The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 43

1အိုဘုရား သခင်၊ အကျွန်ုပ် အမှု ၌ တရား ဆုံးဖြတ်တော်မူပါ။ ကရုဏာ မ ရှိသော လူမျိုး တဘက် ကနေ၍ အကျွန်ုပ်အမှုကို စောင့် တော်မူပါ။ သစ္စာ မရှိ၊ မ တရား သောသူ ၏လက်မှ အကျွန်ုပ် ကို ကယ်လွှတ် တော်မူပါ။

2ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံ ရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကိုအဘယ်ကြောင့် စွန့်ပစ် တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံရ၍ ၊ အကျွန်ုပ် သည် ကြမ်းတမ်း သော အဝတ်ကိုဝတ်လျက် အဘယ်ကြောင့် နေ ရပါသနည်း။

3အလင်း တော်နှင့် သစ္စာ တော်ကို စေလွှတ် တော်မူပါ။ သူ တို့သည် လမ်းပြ ၍ သန့်ရှင်း သောတောင် တော်သို့ ၎င်း၊ တဲ တော်သို့ ၎င်း အကျွန်ုပ် ကို ပို့ဆောင် ပါစေသော။

4သို့ပြုလျှင် ဘုရား သခင်၏ ယဇ် ပလ္လင်သို့ ၎င်း၊ အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်း ရာ ဘုရား သခင်ထံ တော် သို့၎င်း၊ အကျွန်ုပ်သည် ရောက် လာ၍ ၊ ကိုယ်တော် ကို စောင်း တီးလျက် ချီးမွမ်း ထောမနာပြုပါမည်ဘုရား ၊ အကျွန်ုပ် ဘုရား။

5အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့် မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ ကို ကယ်တင် တော်မူသောအရှင် ၊ ငါ ကိုးကွယ်သောဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာ ပြုရလေအံ့ သတည်း။

← Psalms 42Read In The App, Free →Psalms 44 →

Study Psalms 43

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150