The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 38

1အိုထာဝရဘုရား ၊ အမျက် တော်ထွက်၍ အကျွန်ုပ် ကို အပြစ် တင်တော်မ မူပါနှင့်။ ပြင်းစွာ သောစိတ် တော်ရှိ၍ ဆုံးမ တော်မမူပါနှင့်။

2မြှား တော်တို့သည် အကျွန်ုပ် ၌ စုဝေး ၍ ၊ လက် တော်သည် အကျွန်ုပ် ကို နှိပ် လျက်ရှိပါ၏။

3အမျက် တော်ထွက်သောကြောင့် ၊ အကျွန်ုပ် အသား သည် ကျန်းမာ ခြင်းမ ရှိပါ။ ဒုစရိုက် အပြစ်ကြောင့် အရိုး များထဲ မှာ သက်သာ ခြင်းမ ရှိပါ။

4အကျွန်ုပ် ပြုမိသော ဒုစရိုက် တို့သည် အကျွန်ုပ် ခေါင်း ကို လွှမ်းမိုး ၍ ၊ လေး သောဝန် ကဲ့သို့ အကျွန်ုပ် မထမ်း နိုင်အောင် လေး ကြပါ၏။

5အကျွန်ုပ် မိုက် သောအမှုကြောင့် အနာ တို့သည် နံ စော်၍ ရိယွဲ့လျက်ရှိကြပါ၏။

6အကျွန်ုပ်သည် ပြင်းထန် စွာခံရ၍၊ အလွန် နှိမ့်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွား ရပါ၏။

7အကျွန်ုပ် ခါး သည် ပူလောင် သောအနာစွဲ ၍ ၊ အသား သည်လည်း ကျန်းမာ ခြင်းမ ရှိပါ။

8နုန်နဲ့ ခြင်း၊ ကြေကွဲ ခြင်းရှိ၍ ၊ စိတ် နှလုံးလှုပ်ရှား သဖြင့် အော်ဟစ် ရပါသည်။

9အိုဘုရား ရှင်၊ အကျွန်ုပ် အလို ရှိသမျှ သည် ရှေ့ တော်၌ ထင်ရှားပါ၏။ အကျွန်ုပ် ညည်းတွား ခြင်း ကိုလည်း အကြွင်းမဲ့ သိတော်မူ၏။

10အကျွန်ုပ် ၏ နှလုံး တုန်လှုပ် ၍၊ ခွန်အား လည်း ကုန် ပါပြီ။ မျက်စိ အလင်း သည် ကွယ် ပျောက်ပါပြီ။

11အကျွန်ုပ် ၏အဆွေ ခင်ပွန်း၊ အပေါင်း အဘော်တို့သည် အကျွန်ုပ် အနာ ရောဂါကြောင့် ၊ ဝေးဝေး ရပ် လျက် ၊ ပေါင်းဘော် တို့သည်လည်း ရှောင် လျက် နေကြ ပါ၏။

12အကျွန်ုပ် အသက် ကို ရှာ သောသူတို့သည် ကျော့ကွင်း များကို ထောင်ထားကြပါ၏။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် တနေ့လုံး မနာလို သောစကားကိုပြော ၍ ၊ မကောင်းသောပရိယာယ် ကို ကြံစည် ကြပါ၏။

13အကျွန်ုပ် မူကား ၊ နားပင်း သောသူကဲ့ သို့ မ ကြား။ နှုတ် ကို မ ဖွင့် တတ်သောလူ ကဲ့ သို့ ဖြစ်ပါ၏။

14နားမ ကြား ၊ ပြန် ၍မ ငြင်းနိုင်သော သူ ကဲ့ သို့ဖြစ် ပါ၏။

15အကြောင်း မူကား၊ အိုထာဝရဘုရား ၊ ကိုယ်တော် ကိုအကျွန်ုပ် ကိုးစား ပါ၏။ အကျွန်ုပ် ၏ အရှင် ဘုရား သခင်၊ ကိုယ်တော်သည် ပြန် ပြောတော်မူမည်။

16သို့မဟုတ် ၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက် ကြပါလိမ့်မည်။ အကျွန်ုပ် သည် ခြေ ချော် သောအခါ အကျွန်ုပ် တဘက် ၌ ကိုယ် ကို ချီးမြှောက် ကြပါ လိမ့်မည်ဟု လျှောက် ပါပြီ။

17အကျွန်ုပ် လဲ လု သည်ဖြစ်၍ ၊ ကိုယ် ဆင်းရဲ ခြင်းကို အစဉ် အောက်မေ့ လျက်နေရပါ၏။

18ကိုယ် အပြစ် ကိုဘော် ပြပါ၏။ ပြစ်မှား မိသောကြောင့် စိတ် ပူပန်ခြင်းရှိပါ၏။

19အကျွန်ုပ် ၏ ရန်သူ တို့ကား ၊ ကျန်းမာ လျက် ၊ ခွန်အား ကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ် ကို မ ဟုတ်မှန်ဘဲ မုန်း သောသူတို့ကား၊ များပြား ကြပါ၏။

20အကျွန်ုပ် သည် ကျေးဇူး တရားကို ကြိုးစား၍ ကျင့် သောကြောင့် ၊ ကျေးဇူး အတွက် အပြစ် ပြု တတ်သောသူတို့ သည်အကျွန်ုပ် ကို ရန်ဘက် ပြုကြပါ၏။

21အိုထာဝရဘုရား ၊ အကျွန်ုပ် ကို စွန့်ပစ် တော်မ မူ ပါနှင့်။ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ် နှင့် ဝေးဝေးနေ တော် မ မူပါနှင့်။

22အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား ရှင်၊ အကျွန်ုပ် ကိုမစ ခြင်းငှါ အလျင်အမြန်ကြွလာ တော်မူပါ။

← Psalms 37Read In The App, Free →Psalms 39 →

Study Psalms 38

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150