The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 65

1အို ဘုရား သခင်၊ ဇိအုန် မြို့၌ ကိုယ်တော် ရှေ့ မှာ ငြိမ်ဝပ် စွာ နေ၍ ချီးမွမ်း ရပါ၏။ ကိုယ်တော် အား လည်း သစ္စာ ဝတ်ကို ဖြေ ရပါ၏။

2ပဌနာ စကားကို နားထောင် တော်မူသောဘုရား၊ ကိုယ်တော် ထံ သို့လူသား အပေါင်း တို့သည် ချဉ်းကပ် ရကြလိမ့်မည်။

3မ တရားသောအမှု သည် အလွန်များ၍ အကျွန်ုပ် သည် မ တတ်နိုင်ပါ။ သို့သော်လည်း၊ အကျွန်ုပ် တို့ ပြစ်မှား ခြင်း အပြစ်များကို ကိုယ်တော် ဖြေရှင်း တော်မူမည်။

4တန်တိုင်း တော်အတွင်း၌ နေ ၍၊ အထံတော်သို့ ချဉ်းကပ် စေခြင်းငှါ ၊ ကိုယ်တော်ရွေးကောက် တော်မူသောသူသည် မင်္ဂလာ ရှိပါ၏။ သန့်ရှင်း သော ဗိမာန် တော်တည်းဟူသောအိမ် တော်၌ ကောင်း သော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝ ပြောကြပါစေသော။

5အကျွန်ုပ် တို့ကို ကယ်တင် တော်မူသောဘုရား ၊ အကျွန်ုပ် တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ် သော အမှုတို့ကို တရား တော်နှင့်အညီပြ တော်မူ၏။ ကိုယ်တော်သည် ဝေး စွာသော မြေကြီး စွန်း နှင့် ၊ ပင်လယ် စွန်းတို့၌ နေသောသူတို့၏ ကိုးစား ရာ ဖြစ်တော်မူ၏။

6ကိုယ်တော်သည် တန်ခိုး နှင့် ပြည့်စုံ သဖြင့် ၊ အားကြီး ၍ တောင် များကို တည် စေတော်မူ၏။

7သမုဒ္ဒရာ မြည် သံ၊ လှိုင်း တံပိုးဟုန်း သံ၊ လူ တို့ ရုန်း ရင်းခတ်သံများကိုလည်း ငြိမ်း စေတော်မူ၏။

8အဝေး ဆုံးသော အရပ်တို့၌နေ သောသူတို့ သည် ကိုယ်တော် ၏ နိမိတ် များကို မြင်၍ ကြောက်ရွံ့ ကြပါ ၏။ နေထွက် ရာအရပ်နှင့် နေဝင် ရာအရပ်တို့ကို ရွှင်လန်း စေတော်မူ၏။

9မြေကြီး ကို အကြည့် အရှုကြွလာ၍ ၊ မိုဃ်းကို များစွာရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရား သခင်၏ မြစ် အားဖြင့်အလွန်ကြွယ်ဝစေတော်မူ၏။ ထို သို့ မြေကို ပြုပြင်ပြီးမှ၊ မြေသား တို့အဘို့ စပါး ကို ပြုပြင် တော်မူ၏။

10မြေရိုး တို့ကို စိုစွတ် စေ၍၊ လယ်ပြင်ကို တညီ တည်း စီရင်ပြီးမှ၊ မိုဃ်းရွာ သောအားဖြင့် ပြော့ စေ၍၊ ပေါက် သော အပင်များကို ကောင်းကြီး ပေးတော်မူ၏။

11နှစ် တို့ကို ကျေးဇူး တော်နှင့် ပတ်ရစ် တော်မူ၍ ၊ ခြေ တော်ရာတို့သည် ဆီဥ ယို တတ်ကြပါ၏။

12သာယာ သော တော အရပ်တို့လည်း ယို ၍ ၊ တောင် တို့သည်လည်း ပီတိ ခါးစည်းနှင့် စည်း လျက် ရှိကြပါ၏။

13ကျက်စား ရာအရပ်တို့သည် သိုး ဆိတ်စုတို့နှင့် ပြည့်စုံ လျက်၊ လယ်ပြင် တို့လည်း စပါး ပင်နှင့် လွှမ်းမိုး လျက် ရှိ၍၊ ကျူးဧ သောအသံနှင့် သီချင်း ဆိုကြပါ၏။

← Psalms 64Read In The App, Free →Psalms 66 →

Study Psalms 65

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150