The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 60

1အိုဘုရားသခင် ၊ ကိုယ်တော်သည် အမျက် ထွက်သဖြင့်၊ အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရပ်ရပ်သို့ ကွဲပြား စေတော်မူပြီ။ တဖန် အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။

2မြေကြီး ကို လှုပ်၍ ခွဲ တော်မူပြီ။ ကွဲအက် ရာတို့ကို တဖန် စေ့စပ် စေတော်မူပါ။ တုန်လှုပ် လျက် ရှိပါသေး၏။

3ကိုယ်တော် ၏လူ တို့ကို ခက်ထန် စွာ စီရင် ၍၊ မှိုင် တွေခြင်း စပျစ်ရည် ကို တိုက် တော်မူပြီ။

4ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် သစ္စာ တရားကြောင့် ထူရသော အလံ ကို ပေး သနားတော်မူပြီ။

5ချစ် တော်မူသောသူတို့ သည် ချမ်းသာ ရမည်အကြောင်း ၊ အကျွန်ုပ် စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့်ကယ်တင် တော်မူပါ။

6သန့်ရှင်း ခြင်းပါရမီတော်ကို တိုင်တည် ၍ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက် မည်။ ရှေခင် မြို့ကို ပိုင်းခြား မည်။ သုကုတ် လယ်ပြင် ကို တိုင်းထွာ မည်။

7ဂိလဒ် ပြည်ကို ငါ ပိုင်ရ၏။ မနာရှေ ပြည်ကို လည်း ငါ ပိုင်ရ၏။ ဧဖရိမ် ပြည်ကား၊ ငါ့ ဦးခေါင်း ၏အစွမ်း ဖြစ်ရ၏။ ယုဒ ပြည်ကား၊ ငါ ၏ လွှတ်တော် ဖြစ်ရ၏။

8မောဘ ပြည်ကား၊ ငါ့ ရေချိုး အိုး ဖြစ်ရ၏။ ဧဒုံ ပြည်ကား၊ ငါ့ ခြေနင်း ရာ ဖြစ်ရ၏။ ဖိလိတ္တိ ပြည်အပေါ် မှာ အောင်သံနှင့် ကြွေးကြော် မည်။

9အားကြီး သော မြို့ ထဲသို့ ငါ့ ကို အဘယ် သူသွင်း ပေးမည်နည်း။ ဧဒုံ ပြည်သို့ ငါ့ ကို အဘယ်သူ လမ်း ပြမည်နည်း။

10အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို စွန့်ပစ် တော်မူသောကိုယ်တော် သည် ပြုတော်မူမည်မဟုတ် လော။ အိုဘုရား သခင်၊ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ် လော။

11ဒုက္ခ နှင့် ကင်းလွတ်စေခြင်းငှါ မစ တော်မူပါ။ လူ တို့သည် ကယ်တင် ခြင်းငှါ မတတ်နိုင်ကြပါ။

12ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။

← Psalms 59Read In The App, Free →Psalms 61 →

Study Psalms 60

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150