The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 86

1အိုထာဝရဘုရား ၊ နား တော်ကို လှည့်၍ အကျွန်ုပ် စကားကို နားထောင် တော်မူပါ။ အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။

2အကျွန်ုပ် ၏ ဘုရား သခင်၊ သန့်ရှင်း သူတို့အဝင် ဖြစ်သော အကျွန်ုပ် ၏ ဝိညာဉ် ကိုစောင့်မ ၍၊ ကိုယ်တော် ကို ကိုးစား သော ကိုယ်တော် ၏ကျွန် ကို ကယ်တင် တော်မူပါ။

3အို ထာဝရ ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော် ကို အစဉ် အော်ဟစ် ပါသည်ဖြစ်၍ ၊ ကယ် မသနားတော်မူပါ။

4အို ထာဝရ ဘုရား၊ ကိုယ်တော် ကို အကျွန်ုပ် တသ ပါသည်ဖြစ်၍၊ ကိုယ်တော် ၏ကျွန် သည် ဝမ်းမြောက် မည်အကြောင်းပြုတော်မူပါ။

5အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကောင်း သောသဘော၊ သည်းခံ တတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော် ကို ပဌနာ ပြုသော သူအပေါင်း တို့အား ကရုဏာ တော်ကြွယ်ဝ ပါ၏။

6အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာ စကားကို နားထောင် တော်မူပါ။ အသနား တော်ခံသော စကား သံကို မှတ် တော်မူပါ။ ဘေး ရောက်သည် ကာလ ၊ ကိုယ်တော် ကို ခေါ် ပါမည်။

7ကိုယ်တော်လည်း ထူး တော်မူ တတ်ပါ၏။

8အို ထာဝရ ဘုရား၊ ဘုရား တို့တွင် ကိုယ်တော် နှင့် တူသော ဘုရားမ ရှိပါ။ အမှု တော်နှင့် တူသော အမှုလည်း မ ရှိပါ။

9အို ထာဝရ ဘုရား၊ ဖန်ဆင်း တော်မူသောလူမျိုး အပေါင်း တို့သည် ချဉ်းကပ် လျက် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ နာမ တော်ကို ချီးမြှောက် ကြပါလိမ့်မည်။

10ကိုယ်တော် သည် ကြီးမြတ် ၍ အံ့ဩ ဘွယ်တို့ကို ပြု တော်မူ၏။ ကိုယ်တော် တပါး တည်းသာလျှင် ဘုရား သခင် ဖြစ်တော်မူ၏။

11အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်း ကို အကျွန်ုပ် အား ပြညွှန် တော်မူပါ။ ကိုယ်တော် ၏ သမ္မာတရား လမ်းသို့ လိုက်သွား ပါမည်။ နာမ တော်ကို ကြောက်ရွံ့ မည်အကြောင်း ၊ အကျွန်ုပ် ၏နှလုံး ကို စေ့စပ် စေတော်မူပါ။

12အကျွန်ုပ် ၏ ဘုရား သခင်ထာဝရ ဘုရား၊ အကျွန်ုပ် သည် ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍ ၊ နာမ တော်ကို အစဉ် အမြဲချီးမြှောက် ပါမည်။

13အကျွန်ုပ် ခံရ သောကရုဏာ တော်ကြီး လှပါ၏။ အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏ နိုင်ငံအောက် အရပ်ထဲက ကယ်နှုတ် တော်မူပြီ။

14အို ဘုရား သခင်၊ မာန ကြီးသောသူတို့ သည် အကျွန်ုပ် တဘက် ၌ ထ ကြ၍ ၊ ကြမ်းတမ်း သော လူ အစု အဝေးတို့သည် ကိုယ်တော် ကို မျက်မှောက် မ ပြုဘဲ၊ အကျွန်ုပ် အသက် ကို ရှာ ကြပါ၏။

15အို ထာဝရ ဘုရား၊ ကိုယ်တော် သည် သနား စုံမက် တတ် သော သဘော၊ ကျေးဇူး ပြုတတ် သော သဘော၊ သည်းခံ တတ်သောသဘော၊ ကရုဏာ နှင့် သစ္စာ ကြွယ်ဝသော သဘောနှင့် ပြည့်စုံ သောဘုရား ဖြစ်တော်မူ၏။

16အကျွန်ုပ် ကို မျက်နှာ ပြု၍ ကယ် မသနားတော်မူ ပါ။ ကိုယ်တော် ၏ကျွန် အား တန်ခိုး တော်ကိုပေး ၍၊ ကိုယ်တော် ၏ ကျွန် မသား ကို ကယ်တင် တော်မူပါ။

17အကျွန်ုပ် အား ကောင်း သော နိမိတ် လက္ခဏာကို ပြ တော်မူပါ။ အကျွန်ုပ် ကို မုန်း သောသူတို့သည် မြင် ၍ ရှက်ကြောက် ကြပါစေ။ အကြောင်း မူကား၊ အိုထာဝရ ဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို မစ ၍ ချမ်းသာ ပေးတော်မူ၏။

← Psalms 85Read In The App, Free →Psalms 87 →

Study Psalms 86

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150