The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 89

1အကျွန်ုပ်သည် ထာဝရဘုရား ၏ ကရုဏာ တော် ကို အစဉ် အမြဲသီချင်း ဆိုပါမည်။ ကိုယ်တော် ၏သစ္စာ ကို လူမျိုး အဆက်ဆက်တို့အား ဟောပြော မြွက်ဆိုပါမည်။

2ကရုဏာ တော်သည် အစဉ် အမြဲတည် ရပါ၏။ သစ္စာ တော်ကို ကောင်းကင် ၌ခိုင်ခံ့ မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။

3ကိုယ်တော်မိန့်တော်မူသည်ကား၊ သင် ၏အမျိုးအနွယ် ကို အစဉ် မပြတ်ငါမြဲမြံစေမည်။

4သင် ၏ပလ္လင် ကိုလည်း လူမျိုး အဆက်ဆက်တည်စေမည်ဟု ငါ ရွေးကောက် သောသူနှင့် ငါသည် ပဋိညာဉ် ဖွဲ့ ၍ ၊ ငါ ၏ ကျွန် ဒါဝိဒ် အား ကျိန်ဆို ခြင်းကိုပြုပြီ။

5အို ထာဝရဘုရား ၊ ကောင်းကင် သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း ၊ သန့်ရှင်း သောသူတို့သည် စည်းဝေး လျက် သစ္စာ တော်ကို၎င်း ချီးမွမ်း ကြပါစေသော။

6အကြောင်း မူကား၊ ကောင်းကင် တွင် ထာဝရဘုရား နှင့် အဘယ် သူပြိုင် နိုင်သနည်း။ ဘုရား သခင်၏ သား တို့တွင် ထာဝရဘုရား နှင့် အဘယ်သူတူ သနည်း။

7ဘုရား သခင်သည် သန့်ရှင်း သူတို့၏ ပရိသတ် တွင် အလွန် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။ အထံ တော်၌ ပတ်လည် နေသောသူအပေါင်း တို့ထက် ရိုသေ ဘွယ် ဖြစ်တော်မူ၏။

8ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရား သည် ခွန်အား ကြီးတော်မူ၏။ သစ္စာ တော်လည်း ကိုယ်တော် ကို ပတ် ဝန်းလျက်ရှိပါ၏။

9သမုဒ္ဒရာ ဟုန်း ခြင်းကို အစိုးရ တော်မူ၏။ လှိုင်း တံပိုးထ သောအခါ ငြိမ်း စေတော်မူ၏။

10ကိုယ်တော် သည် သူရဲ ကဲ့သို့ ရာခပ် ကိုချိုးဖျက် ၍၊ အားကြီး သော လက်ရုံး တော်ဖြင့် ရန်သူ တို့ကို အရပ်ရပ်သို့ ကွဲပြား စေတော်မူ၏။

11ကောင်းကင် နှင့်မြေကြီး သည် ကိုယ်တော် ၏ ဥစ္စာဖြစ်ပါ၏။ လောကဓါတ် နှင့် လောကဓါတ် တန်ဆာ များကို တည် တော်မူပြီ။

12မြောက် မျက်နှာနှင့် တောင် မျက်နှာကိုလည်း ဖန်ဆင်း တော်မူပြီ။ တာဗော် တောင်နှင့် ဟေရမုန် တောင်သည် နာမတော် ကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။

13တန်ခိုး ရှိသောလက်ရုံး နှင့် ပြည့်စုံတော်မူ၏။ လက် တော်သည် အားကြီး ၍၊ လက်ျာ လက်တော်သည် မြင့် ပါ၏။

14တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင် တော်၏ တည် ရာဖြစ်ပါ၏။ ကရုဏာ နှင့် သစ္စာ သည် မျက်နှာ တော်ရှေ့၌ သွား ကြပါ၏။

15အို ထာဝရဘုရား ၊ နှိုးဆော် တော်မူ ခြင်းအသံကို နားလည် သော လူမျိုး သည် မင်္ဂလာ ရှိပါ၏။

16သူတို့သည် မျက်နှာ တော်အလင်း ၌ သွား လာရကြပါ၏။ နာမ တော်၌ အစဉ် ဝမ်းမြောက် ၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက် ခြင်းသို့ ရောက်ရ ကြပါ၏။

17ကိုယ်တော် သည် သူ တို့အစွမ်း သတ္တိ၏ ဘုန်း ဖြစ် တော်မူ၏။ ကျေးဇူး တော်အားဖြင့် လည်း အကျွန်ုပ် တို့၏ ဦးချို သည် ချီးမြှောက် လျက် ရှိပါ၏။

18ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား သည် အကျွန်ုပ် တို့၏ ရှင်ဘုရင် ဖြစ်တော်မူ၏။

19တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်း သူတို့ကို ဗျာဒိတ် တော်အားဖြင့် မိန့် မြွက်တော်မူသည်ကား၊ အားကြီး သောသူသည် ကူမ မည် အကြောင်း ငါခန့်ထား ပြီ။ လူစု ထဲ က ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက် ပြီ။

20ငါ ၏ ကျွန် ဒါဝိဒ် ကို ငါတွေ့ ၍၊ သန့်ရှင်း သော ဆီ နှင့် ဘိသိက် ပေးပြီ။

21သူ့ ဘက် မှာ ငါ့ လက် သည် တည် လိမ့်မည်။ ငါ့ လက်ရုံး သည် သူ့ ကို မြဲမြံ ခိုင်ခံ့စေမည်။

22ရန်သူ သည် သူ ၏ ဥစ္စာကို အနိုင်အထက်မ ယူ ရ။ မ တရားသောသူ သည် မ ညှဉ်းဆဲ ရ။

23သူ ၏ ရန်သူ တို့ကို သူ့ ရှေ့ မှာ ငါနှိပ်စက် ၍ ၊ သူ့ ကိုမုန်း သောသူတို့ ကို ဒဏ်ခတ် မည်။

24ငါ ၏သစ္စာ နှင့် ကရုဏာ သည် သူ့ ဘက် မှာနေ၍ ၊ ငါ ၏နာမ အားဖြင့် သူ ၏ ဦးချို သည် ချီးမြှောက် လျက် ရှိလိမ့်မည်။

25သူ ၏လက် ကိုလည်း ၊ ပင်လယ် ပေါ် မှာ၎င်း ၊ သူ ၏လက်ျာ လက်ကို မြစ် များပေါ် မှာ၎င်း ငါတင် ၍ ထားမည်။

26သူကလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ၏အဘ ၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် ရာ ကျောက် ဖြစ်တော်မူ၏ဟု၊ ငါ့ ကို ကြွေးကြော် လိမ့်မည်။

27အကယ် စင်စစ်သူ့ ကို သားဦး အရာ၌ ခန့်ထား ၍၊ လောကီ ရှင် ဘုရင်တို့အပေါ် မှာ ချီးမြှောက် မည်။

28ငါ ၏ ကရုဏာ ကို သူ့ အဘို့ ငါသည် အစဉ် စောင့် ၍ ၊ ငါ ၏ ပဋိညာဉ် တရားသည် သူ ၌ မြဲမြံ လိမ့်မည်။

29သူ ၏ အမျိုးအနွယ် ကို အစဉ် အမြဲတည် စေမည်။ သူ ၏ပလ္လင် သည် ကောင်းကင် ကာလ ကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။

30သူ ၏သား မြေးတို့သည် ငါ့ တရား ကို စွန့်ပယ် ၍ ၊ ငါ ၏စီရင် ချက်တို့ကို မ ကျင့် ၊

31ငါ ၏အထုံးအဖွဲ့ တို့ကို ရှုတ်ချ ၍ ၊ ငါ ၏ပညတ် တို့ကို မ စောင့် ဘဲနေလျှင် ၊

32ငါသည် သူ တို့ပြစ်မှား သောကြောင့်၊ ကြိမ်လုံး နှင့် ဆုံးမ ၍ ဒဏ်ချက် တို့နှင့် ဒုစရိုက် အတိုင်း အပြစ်ပေးမည်။

33သို့သော်လည်း ၊ ငါ ၏ကရုဏာ ကိုသူ မှ ငါမ နှုတ် မပယ်။ ငါ ၏သစ္စာ ကိုလည်း မ ဖျက် ။

34ငါ ၏ပဋိညာဉ် တရားကိုလည်း မ ရှုတ်ချ ။ ငါ မိန့် မြွက်သော စကား လည်း ဖေါက်ပြန် ခြင်းမ ရှိရ။

35ငါသည် ဒါဝိဒ် ကို မ လှည့်စား ဟု ငါ ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါ ကျိန်ဆို ပြီ။

36သူ ၏အမျိုးအနွယ် သည် အစဉ် အမြဲတည် ရမည်။ သူ ၏ပလ္လင် သည်လည်း ၊ ငါ့ ရှေ့ ၌ နေ ကဲ့သို့ ဖြစ်ရမည်။

37လ ကဲ့သို့ ၎င်း၊ မိုဃ်း ကောင်းကင်၌ သစ္စာ စောင့်သော သက်သေ ကဲ့သို့၎င်း ၊ အစဉ် မြဲမြံ ရမည်ဟု ကိုယ်တော် သည် မိန့်တော်မူပါပြီ။

38သို့သော်လည်း ၊ ကိုယ်တော် သည် ယခုစွန့်ပယ် ၍ ရွံရှာ တော်မူပြီ။ အထံ တော်၌ ဘိသိက် ခံသောသူကို အမျက်ထွက် တော်မူပြီ။

39ကိုယ်တော် ၏ ကျွန် နှင့်ဖွဲ့သော ပဋိညာဉ် ကို ဖျက် ၍၊ သူ ၏သရဖူ ကို မြေ တိုင်အောင် ရှုတ်ချ တော်မူပြီ။

40သူ ၏ခြံ ရှိသမျှ တို့ကိုချိုး ၍၊ သူ ၏တိုက် များကို ဖြိုဖျက် တော်မူပြီ။

41လမ်း ၌ရှောက်သွား သော သူအပေါင်း တို့သည် သူ့ ကိုလုယူ ကြ၏။ အိမ်နီးချင်း တို့တွင် ကဲ့ရဲ့ ဘွယ်ဖြစ် ပါ၏။

42သူ ၏ရန်သူ တို့ လက်ျာ လက်ကို ချီးမြှင့် ၍၊ ရန်ဘက် ပြုသောသူ အပေါင်း တို့ကို ဝမ်းမြောက် စေ တော်မူ၏။

43သူ ၏ထား သွားကိုလိပ် စေ၍ ၊ သူ စစ် တိုက်ရာတွင် ထောက်မ တော်မ မူပါ။

44သူ ၏ဘုန်း ကို ကွယ် စေ၍ ၊ သူ ၏ရာဇပလ္လင် ကို မြေ သို့ နှိမ့်ချ တော်မူပြီ။

45သူ ၏ပျို သောအရွယ် ကို တို စေ၍ အရှက်ခွဲ တော်မူပြီ။

46အို ထာဝရဘုရား ၊ ကိုယ်တော်သည် အလျှင်း မ ထင်ရှားဘဲ၊ အဘယ် မျှကာလ ပတ်လုံးပုန်း ၍ နေတော်မူ မည်နည်း။ အမျက် တော်သည် အဘယ်မျှကာလ ပတ်လုံးမီး ကဲ့သို့ လောင် ရပါမည်နည်း။

47အကျွန်ုပ် ၏ အသက်တာသည် အဘယ် မျှလောက် တို သည်ကို၎င်း၊ အဘယ် မျှလောက်ပျက် တတ် စေ ခြင်းငှါ၊ လူသား အပေါင်း တို့ကို ဖန်ဆင်း တော်မူသည် ကို၎င်း၊ အောက်မေ့ တော်မူပါ။

48သေ ခြင်းသို့မ ရောက်၊ အသက် ရှင်၍ မိမိ ဝိညာဉ် ကို မရဏ နိုင်ငံတန်ခိုး မှ ကယ်နှုတ် နိုင်သော သူကား အဘယ် သူနည်း။

49အို ထာဝရ ဘုရား၊ သစ္စာ တော်နှင့်တကွ ကိုယ်တော် ၏ ကျွန်ဒါဝိဒ် အား ကျိန်ဆို တော်မူသောရှေး ကရုဏာ တော်သည် အဘယ် မှာရှိပါသနည်း။

50အိုထာဝရ ဘုရား၊ ကိုယ်တော် ၏ ကျွန် တို့သည် ခံရသောကဲ့ရဲ့ ခြင်းကို အောက်မေ့ တော်မူပါ။ များစွာ သော လူ တို့၏ အမှုအလုံးစုံ ကို အကျွန်ုပ် သည် ကိုယ် ရင်ခွင် ၌ ဆောင် ရပါ၏။

51အကြောင်း မူကား၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ တို့သည် ကဲ့ရဲ့ တတ်ကြပါ၏။ အထံ တော်၌ ဘိသိက် ခံသောသူ၏ ခြေတော် ရာတို့ကို ကဲ့ရဲ့ တတ်ကြပါ ၏။

52ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင် ။

← Psalms 88Read In The App, Free →Psalms 90 →

Study Psalms 89

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150