The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 41

1ဆင်းရဲ သောသူကို အောက်မေ့ သောသူသည် မင်္ဂလာ ရှိ၏။ ခဲယဉ်း သောကာလ ၌ ထိုသူ ကို ထာဝရဘုရား ကယ်နှုတ် တော်မူမည်။

2ထာဝရဘုရား သည် စောင့်မ ၍ အသက် ချမ်းသာ ပေးတော်မူသဖြင့် ၊ ထိုသူသည် ပြည် တော်၌ ကောင်းကြီး မင်္ဂလာကို ခံရလိမ့်မည်။ ထိုသူ ကို ရန်သူ တို့ အလို သို့ ကိုယ်တော် သည် အပ် တော်မ မူပါ။

3သူ သည်နာဖျား ၍ တုံးလုံး နေသောအခါ ၊ ထာဝရဘုရား သည် ထောက် ပင့်တော်မူမည်။ နာ ၍ နေစဉ်ကာလ ကိုယ်တော်သည် သူ ၏အိပ်ရာ ရှိသမျှ ကို လှန် ပြန်တော်မူ မည်။

4ငါ လျှောက်ဆို ရသည်ကား၊ အိုထာဝရဘုရား ၊ အကျွန်ုပ် ကို သနား တော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား မိသည်ဖြစ်၍ ၊ အကျွန်ုပ် ၌ စိတ် ဝိညာဉ်၏ အနာကိုပျောက် စေတော်မူပါဟု လျှောက်ဆို၏။

5ငါ့ ရန်သူ တို့က၊ သူ သည်သေ ၍ သူ၏နာမ သည် အဘယ် ကာလမှ တိမ်မြှုပ် လိမ့်မည်နည်းဟု ငါ့ ကို မနာလို ၍ ဆို တတ်ကြ၏။

6ငါ့ကို ကြည့် လာ သောသူသည် မုသာ စကားကို ပြော တတ်၏။ သူ ၏နှလုံး သည်လည်း မ ကောင်းသော အကြံကို ဆည်းဖူး သည်နှင့် ၊ ထွက်သွား သောအခါ ထုတ် ဘော်ပြော တတ်၏။

7ငါ့ ကိုမုန်း သော သူအပေါင်း တို့သည် ငါ့ ကို ရန်ဘက် ပြု၍၊ တယောက်နှင့် တယောက်တိုး တိုးပြော လျက်၊ ငါ ၌ မ ကောင်းသောအကြံကို ကြံစည် တတ်ကြ၏။

8သူ ၌ အဓမ္မ အမှု အရာစွဲကပ် သည်ဖြစ်၍ ၊ တခါလဲ လျှင် နောက် တဖန်မ ထ ရဟု ဆိုကြ၏။

9အကယ် စင်စစ်ငါယုံ ၍ ၊ ငါ့ မုန့် ကိုစား သော အဆွေခင်ပွန်း သည် ငါ့ ကို ခြေနှင့်ကျောက်သတည်း။

10အိုထာဝရဘုရား ၊ သူ တို့အပြစ်ကို အကျွန်ုပ် ဆပ်ပေး နိုင်မည် အကြောင်း ၊ အကျွန်ုပ် ကို သနား ၍ ထမြောက် စေတော်မူပါ။

11အကျွန်ုပ် ၏ ရန်သူ သည် အကျွန်ုပ် အား မ နိုင် ကြောင်း ကိုထောက် ၍၊ ကိုယ်တော်သည် အကျွန်ုပ် ကို မြတ်နိုး တော်မူသည်ဟု သိ ရပါ၏။

12ကိုယ်တော် သည် အကျွန်ုပ် ကို အကျွန်ုပ် စုံလင် ခြင်းအရာ၌ မစ ၍ ၊ ကာလအစဉ် အဆက် ရှေ့ တော်ထံ မှာနေရာ ပေးတော်မူလတံ့။

13ဣသရေလ အမျိုး၏ ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင်။

← Psalms 40Read In The App, Free →Psalms 42 →

Study Psalms 41

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150