The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 85

1အို ထာဝရဘုရား ၊ ကိုယ်တော် သည် ပြည် တော် ကို စိတ် နှင့် တွေ့တော်မူ၍၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးသားတို့ကို ပြန် ပို့စေတော်မူပြီ။

2ကိုယ်တော် ၏ လူ တို့အပြစ် ကိုလွှတ် ၍၊ သူ တို့၏ ဒုစရိုက် အပေါင်း ကိုလည်း ဖုံးအုပ် တော်မူပြီ။

3စိတ် တော်ရှင်းရှင်း ပြေ ၍၊ အမျက် တော် အရှိန် ကို လျော့စေ တော်မူပြီ။

4အကျွန်ုပ် တို့ကို ကယ်တင် တော်မူသော ဘုရား ၊ တဖန် အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ ထွက်ဘူးသော အမျက် တော်ကို ငြိမ်းစေ တော်မူပါ။

5အကျွန်ုပ် တို့၌ အစဉ် အမျက် ထွက်တော်မူမည် လော ။ ကာလ အစဉ်အဆက် စိတ် တော်မပြေဘဲ နေတော်မူ မည်လော။

6ကိုယ်တော် ၏ လူ တို့သည် ကိုယ်တော် ကို အမှီပြု ၍ ဝမ်းမြောက် ပါမည်အကြောင်း ၊ တဖန်အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူမည်မ ဟုတ်လော။

7အိုထာဝရဘုရား ၊ အကျွန်ုပ် တို့အား ကရုဏာ တော်ကိုပြ ၍၊ ကယ်တင် တော်မူခြင်းကျေးဇူးကို ပြု တော်မူ ပါ။

8ထာဝရ အရှင် ဘုရား သခင်သည် အဘယ်သို့ မိန့် တော်မူမည်ကို ငါနားထောင် မည်။ အကယ် စင်စစ်မိမိ လူ ၊ မိမိ သန့်ရှင်း သူတို့အား ငြိမ်သက် ခြင်းအကြောင်းကို မိန့် တော်မူလိမ့်မည်။ သို့ရာတွင် ၊ နောက်တဖန် မိုက် သောအကျင့် ကို မ ကျင့် ကြပါစေနှင့်။

9ငါ တို့ပြည် ၌ ဘုန်း တော်ကျိန်းဝပ် မည်အကြောင်း ၊ ကယ်တင် တော်မူခြင်း ကျေးဇူးသည်၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့ ၏အနီး သို့ ဧကန် အမှန် ရောက် လေပြီ။

10ကရုဏာ နှင့် သစ္စာ ဆုံ မိပြီ။ တရား နှင့် ချမ်းသာ သည် တပါးကို တပါးနမ်း ကြပြီ။

11သစ္စာ သည် မြေကြီး ထဲ က ပေါက် လိမ့်မည်။ တရား သည်လည်း ကောင်းကင် ပေါ်က ငုံ့ကြည့် လိမ့်မည်။

12အကယ် စင်စစ်ထာဝရဘုရား သည် ကျေးဇူး ပြု တော်မူ၍ ၊ ငါ တို့ မြေ သည် မိမိ ဘဏ္ဍာ ကို ပေး လိမ့်မည်။

13တရား သည် ရှေ့ တော်၌သွား ၍ ခြေတော် ရာ တို့ကို ပဲ့ပြင် လိမ့်မည်။

← Psalms 84Read In The App, Free →Psalms 86 →

Study Psalms 85

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150