The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 7

1ဒါဝိဒ် သည် ဗင်္ယာမိန် အမျိုးသား ကုရှ ၏စကား ကြောင့် ထာဝရဘုရား ရှေ့ တော်၌ အသံညှိ၍ဆို သော ဆာလံ။1အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ခိုလှုံ ပါ၏။ အကျွန်ုပ် ကို ညှဉ်းဆဲ သော သူအပေါင်း တို့၏လက်မှ အကျွန်ုပ် ကို နှုတ် ယူ၍ ကယ်တင် တော်မူပါ။

2သို့မဟုတ် နှုတ် ယူသောသူမ ရှိစဉ်၊ ရန်သူသည် ခြင်္သေ့ ကဲ့သို့ အကျွန်ုပ် ၏စိတ် ဝိညာဉ်ကို လုယူကိုက် ဖြတ် ပါလိမ့်မည်။

3အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်သည် ထိုသို့ ပြု သော်၎င်း၊ အကျွန်ုပ် လက် မှာ အဓမ္မ အမှုရှိ သော်၎င်း၊

4အကျွန်ုပ် နှင့် သင့်တင့် သောသူကို အကျွန်ုပ် ပြစ်မှား ၍ ၊ အကြောင်း မရှိဘဲလျက် ရန် ပြုသောသူကို အကျွန်ုပ် ညှဉ်းဆဲ သော် ၎င်း၊ ထိုသို့သော အပြစ်တစုံတခုရှိလျှင်၊

5ရန်သူ သည် အကျွန်ုပ် ၏ စိတ် ဝိညာဉ်ကိုလိုက် ၍ မှီ ပါစေ။ အကျွန်ုပ် အသက် ကို မြေ ပေါ် မှာနင်း ၍ ၊ အကျွန်ုပ် အသရေ ကို မြေမှုန့် ၌ နှိမ့်ချ ပါစေ။

6အိုထာဝရဘုရား ၊ အမျက် တော် ထွက်၍ ထ တော်မူပါ။ အကျွန်ုပ် ၏ရန်သူ တို့ ပြင်းထန် ခြင်းကို ဆီးတား ၍ အားထုတ်တော်မူပါ။ အကျွန်ုပ် အဘို့ နိုး တော်မူ ပါ။ တရား စီရင် ဆုံးဖြတ်တော်မူပါ။

7လူမျိုး တို့သည်စည်းဝေး ၍ ကိုယ်တော် ကို ဝန်းရံ ကြလျက် ၊ သူ တို့အဘို့ မြင့် ရာအရပ်သို့ ပြန် ကြွတော်မူပါ။

8ထာဝရဘုရား သည် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဖြောင့်မတ် ခြင်း ကို၎င်း၊ စုံလင် ခြင်းကို၎င်း ထောက်၍ အကျွန်ုပ် အမှုကို စီရင် ဆုံးဖြတ်တော်မူပါ။

9မတရား သောသူတို့ ၏ အဓမ္မ အမှုကိုဆုံးရှုံး စေ၍ ၊ တရား သောသူတို့ကိုမြဲမြံ စေတော်မူပါ။ တရား သဖြင့် ပြုတော်မူသောဘုရား ၊ ကိုယ်တော်သည် နှလုံး နှင့် ကျောက်ကပ် ကို စစ် တော်မူတတ်ပါ၏။

10သဘော ဖြောင့် သောသူတို့ကို ကယ်တင် တတ် သော ဘုရား သခင်သည် ငါ ၏အကွယ် အကာဖြစ်တော်မူ ၏။

11ဘုရား သခင်သည် တရား သဖြင့် စီရင် သော ဘုရား ဖြစ်၍ ၊ မတရားသောသူကို အစဉ် အမျက် ထွက် တော်မူ၏။

12ထိုသူ သည်မ ပြောင်းလဲ လျှင် ထား တော်ကို သွေး တော်မူ၏။ လေး တော်ကိုတင် ၍ ရွယ် တော်မူ၏။

13သေ စေသော လက်နက် ကိုလည်း သူ့ အဘို့ ပြင်ဆင် ၍ မြှား တော်တို့ကို လောင် စေတော်မူ၏။

14ထိုသူသည် ဒုစရိုက် ဘွား သော ဝေဒနာ ကို ခံရ၏။ မ ကောင်းသော အကြံအစည်ကို ပဋိသန္ဓေယူ၍ ၊ စိတ်ပျက် ခြင်းကို ဘွားမြင် တတ်၏။

15တွင်း ကိုလည်း နက်စွာတူး သဖြင့် ၊ မိမိ တူး သော တွင်း ထဲ သို့ မိမိ ကျ တတ်၏။

16မိမိ မ ကောင်းသော အကြံအစည်သည် မိမိ ခေါင်း ပေါ် မှာ ပြန် ရောက်၍ ၊ မိမိ ကြမ်းတမ်း သောအမှု သည် မိမိ ခေါင်း ထိပ်ပေါ် မှာ သက် ရောက်တတ်၏။

17ငါမူကား၊ ထာဝရ ဘုရား၏ တရား သောအမှု တော်ကို ချီးမွမ်း ၍ ၊ အမြင့်ဆုံး သောထာဝရဘုရား ၏ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်။

← Psalms 6Read In The App, Free →Psalms 8 →

Study Psalms 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150