The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 76

1ယုဒ ပြည်မှာ ဘုရား သခင်ကို သိ ကြ၏။ ဣသရေလ တိုင်းမှာ နာမတော် သည် ကြီးမြတ် လေ၏။

2ယေရုရှလင် မြို့မှာ တဲ တော်ရှိ ၏။ ဇိအုန် တောင် မှာ ကျိန်းဝပ် လျက် နေတော်မူ၏။

3ထို အရပ်၌ လေး မြှား၊ ဒိုင်း လွှား၊ ထား လက်နက်၊ စစ် အင်္ဂါတို့ကို ချိုး ဖျက်တော်မူပြီ။

4သင် သည် သားရဲ နေသောတောင် တို့ထက် ဘုန်း သာ၍ကြီးမြတ်ပေ၏။

5ရဲရင့် သောသူတို့ သည် လုယူ ခြင်း ကို ခံရ၍ အိပ်ပျော် ကြပြီ။ အားကြီး သော သူ တစုံ တယောက်မျှ မိမိ လက် ကို မ တွေ့ ရ။

6ယာကုပ် အမျိုး၏ ဘုရား သခင်၊ ကိုယ်တော် ဆုံးမ တော်မူသောအားဖြင့် ၊ ရထား စီးသောသူနှင့် မြင်း စီးသောသူတို့ သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော် ကြပါ၏။

7ကိုယ်တော် တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက် ထွက်တော်မူသောအခါ ၊ ရှေ့ တော်၌ အဘယ် သူရပ် နေနိုင်ပါမည်နည်း။

8ဘုရား သခင်သည် နှိမ့်ချ လျက်ရှိသောမြေကြီး သား အပေါင်း တို့ကို ကယ်တင် ၍၊

9တရား ဆုံးဖြတ်ခြင်းငှါ ထ တော်မူသောအခါ ၊ တရား ဆုံးဖြတ်သံ ကို ကောင်းကင် ထဲက လွှတ်တော်မူသဖြင့်၊ မြေကြီး သည် ကြောက် ၍ တိတ်ဆိတ် စွာနေပါ၏။

10အကယ် စင်စစ်လူ တို့၏ ဒေါသ သည် ကိုယ်တော် ကို ချီးမွမ်း လိမ့်မည်။ ကြွင်း သောဒေါသ ကိုလည်း ခါးပန်းစည်း တော်မူမည်။

11သစ္စာ ဂတိပြုကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား သစ္စာဝတ်ကိုလည်း ဖြေ ကြလော့။ ကိုယ်တော်၏ ပတ်လည် ၌နေသောသူအပေါင်း တို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံ တော်သို့ လက်ဆောင် ကို ဆောင် ခဲ့ကြစေ။

12ထိုဘုရားသည် မင်း သားတို့၏ စိတ် ကို နှိမ့်ချ တော်မူ၏။ လောကီ ရှင် ဘုရင်တို့၌ ကြောက်ရွံ ဘွယ် ဖြစ်တော်မူ၏။

← Psalms 75Read In The App, Free →Psalms 77 →

Study Psalms 76

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150