The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 44

1အိုဘုရား သခင်၊ ရှေး လွန်လေပြီးသောကာလ တွင် ၊ ဘိုးဘေး တို့လက်ထက် ၌ ပြု တော်မူသောအမှု ကို သူတို့ပြော ၍ ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ကြား ရကြပါပြီ။

2တပါး အမျိုးသားတို့ကို လက် တော်ဖြင့် နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေး များကို နေရာ ချတော်မူ၏။ တပါး အမျိုးသားတို့ကို နှိပ်စက် ၍ ဘိုးဘေး များကို ပြန့်ပွါး စေတော်မူ၏။

3သူ တို့သည် ကိုယ်ထား ဖြင့် ထိုမြေ ကိုအစိုး ရကြ သည်မဟုတ် ပါ။ ကိုယ် လက် ဖြင့် ကိုယ် ကို ကယ်တင် ကြသည် မဟုတ် ပါ။ ကိုယ်တော်အလိုရှိ သောကြောင့် လက်ျာ လက်ရုံးတော်နှင့် မျက်နှာ တော်အလင်း အားဖြင့် သူတို့ကို ကယ်တင် တော်မူ၏။

4အိုဘုရား သခင်၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ရှင် ဘုရင်ဖြစ်တော်မူ၏။ ယာကုပ် အမျိုး၏ ကယ်တင် ခြင်း အကြောင်းကို စီရင် တော်မူပါ။

5ကိုယ်တော် အားဖြင့် အကျွန်ုပ် တို့သည် ရန်သူ များ ကို တွန်းချ ကြပါစေသော။ ရန်ဘက် ပြုသောသူတို့ကို နာမတော် အားဖြင့် နင်း ရသောအခွင့်ရှိကြပါစေသော။

6ကိုယ် ၌ ပါသောလေး ကို အကျွန်ုပ်သည် မ ကိုးစား။ ကိုယ် ထား သည် အကျွန်ုပ် ကို မ ကယ် ရပါ။

7ကိုယ်တော်သာလျှင် အကျွန်ုပ် တို့ကို ရန်သူ လက် မှ ကယ်လွှတ် တော်မူ၏။ အကျွန်ုပ် တို့အား မုန်း သော သူများကိုလည်း အရှက်ကွဲ စေတော်မူ၏။

8အကျွန်ုပ်တို့သည် မ ခြားမလပ်ဘုရား သခင်၌ ဝါကြွား ၍ နာမတော် ကို အစဉ် အမြဲချီးမွမ်း ကြပါ၏။

9သို့သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရှက်ကွဲ စေတော်မူပြီး။ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော်မ မူပါ။

10အကျွန်ုပ် တို့ကို ရန်သူ ရှေ့ မှာပြန် ပြေး စေ တော်မူ၍ ၊ မုန်း သောသူတို့သည် အလိုလိုလုယူ ရကြ၏။

11ဟင်းလျာ ဖြစ်သောသိုး များကဲ့ သို့အကျွန်ုပ် တို့ကို အပ် လိုက်၍ ၊ တပါးအမျိုးသား တို့တွင် အရပ်ရပ်ကွဲပြား စေ တော်မူ၏။

12ကိုယ်တော် ၏ လူ များကိုအဘိုး မ ခံဘဲရောင်း ၍ ၊ ရောင်း သောအားဖြင့် စီးပွါး တော်ကို တိုးပွါး စေတော်မူသည် မ ဟုတ်။

13အကျွန်ုပ် တို့ကို အိမ်နီးချင်း များကဲ့ရဲ့ ရာ ပတ်ဝန်းကျင် ၌နေသောသူများပြက်ယယ် ပြု၍ ၊ အရှက် ခွဲရာ ဖြစ်စေခြင်းငှါ စီရင် တော်မူ၏။

14တပါးအမျိုးသား တို့သည် အကျွန်ုပ် တို့ကို ပုံ ခိုင်း ရသောအခွင့်၊ လူစု တို့သည် ခေါင်း ညှိတ် ရသောအခွင့်ကိုပေး တော်မူ၏။

15ကဲ့ရဲ့ သောသူနှင့် အသရေ ဖျက်သောသူ ၏ စကား ကြောင့် ၎င်း၊

16ရန်ဘက် ပြုသောသူနှင့် လက်စားချေ သောသူ၏ မျက်နှာကြောင့်၎င်း၊ အကျွန်ုပ် သည် ကိုယ် အရှက် ကွဲခြင်းအကြောင်းကို အစဉ် မျက်မှောက် ပြုရပါ၏။ မျက်နှာ ရှက် ခြင်းအားဖြင့် မွန်း လျက်နေရပါ၏။

17ထို မျှ လောက်ခံရ သော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တော် ကို မ မေ့ မလျော့။ သစ္စာ တော်ကို မ ဖျက် ကြပါ။

18စိတ် နှလုံးသည် နောက် သို့မ ဆုတ် ၊ တရားတော် လမ်း မှ လွှဲ ၍ မသွား ကြပါ။

19ကိုယ်တော်မူကား ၊ မြေခွေး နေရာ အရပ်မှာ အကျွန်ုပ် တို့ကို ချိုးဖဲ့ နှိပ်စက်၍ ၊ သေခြင်း အရိပ်နှင့် ဖုံးလွှမ်း တော်မူ၏။

20အကျွန်ုပ် တို့သည် ကိုယ်ဘုရား သခင်၏ နာမတော် ကိုမေ့လျော့ ၍ ၊ တပါး အမျိုး၏ ဘုရား ထံ သို့လက် ကိုဆန့် သည်မှန်လျှင်၊

21နှလုံး ၌ဝှက်ထား သော အရာများကိုဘုရား သခင် သိ တော်မူသည်ဖြစ်၍ ၊ ထို အမှုကိုမ စစ် ဘဲနေတော်မူမည် လော။

22အကယ် စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့ သည် အစဉ် မပြတ်အသေသတ် ခြင်းကိုခံရကြပါ၏။ သတ် ဘို့ရာထားသောသိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ် တတ်ကြပါ၏။

23အိုဘုရား ရှင်၊ နိုး တော်မူပါ။ အဘယ်ကြောင့် ကျိန်းစက် တော်မူသနည်း။ ထ တော်မူပါ။ အကျွန်ုပ်တို့ကို အစဉ် စွန့်ပစ် တော်မ မူပါနှင့်။

24အကျွန်ုပ် တို့ ခံရသောနှိမ့်ချ ခြင်းနှင့် ညှဉ်းဆဲ ခြင်းကို မျက်နှာ တော်လွှဲ ၍ အဘယ်ကြောင့် မေ့လျော့ တော်မူသနည်း။

25အကျွန်ုပ် တို့၏စိတ် ဝိညာဉ်သည် မြေ တိုင်အောင် နှိမ့်ချ ခြင်းကို ခံရ၍ ၊ ရင်ပတ် လည်းမြေ ၌ ကပ် လျက်ရှိပါ၏။

26အကျွန်ုပ် တို့ကို မစ သောဘုရား ၊ ထ တော်မူပါ။ ကရုဏာ တော်နှင့်အညီ ရွေးနှုတ် တော်မူပါ။

← Psalms 43Read In The App, Free →Psalms 45 →

Study Psalms 44

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150