The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 59

1အို အကျွန်ုပ် ၏ဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ အကျွန်ုပ် ကို ရန်ဘက် ပြုသောသူတို့ ၏ အပေါ် မှာ အကျွန်ုပ် ကို ချီးမြှောက် တော်မူပါ။

2ဒုစရိုက် ကို ပြု သောသူတို့အထဲက အကျွန်ုပ် ကို နှုတ်ယူ ၍ ၊ အသက်ကိုသတ် လိုသောသူ တို့ လက်မှ ကယ်တင် တော်မူပါ။

3သူတို့သည် အကျွန်ုပ် အသက် ကိုသတ် လို ၍ ချောင်း ကြည့် လျက် နေကြပါ၏။ အားကြီး သောသူတို့ သည်အကျွန်ုပ် တဘက် ၌ စည်းဝေးကြပါ၏။ အို ထာဝရဘုရား ၊ အကျွန်ုပ် မှားယွင်း သောကြောင့်မဟုတ် ပါ။ အကျွန်ုပ် အပြစ် ကြောင့်မဟုတ် ပါ။

4အကျွန်ုပ်၌ အပြစ် မ ရှိဘဲ သူတို့သည် ပြေး လာ၍ ပြင်ဆင် ကြပါ၏။ အကျွန်ုပ် ကို ကူမ ခြင်းငှါ နိုး တော်မူပါ။ ကြည့်ရှု တော်မူပါ။

5ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဘုံခြေအရှင် ဘုရားသခင် ထာဝရဘုရား ၊ သာသနာပ လူ အပေါင်း တို့ကို ဆုံးမ ခြင်းငှါ နိုး တော်မူပါ။ ဒုစရိုက် ၌ ကျင်လည်သောသူ တစုံ တယောက်ကိုမျှ သနား တော်မ မူပါနှင့်။

6သူတို့သည် ညဦး ယံ၌ ပြန်လာ ၍၊ ခွေး ဘာသာ အတိုင်း မြည် လျက် မြို့ ကိုလှည့်ပတ် ကြပါစေသော။

7ထိုသူ တို့သည် စော်ကား သော စကားကို ပြော ၍ ၊ သူ တို့နှုတ်ခမ်း တွင်ထား ပါလျက်အဘယ် သူကြား လိမ့်မည် နည်းဟု ဆိုတတ်ကြပါ၏။

8သို့ရာတွင် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် သူ တို့ကို ပြုံးရယ် ၍ သာသနာပလူ အပေါင်း တို့ကို ကဲ့ရဲ့ တော်မူမည်။

9အို အကျွန်ုပ်အစွမ်း သတ္တိ၊ ကိုယ်တော် ကို မြော်လင့် ပါမည်။ ဘုရား သခင်သည် အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူ၏။

10ကရုဏာ အရှင် ဘုရား သခင်သည် အကျွန်ုပ် ကို ကူမခြင်းငှါကြွလာ တော်မူမည်။ ရန်သူ တို့ကို အကျွန်ုပ် ကြည့်ရှု ၍ အားရသောအခွင့် ရှိစေတော်မူမည်။

11အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူသောဘုရား ရှင်၊ သူ တို့ကိုသတ် တော်မ မူပါနှင့်။ သတ်လျှင် အကျွန်ုပ် ၏ လူ တို့သည် သတိ လစ်ကြပါလိမ့်မည်။ တန်ခိုး တော်အားဖြင့် အရပ်ရပ်ကွဲပြား စေ၍ နှိမ့်ချ တော်မူပါ။

12သူ တို့ပြောမိ သော စကား တည်းဟူသောသူ တို့ နှုတ် ၏အပြစ် ကြောင့် မိမိ တို့မာန တွင် ကျော့မိ ပါစေ သော။ သူတို့ ကျိန်ဆဲ သော စကားနှင့် မုသာ စကား ကြောင့်၊

13အမျက် တော်အားဖြင့် ပျောက်ပျက် စေတော်မူပါ။ အကုန် အစင်ပျောက်ပျက် စေတော်မူပါ။ ဘုရား သခင်သည် ယာကုပ် အမျိုးမှစ၍ မြေကြီး စွန်း တိုင်အောင် အုပ်စိုး တော်မူကြောင်း ကို သူ တို့သည် သိ ကြ ပါစေသော။

14ညဦး ယံ၌ ပြန်လာ ၍ ၊ ခွေး ဘာသာအတိုင်း မြည် လျက် မြို့ ကို လှည့် ပတ်ကြပါစေသော။

15အစာ ကို ရှာလျက် အရပ်ရပ် သို့ လည်၍မ ဝ ဘဲ တညဉ့်လုံး နေကြပါစေသော။

16အကျွန်ုပ် မူကား ၊ တန်ခိုး တော်ကို သီချင်း ဆိုပါမည်။ နံနက် ယံ၌ ကရုဏာ တော်ကို ရွှင်လန်းစွာ သီချင်း ဆိုပါမည်။ အကြောင်း မူကား၊ ဘေး ရောက်သောကာလ ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံ ရာ ၊ ဘေး လွတ်ရာ ဖြစ် တော်မူ၏။

17အိုအကျွန်ုပ် အစွမ်း သတ္တိ၊ ကိုယ်တော် ကို သီချင်း ဆိုပါမည်။ ဘုရား သခင်သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ၏။ အကျွန်ုပ် ၌ ကရုဏာ အရှင် ဘုရား သခင်ဖြစ်တော်မူ၏။

← Psalms 58Read In The App, Free →Psalms 60 →

Study Psalms 59

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150