The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 148

1ကောင်းကင် ဘုံ၌ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ဘဝဂ် ပေါ် မှာ ချီးမွမ်း ကြလော့။

2ကောင်းကင် တမန်အပေါင်း တို့၊ ထာဝရ ဘုရား ကို ချီးမွမ်း ကြလော့။ ကောင်းကင်ဗိုလ်ခြေ အပေါင်း တို့ ချီးမွမ်း ကြလော့။

3နေ လ တို့၊ ထာဝရ ဘုရားကိုချီးမွမ်း ကြလော့။ ထွန်းလင်း သော ကြယ် အပေါင်း တို့၊ ချီးမွမ်း ကြလော့။

4ကောင်းကင် အထပ်ထပ်နှင့် ကောင်းကင် ပေါ် မှာ ရေ များတို့၊ ချီးမွမ်း ကြလော့။

5ထို အရာတို့ကိုအမိန့် တော်ရှိ၍ ၊ ဖန်ဆင်း တော်မူသောကြောင့် ၊ ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြစေ။

6ထို အရာတို့ကို ကာလ အစဉ်အဆက် အမြဲတည် စေတော်မူ၍ ၊ မ ပျက် ရသောဓမ္မတာ ကို စီရင် တော်မူ၏။

7မြေကြီး ၌ ရှိသောအရာ၊ ငါး ကြီးများ၊ နက်နဲ ရာ အရပ် များ၊

8မီး နှင့် မိုဃ်းသီး ၊ မိုဃ်းပွင့် နှင့် အခိုး အငွေ့၊ အမိန့် တော်ကို နားထောင် သော လေပြင်း မုန်တိုင်း၊

9တောင် ကြီးတောင် ငယ်ရှိသမျှ ၊ အသီး ကိုသီးသောအပင် ၊ အာရဇ် ပင် ရှိသမျှ၊

10သားရဲ နှင့် သားယဉ် အပေါင်း ၊ တွား တတ်သော တိရိစ္ဆာန်နှင့် ပျံ တတ်သော ငှက် အစရှိသော၊

11လောကီ ရှင် ဘုရင်များနှင့် ပြည်သူ ပြည်သားအပေါင်း ၊ မင်း များနှင့် လောကီ တရားသူကြီး အပေါင်း၊

12လူပျို နှင့် အပျို များ၊ လူအို နှင့် လူ ကလေးများတို့၊ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။

13နာမတော်တပါးတည်း သာလျှင် မြတ်၍၊ ဘုန်း တော်သည်မြေကြီး နှင့် ကောင်းကင် အပေါ် ထက်၌ ရှိသောကြောင့်၊ ထာဝရ ဘုရား၏ နာမတော် ကို ချီးမွမ်း ကြစေ။

14မိမိ လူစု တို့၏ဦးချို ကို ချီးမြှင့် တော်မူသဖြင့် ၊ အနီး တော်၌ရှိသောလူစု ၊ ဣသရေလ အမျိုးသားတည်းဟူသော မိမိ သန့်ရှင်း သူအပေါင်း တို့၏ ချီးမွမ်း ရာဖြစ် တော်မူ၏။ ဟာလေလုယ။

← Psalms 147Read In The App, Free →Psalms 149 →

Study Psalms 148

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150