The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 19

1မိုဃ်းကောင်းကင် သည် ဘုရား သခင်၏ ဘုန်း အသရေတော်ကို ကြား ပြော၍ ၊ မိုဃ်း မျက်နှာကြက်သည် လက် တော်နှင့်လုပ်သောအရာများကိုပြ သ၏။

2တနေ့ ကို တနေ့ မြွက်ဆို ၍ ၊ တညဉ့် ကို တညဉ့် သွန်သင် ၏။

3နှုတ် မြွက်ခြင်း၊ စကား ပြောခြင်းမ ရှိ၊ သူ တို့ နှုတ်ထွက် သံကို မ ကြား ရသော်လည်း၊

4သူ တို့၏အသံ သည် မြေ တပြင်လုံး ၌ နှံ့ပြား ၍ ၊ သူ တို့၏စကား သည် မြေကြီး စွန်း တိုင်အောင် ရောက် လေ၏။

5မိုဃ်းကောင်းကင်တွင် နေ ဗိမာန် ကို ထား တော်မူသဖြင့် ၊ နေ သည် အိပ်ခန်း ထဲ ကထွက် လာသောမင်္ဂလာဆောင် လုလင်ကဲ့သို့ ဖြစ်၍ ၊ ခွန်အား ကြီးသောသူကဲ့သို့ မိမိသွား ရာလမ်းသို့ လိုက်ပြေး မည်ဟု ဝမ်းမြောက် လျက်၊

6မိုဃ်းကောင်းကင် တစွန်း မှ ထွက် လာ၍ ၊ တစွန်း တိုင်အောင် လှည့် ပတ်သောအားဖြင့်၊ သူ ၏အပူ အရှိန်မှ ကွယ် လွတ်သောအရာ တစုံတခုမျှမ ရှိ။

7ထာဝရဘုရား ၏ တရား တော်သည် စုံလင် သည် ဖြစ်၍စိတ် ဝိညာဉ်ကို ပြုပြင် တတ်၏။ ထာဝရဘုရား ၏ သက်သေခံ တော်မူချက်သည် ဟုတ်မှန် သည်ဖြစ်၍မ လိမ္မာသောသူတို့ ကို လိမ္မာ စေတတ်၏။

8ထာဝရဘုရား ၏ နည်း ဥပဒေသတို့သည် ဖြောင့်မတ် သည် ဖြစ်၍စိတ် နှလုံးကို ရွှင်လန်း စေတတ်၏။ ထာဝရဘုရား ၏ ပညတ် တော်သည် စင်ကြယ် သည်ဖြစ်၍၊ မျက်စိ ကို ရှင်းလင်း စေတတ်၏။

9ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသဘောသည် သန့်ရှင်း သည် ဖြစ်၍၊ ကာလ အစဉ်အမြဲတည် ၏။ ထာဝရဘုရား ၏စီရင် တော်မူချက်တို့သည် သစ္စာ တရားနှင့်ညီ၍၊ တညီ တညွတ်တည်းဖြောင့်မတ် ကြ၏။

10ရွှေ ထက် မက၊ များစွာ သောရွှေစင် ထက် နှစ်သက် ဘွယ်ဖြစ်၍ ၊ ပျားရည် ထက် မက၊ ပျား လပို့ ထက် ချို ကြ၏။

11တရား တော်အားဖြင့် ကိုယ်တော် ၏ ကျွန် သည် သတိရ၍၊ တရား စောင့် ခြင်းအကျိုး သည် ကြီး လှပါ၏။

12မိမိမှားယွင်း ခြင်းကို အဘယ်သူ သည် နားလည် နိုင်သနည်း။ မ ထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင် စေ၍၊

13ရဲရင့် သော ဒုစရိုက်ကို လည်း ကိုယ်တော် ၏ ကျွန် သည် မ ပြုရမည်အကြောင်းဆီးတား တော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ် ကို အစိုး မ ရပါစေနှင့်။ ထိုသို့ သော အားဖြင့်အကျွန်ုပ်သည်ဖြောင့်မတ် ခြင်းရှိ၍ ၊ ကြီးစွာ သောပြစ် မှားခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။

14အကျွန်ုပ် ပြော သောစကား နှင့် စိတ် နှလုံး၏ အကြံ အစည်သည် ရှေ့ တော်၌ နှစ်သက် ဖွယ် ဖြစ် ပါစေသော။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ကို ရွေးနှုတ် တော်မူသောဘုရား။

← Psalms 18Read In The App, Free →Psalms 20 →

Study Psalms 19

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150