The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 6

1အိုထာဝရဘုရား ၊ အမျက် တော်ထွက်၍ အကျွန်ုပ် ကို အပြစ် တင်တော်မ မူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမ တော်မ မူပါနှင့်။

2အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ခွန်အား နည်းလှပါ၏။ ကယ်မ သနားတော်မူပါ။ အိုထာဝရဘုရား ၊ အကျွန်ုပ် အရိုး တို့သည် တုန်လှုပ် ကြပါ၏။ ကျန်းမာ ပကတိ ရှိစေတော်မူပါ။

3အကျွန်ုပ် စိတ် ဝိညာဉ်သည် အလွန် တုန်လှုပ် ပါ ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အဘယ် မျှကာလ ပတ်လုံးနေတော်မူမည်နည်း။

4အိုထာဝရဘုရား ၊ တဖန်ကြွလာ ၍ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကယ် ယူတော်မူပါ။ ကရုဏာ တော်နှင့်အညီ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။

5အကြောင်း မူကား၊ သေ လျက်နေစဉ်တွင် ကိုယ်တော် ကို အောက်မေ့ ခြင်းမ ရှိပါ။ မရဏာ နိုင်ငံတွင် ကျေးဇူးတော်ကို အဘယ် သူချီးမွမ်း ပါမည်နည်း။

6အကျွန်ုပ် သည် ညည်းတွား ၍ ပင်ပန်း လှပါ၏။ အကျွန်ုပ် ခုတင် ကို ကိုယ် မျက်ရည် ၌ တညဉ့် လုံး မျှော ၍ ၊ အိပ်ရာ ကိုလည်း မွန်း စေပါ၏။

7ဝမ်းနည်း ခြင်းအားဖြင့် မျက်စိ ပျက် ၍၊ ရန်သူ များ ကြောင့် ပြာမှုန် လျက် ရှိပါ၏။

8မ တရားသဖြင့်ပြု သောသူအပေါင်း တို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ ငိုကြွေး သံ ကို ထာဝရဘုရား ကြား တော်မူ ၏။

9ငါ တောင်းပန် ခြင်းကို ထာဝရဘုရား ကြား တော်မူ ၏။ ငါ ပြုသော ပဌနာ စကားကို ထာဝရဘုရား နာယူ တော်မူ၏။

10ငါ့ ရန်သူ အပေါင်း တို့သည် ရှက်ကြောက် ၍ ဆုံးရှုံး ခြင်းရှိကြလိမ့်မည်။ ချက်ခြင်း ပြန်သွား ၍ ရှက်ကြောက် ခြင်းသို့ရောက်ကြလိမ့်မည်။

← Psalms 5Read In The App, Free →Psalms 7 →

Study Psalms 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150