝရဘုရား ထ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်မ တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ရန်သူ တို့၏ ပါး ရိုးကိုရိုက် ၍၊ မတရား သောသူတို့၏ သွား ကိုချိုး တော်မူ၏။

8ထာဝရ ဘုရား၏ ကျေးဇူး တော်ကြောင့် ချမ်းသာ ရပါ၏။ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစု အပေါ် သို့ သက်ရောက်ပါစေသော။

← Psalms 2Read In The App, Free →Psalms 4 →

Study Psalms 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150