The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 80

1သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။

2ဧဖရိမ် အမျိုး၊ ဗင်္ယာမိန် အမျိုး၊ မနာရှေ အမျိုးတို့ ရှေ့ မှာ တန်ခိုး တော်ကို နှိုးဆော် ၍ ၊ အကျွန်ုပ် တို့ကို ကယ်တင် ခြင်းငှါ ကြွ တော်မူပါ။

3အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော် အလင်း ကိုပြတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။

4ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့ပြုသောပဌနာ စကားကို အဘယ် မျှကာလ ပတ်လုံးအမျက်ထွက် တော်မူမည်နည်း။

5သူ တို့ကို မျက်ရည် မုန့် နှင့်ကျွေး ၍ ၊ မျက်ရည် ကိုလည်း ကြွယ်ဝ စွာ တိုက် တော်မူ၏။

6အနီး အပါး၌ နေသောသူတို့သည် အကျွန်ုပ် တို့ အတွက် ငြင်းခုံ ကြပါ၏။ ရန်သူ တို့သည်လည်း ဝါကြွား၍ အကျွန်ုပ် တို့ကို ပြက်ယယ် ပြုကြပါ၏။

7ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော်အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။

8ကိုယ်တော်သည် စပျစ် နွယ်ပင်ကို အဲဂုတ္တု ပြည် က ဆောင် ခဲ့၍၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးမှ စိုက်ပျိုး တော်မူ၏။

9သူ ၏နေရာကိုပြုပြင် တော်မူသဖြင့် ၊ သူသည် အမြစ် ကျ ၍ တပြည် လုံးကို နှံ့ပြား ပါ၏။

10သူ ၏အရိပ် သည် တောင် တို့ကို၎င်း ၊ အခက် အလက်တို့သည် အမြင့်ဆုံး သော အာရဇ် ပင်တို့ကို၎င်းလွှမ်းမိုး ကြပါ၏။

11သူ သည် အခက် အလက်တို့ကို ပင်လယ် တိုင်အောင် ၎င်း ၊ အညွန့် တို့ကို မြစ် ကြီးတိုင်အောင် ၎င်း ပြန့်ပွား စေပါ၏။

12ယခုမူကား၊ လမ်း ၌ ရှောက်သွား သောသူ အပေါင်း တို့သည် ဆွတ် စေခြင်းငှါ၊ သူ ၏ခြံ ကို အဘယ် ကြောင့် ချိုးဖျက် တော်မူသနည်း။

13တော ဝက် သည် ထိုအပင် ကို ကိုက်ခဲ ၍၊ တော သားရဲ သည်လည်း စား ပါ၏။

14ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ တဖန် ကြွလာ တော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင် က ကြည့်ရှု တော်မူပါ။ ထို စပျစ် နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။

15လက်ျာ လက်တော်နှင့် စိုက်ပျိုး သောအပင်၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော ပျိုး ပင်ကို ကွယ်ကာတော်မူပါ။

16မီးရှို့ ပါပြီ။ ခုတ် လှဲပါပြီ။ မျက်နှာ တော်ဖြင့် ဆုံးမ ခြင်းကို ခံရသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက် ရကြပါ၏။

17လက်ျာ လက်တော်နှင့်ဆိုင်သောလူ ၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော လူ သား ၏အပေါ် မှာ လက် တော်ကို တင် ပါစေသော။

18သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ထံ မှ မ ဆုတ် ရကြပါ။ အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။ နာမတော် ကို ပဌနာ ပြုကြပါမည်။

19ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာ တော် အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။

← Psalms 79Read In The App, Free →Psalms 81 →

Study Psalms 80

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150