The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 129

1ငယ် သောအရွယ်မှစ၍ ၊ ကြိမ်ဖန်များစွာ ငါ့ ကို သူတပါးတို့သည် ညှဉ်းဆဲ ကြပြီဟူသောစကားနှင့်ချီ၍၊ ဣသရေလ အမျိုးဆို ရသော စကားဟူမူကား၊

2ငယ် သောအရွယ်မှစ၍ ၊ ကြိမ်ဖန်များစွာ ငါ့ ကို သူတပါးတို့သည် ညှဉ်းဆဲ ကြပြီ။ သို့သော်လည်း ငါ့ ကို မ နိုင် ကြ။

3ထွန် သောသူတို့ သည် ငါ့ ကျော ပေါ် မှာ ထွန် ၍၊ ရှည်သော ထွန် ကြောင်းတို့ကို ဖြစ် စေကြ၏။

4ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ မ တရားသောသူတို့ ၏ ကြိုး တို့ကို ဖြတ် တော်မူပြီ။

5ဇိအုန် မြို့ကို မုန်း သောသူအပေါင်း တို့သည် ရှက်ကြောက် ၍ လှန် ခြင်းကိုခံရကြပါစေ။

6အိမ်မိုး ပေါ်မှာ ပေါက် ၍၊ အဘယ်သူမျှမနှုတ်ဘဲ ညှိုးနွမ်း တတ် သော မြက်ပင် ကဲ့သို့ ဖြစ် ကြပါစေ။

7ထိုမြက်ပင်ကိုရိတ် သောသူသည် လက်တဆုပ်မျှ မရ။ စည်း သောသူလည်း လက် တပွေ့ မျှမ ရ။

8လမ်း၌ ရှောက်သွား သော သူတို့ ကလည်း၊ ထာဝရဘုရား ပေးတော်မူသော မင်္ဂလာ သက်ရောက် ပါစေ သော။ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍၊ သင် တို့ကို ကောင်းကြီး ပေးကြ၏ဟု မ ပြော မဆိုရကြ။

← Psalms 128Read In The App, Free →Psalms 130 →

Study Psalms 129

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150