The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 12

1အိုထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ သူတော်ကောင်း မျိုးသည် ပြတ် ၍ သစ္စာရှိ သောလူမျိုးသည် လူ သား တို့တွင် ကွယ်ပျောက် ပါ၏။

2အိမ်နီးချင်း တို့သည် တ ဦးကိုတဦးမုသာ သုံး၍ ချော့မော့ သော နှုတ်ခမ်း ၊ နှစ်ခွ သောစိတ် နှင့် ပြော တတ် ကြပါ၏။

3ငါတို့သည် ကိုယ် လျှာ အားဖြင့် နိုင် မည်။ကိုယ် နှုတ်ခမ်း သည် ကိုယ်အမှုကိုစောင့်လိမ့်မည်။

4ငါ တို့၏ သခင် ကား အဘယ်သူ နည်းဟု ပြောဆို သော သူတို့၏ချော့မော့ သောနှုတ်ခမ်း နှင့် ဝါကြွား သောလျှာ ရှိသမျှ တို့ကို ထာဝရဘုရား သည် ဖြတ် တော်မူမည်။

5ဆင်းရဲ သောသူသည် ခံရသောညှဉ်းဆဲ ခြင်း၊ ငတ်မွတ် သောသူ၏ ငိုကြွေး ခြင်းကြောင့် ယခု ငါထ မည်။ ကဲ့ရဲ့ ခြင်းကိုခံရသောသူ အား ချမ်းသာ ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

6ထာဝရဘုရား မိန့် တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍၊ မြေ နှင့် ကင်းစင် စေခြင်းငှါ၊ မိုက် ၌ ခုနစ် ကြိမ် စစ် သော ငွေ ကဲ့သို့ဖြစ်ကြ၏။

7အိုထာဝရဘုရား ၊ ကိုယ်တော် သည် ထိုသူ တို့ကို ဤလူမျိုး မှ အစဉ် ကာကွယ် စောင့်မ တော်မူမည်။

8ဆိုးယုတ် သောသူ တို့သည် ချီးမြှောက် ခြင်းသို့ ရောက်သည် ကာလ ၊ မတရား သောသူတို့သည် အရပ်ရပ် လှည့် လည်ရသောအခွင့်ရှိကြ၏။

← Psalms 11Read In The App, Free →Psalms 13 →

Study Psalms 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150