The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 83

1အိုဘုရား သခင်၊ တိတ်ဆိတ် စွာ နေတော်မ မူပါ နှင့်။ အို ဘုရား သခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ် စွာ နေတော်မ မူပါနှင့်။

2ကိုယ်တော် ၏ရန်သူ တို့သည် ရုန်းရင်းခတ် ပြုကြပါ၏။ ကိုယ်တော် ကို မုန်း သောသူတို့သည် ထ ကြပါ၏။

3ကိုယ်တော် ၏ လူစု တဘက် ၌ ပရိယာယ် ကိုကြံ ၍ ၊ ကိုယ်တော် ကွယ်ကာ တော်မူသောသူတို့ တဘက် ၌ တိုင်ပင် ကြပါ၏။

4ဣသရေလ ၏နာမ ကို နောက် တဖန် အောက်မေ့ စရာမ ရှိစေခြင်းငှါ လာ ကြ၊ သူ တို့အမျိုး ကို ပယ် ဖြတ် ကြကုန်အံ့ဟု ဆို ကြပါ၏။

5သဘော တညီ တညွတ်တည်းတိုင်ပင် ၍ ၊ ကိုယ်တော် တဘက် ၌ အချင်းချင်း သင်း ဖွဲ့သော သူဟူမူကား။

6ဧဒုံ ပြည်၌ နေ သောသူ၊ ဣရှမေလ အမျိုးသား၊ မောဘ ပြည်သား၊ ဟာဂရ ပြည်သား၊

7ဂေဗလ ပြည်သား၊ အမ္မုန် ပြည်သား၊ အာမလက် ပြည်သား၊ တုရု မြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်း ဖွဲ့ကြပါ၏။

8အာရှုရိ အမျိုးသားတို့သည်လည်း ၊ ဝိုင်း၍ လောတ အမျိုးသား တို့ဘက်သို့ ဝင် ကြပါ၏။

9မိဒျန် အမျိုးကို၎င်း၊ ခိရှုန် ချောင်း နား မှာ သိသရ မင်းနှင့် ယာဘိန် မင်းကို ၎င်းပြုသကဲ့သို့ သူ တို့ကို ပြု တော်မူ ပါ။

10ထိုသူတို့သည် အင်္ဒေါရ အရပ်၌ ဆုံးရှုံး ၍၊ မြေ ပေါ် မှာ နောက်ချေး ကဲ့သို့ဖြစ် ကြပါ၏။

11ငါတို့သည် ဘုရား သခင်၏အိမ် များကို ကိုယ် ဘို့ သိမ်းယူ ကြကုန်အံ့ဟု ဆို သော ဩရဘ မင်းနှင့် ဇေဘ မင်း ကဲ့သို့ ၊

12ဤသူ တို့၏မှူးမတ် များကို၎င်း ၊ ဇေဘဟ မင်းနှင့် ဇာလမုန္န မင်းကဲ့သို့ ဤသူ တို့၏မင်းသား အပေါင်း ကို၎င်း ဖြစ် စေတော်မူပါ။

13အကျွန်ုပ် ၏ ဘုရား သခင်၊ လေဘွေ ၌ ပါသွား သော အမှိုက် ကဲ့သို့ ၎င်း၊ လေတိုက် ၍ လွင့်သော ဖွဲ့ကဲ့သို့ ၎င်း သူ တို့ကို ဖြစ် စေတော်မူပါ။

14တော ကို မီး ရှို့ သကဲ့သို့ ၎င်း ၊ တောင် ပေါ်မှာ မီး လောင် သကဲ့သို့ ၎င်း၊

15ထိုနည်းတူ ၊ မိုဃ်းသက် မုန်တိုင်းတော် အားဖြင့် သူ တို့ကိုညှဉ်းဆဲ ၍ ၊ ပြင်းစွာ သော လေတော်အားဖြင့် ချောက် လှန့်တော်မူပါ။

16အိုထာဝရဘုရား ၊ သူ တို့မျက်နှာ ကို ရှက် စေတော်မူ ၍ သူတို့သည် နာမ တော်ကို ရှာ ကြပါစေသော။

17စိတ်ပျက် ၍ အစဉ် ပင်ပန်း ခြင်း ရှိကြပါစေသော။ အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။

18ထာဝရဘုရား ဟူ၍နာမ တော်ရှိသော ကိုယ်တော် တပါး တည်းသာလျှင်၊ မြေကြီး တပြင်လုံး အပေါ် မှာ အမြင့်ဆုံး သောဘုရားဖြစ်တော်မူကြောင်း ကို သိ ကြပါ စေသော။

← Psalms 82Read In The App, Free →Psalms 84 →

Study Psalms 83

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150